ဒွေးကွယ်လွန်ခြင်း ၁ဝ နှစ်ပြည့်မှာ ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ ‘စိန်းလန်းသောဒွေး’ သစ်ပင်စိုက်ပွဲ နောက်ဆုတ် ခဲ့ရကြောင်း ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ပြော

0
330

MIN_7732ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) က ဒီနှစ် ဒွေး ကွယ်လွန်ခြင်း ၁ဝ နှစ် ပြည့်မှာ “စိန်းလန်းသောဒွေး” ဆိုပြီး သစ်ပင်စိုက်ပွဲ ပြုလုပ်ဖို့ ရည်ရွယ်ခဲ့ တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု ၁ဝနှစ်ပြည့်တဲ့ အချိန်မှာတော့ ဒီရည် မှန်းချက်ကို အကောင်အထည် မဖော်နိုင်ခဲ့ကြောင်းကို ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က အခုလို ပြောပြပါတယ်။

“ဒီကိစ္စက ကျွန်တော် တစ်ယောက်တည်း အင်အားနဲ့ လုပ်ဖို့ဆိုတာ သိပ်မလွယ်ဘူးလေ။ အဲဒီအတွက် ကျွန်တော်တို့ တစ်တိုင်းပြည်လုံး မှာ လုပ်နိုင်မယ့် အင်အားရှိသော လူတစ်ယောက်ကို ကျွန်တော် စဉ်းစားမိတဲ့ အခါမှာ ကိုကျော်သူကို သွားတွေ့တယ်။ ကိုကျော်သူကို ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်ပင်မယ် ဆိုပြီး ဆက် သွယ်မယ်လို့ လုပ်တဲ့အချိန်မှာ ဖြစ်ချင်တော့ ကိုကျော်သူက နိုင်ငံခြား မှာ ဆေး ကုသနေတာ နဲ့ဘာနဲ့ ဖြစ်နေတဲ့ အချိန် နဲ့ကြုံသွားတော့ ကျွန်တော့်ရည်မှန်း ချက် နောက်ဆုတ် သွားတဲ့သဘောပါ။ ဒါပေမဲ့ ကျွန်တော့် ရည်မှန်းချက် ပျက်သွားတာ မဟုတ်ပါ ဘူး။ နောက်ဆုတ် သွားတာပါ။ ကိုကျော်သူအခု ကျန်းမာပြီး ပြန်လာတဲ့အချိန် ဆက်သွယ်ပြီး လုပ် သွားမှာပါ။ ဒီနှစ်မလုပ်ဖြစ် ရင်လည်း နောက်နှစ်မှာ ဒီကိစ္စကို ပြန်ထူ ထောင်ဖြစ်မှာပါ”လို့ “စိန်းလန်းသော ဒွေး” ဆိုပြီး သစ်ပင်စိုက်ပွဲ မပြုလုပ်ဖြစ်ပုံ ကို ဒါရိုက်တာစတီးလ် (ဒွေး မေတ္တာ)က ပြောပြခြင်း ဖြစ်ပါတယ်။ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က ဒွေး ကွယ်လွန် တဲ့ နှစ်က စပြီး နှစ်စဉ်နှစ်တိုင်း ကုသိုလ် ကောင်းမှုများ ပြုလုပ်ပေးခဲ့သူဖြစ် ပါတယ်။ ဒီနှစ် ၁ဝ နှစ်ပြည့်မှာလည်း ဒွေးအတွက် ရည်စူးပြီး ဒါရိုက်တာ ကြည်ဖြူသျှင် ထူထောင်တဲ့ For Brave Dog  ပရဟိတအဖွဲ့မှာ အလှူငွေကျပ် ၅သိန်း၊ အ.ထ.က ဗိုလ်တထောင် ကျောင်းပြုပြင်ဖို့အတွက် အလှူငွေကျပ် ၈ သိန်း၊ မန္တလေးမြို့က  YGW  မိဘမဲ့ ဂေဟာမှာ အလှူငွေကျပ် ၅ သိန်းတို့ကို ကြိုတင် လှူဒါန်းပေးခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့ မှာတော့ ဘုန်းကြီးများ ကို ဆွမ်း၊ သင်္ကန်းများ ဆက်ကပ် လှူဒါန်းပေးသွားမှာ ဖြစ်ကြောင်း ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာက)က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here