ဘဘ(ဒွေး) လိုမျိုး ကိုယ်ရောက်ရှိတဲ့ နေရာမှာ နံပါတ် တစ်ဖြစ်အောင် ကြိုးစားမယ် ဆည်းလည်း

0
261

MIN_4232အကယ်ဒမီ ဒွေးနဲ့ မိုးမိုး တို့ရဲ့ တူမဖြစ်တဲ့ ဆည်းလည်းက အနုပညာကို ဝါသနာ ပါသူ တစ်ဦး ဖြစ်ပါတယ်။ မိုးမိုးက   အခုလက်ရှိ မှာတော့ သားဖြစ်သူ ယံမိုး၊ တူမ လည်းဖြစ်၊ သမီးတစ်ဦး လိုလည်း ဖြစ်နေတဲ့ ဆည်းလည်း တို့နဲ့အတူ စင်ကာပူ နိုင်ငံမှာ   နေထိုင်လျက် ရှိပါတယ်။ အသက် ၁၅နှစ် ရှိပြီဖြစ်တဲ့ ဆည်းလည်းက စင်ကာပူ နိုင်ငံမှာ ငယ်ငယ်လေး ကတည်းက ကျောင်းတက်ခဲ့ သူဖြစ်ပြီး   အခု ဆို ရင်တော့ မြန်မာလို အနေနဲ့ ၈တန်းတက်ရောက်လျက် ရှိပါတယ်။

ပညာရေးပိုင်းမှာရော ထူးချွန်သလို အနုပညာဘက် မှာလည်း   ထူးချွန်တဲ့ ဒွေးလိုမျိုး ကိုယ်ရောက်ရှိတဲ့ နေရာမှာ နံပါတ်တစ်ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ ဆည်းလည်းက “အိမ်မှာ ကြီးကြီးတို့ ဆုံးမတာပဲဖြစ်ဖြစ်၊ စကားပြောတာ ပဲဖြစ်ဖြစ်၊ ဘဘ အကြောင်းပြောတဲ့ အခါ သမီးခေါင်း ထဲမှာ   ရောက်တဲ့အကြောင်း ကတော့ သူက ပညာဘက်မှာ တအား ထူးချွန်ခဲ့တယ်။ သူလုပ်ချင်  တာက အင်ဂျင်နီယာ။ ဒါပေမဲ့ သူလုပ်ချင်တာ တစ်ခု   သူဖြစ်လာ တာကတစ်ခု၊ သူက အင်ဂျင်နီယာဘက်ကို အားသာပေမယ့် သူ မင်းသားဖြစ်လာတဲ့ အခါမှာ သူဖြစ် တဲ့နေရာ မှာ နံပါတ်တစ် ဖြစ်   အောင်လုပ်တာကို၊ သမီးတအား လေးစားပါတယ်။ သမီးက အခုအနုပညာရှင် တစ်ယောက်ဖြစ် ချင်တယ်။ Architect  ဖြစ်ချင်တယ်။   ဒါပေမဲ့ မဖြစ်ခဲ့ရင်လည်း ဘဘလိုပဲ ကိုယ် ရောက်တဲ့နေရာမှာ နံပါတ်တစ် ဖြစ်အောင် လုပ်မယ်လို့ စိတ်ကူးထားပါတယ်” လို့ပြောပါတယ်။

ပရိသတ်တွေ ချစ်ခင်အားပေးမှု ရရှိတဲ့ ဒွေးရဲ့ အနု ပညာကိုလည်း လေးစားမိတယ် လို့ဆိုတဲ့ ဆည်းလည်းက “အပြင်မှာ   သမီးနဲ့ဘဘ နဲ့က တအားတော့ လက်ပွန်း တတီးမနေခဲ့ရပါဘူး။ ဘဘဆုံးသွားတဲ့ အချိန်မှာ သမီးက ငယ်ငယ်လေးပဲ ရှိသေးတယ်။ အပြင်မှာ   ကြီးကြီး တို့ ပြန်ပြောပြတဲ့ အိမ်မှာနေတဲ့ ကာရိုက် တာကျတော့ ဘဘက အေးအေးလေးနေတယ်။ သူ့ရုပ်ရှင်တွေ လည်း သမီးကြည့်ဖူးတဲ့   ဇာတ် ကားလေးတွေရှိတယ်။ သူ့ကိုပေးတဲ့ ကာရိုက်တာ တစ်ခုမှာ ပီပြင်အောင် သရုပ် ဆောင်နိုင်တယ်။ ဒါ သမီးတော့ မလုပ်ဖူး ပါဘူး။ ဒါပေမဲ့   အနုပညာ က မလွယ်ကူဘူး ဆိုတာ သိပါတယ်။ ဘဘဇာတ်ကား ဆိုရင် “ပုဏ္ဏကတိုက်တဲ့ည” ဇာတ်ကားထဲမှာ အိန္ဒြာကျော်ဇင်နဲ့   ရိုက်ထားတာကို ကြိုက်ပါတယ်” လို့ပြောပါတယ်။ ဆည်းလည်း အနုပညာကို ဝါသနာ ပါတဲ့အတွက် အနုပညာလောကထဲ ဝင်ဖို့လည်း   အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here