တေးရေးစောခူဆဲရဲ့သမီး Gabriel Phway ရဲ့ Online EP ထွက်ရှိ

0
426

phway

              Underground ဂီတ ဖျော်ဖြေပွဲတွေမှာ Gabriel ဆိုတဲ့အမည်နဲ့ ပါဝင်သီဆိုခဲ့တဲ့ Gabriel Phway က သူမရဲ့ပထမဆုံး Online EP Album ကို ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။ Myanmar Music Store Online မှ တစ်ဆင့် ဖြန့်ချိခဲ့တဲ့ သူမရဲ့ EP မှာတော့ သီချင်း ၄ ပုဒ်ပါ ဝင်ပြီး Addiction လို့ အမည်ပေးထား ပါတယ်။ စီးရီးခွေအနေနဲ့မထွက်သေးဘဲ အွန်လိုင်းက တစ်ဆင့်ဖြန့် ဖြစ်ပုံကို Gabriel Phwayက…

              “ညီမ ဒီသီချင်းတွေက လုပ်ထားတာလည်း ကြာပြီ။အခွေ တစ်ခွေပြည့်တဲ့အထိ စောင့်ရင် အချိန် လည်း တအားကြာသွားမှာ စိုးတယ်။ ဒါကြောင့် မြန်မြန်ထွက်လို့ရအောင် အွန်လိုင်းကပဲ သီချင်း ပုဒ်ရေနည်းနည်းနဲ့ အရင်ဖြန့်လိုက်တာပါ။ သီချင်း အားလုံးကတော့ ညီမပဲရေးတာပါ။ ဒီ၎ ပုဒ် မှာ အင်္ဂလိပ်လိုချည်းပဲ ဖြစ်သွားတာက ညီမက သီချင်း ရေးတဲ့ အပိုင်းမှာ English လို ရေးရတာ ပိုအား သာတယ်။ အဲဒါကြောင့်ပါ။မြန်မာသီချင်းတွေလည်း ရေးဖို့ရှိပါတယ်။ ဒီEPလေးကတော့ Official အနေနဲ့ ညီမရဲ့ ပထမဆုံးပါပဲ။ကိုယ်ဖန်တီးထား တာလေးတွေကို အများနားထောင်စေချင်လို့ ခုလို ဖြန့်ချိလိုက်တာပါ။ Full Album ထွက်နိုင်ဖို့လည်း ကြိုးစား နေပါတယ်” လို့  သူမကပြောပါတယ်။Gabriel Phway ရဲ့  ထွက်ရှိလာတဲ့ သီချင်း ၄ ပုဒ်က တော့ Jazz ဆန်ဆန်၊ Blues ဆန်ဆန် ဟန်တွေ လွှမ်းနေတာကို တွေ့ ရပါတယ်။ဒီလို ဂီတ အမျိုးအစားကိုနှစ်သက်ပြီး ဖန်တီးခဲ့တဲ့ သူမက..

               “ညီမ က Jazz တို့၊ Blues တို့ကြိုက်တယ်။ ဒါပေမဲ့ ကိုယ် တိုင်တော့ တကယ့်အစစ်ကြီးတွေ မဖန်တီးနိုင်သေး ပါဘူး။ အခုလည်း ဒီလို ပုံစံလုပ်မယ်ဆိုပြီး အတင်း လုပ်ယူထားတာ မဟုတ်ဘူး။ညီမ စိတ်ထဲမှာ ရှိတဲ့အ တိုင်းပဲ လုပ်လိုက် ရေးလိုက်တာပါ” လို့ Gabriel Phway က ပြောပါတယ်။Gabriel Phway ရဲ့ နာမည် အရင်းကတော့ ဖွေးနုမိုးဖြစ်ပြီး နာမည်ကျော်တေးရေးဆရာ စောခူဆဲရဲ့ သမီးလည်း ဖြစ်ပါတယ်။သူမက လက်ရှိမှာတော့ ဆေး ကျောင်းတက်နေသူဖြစ်ပြီး Final Part 1 ကို ရောက် ရှိနေပြီလို့ သိရပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here