မမြဝင်းလို့ အခေါ်ခံရတာက ပျော်နေတဲ့ ပိုင်ဖြိုးသု

0
128

paing

သရုပ်ဆောင် ပိုင်ဖြိုးသုက လတ်တလော ဇာတ် ကား ရိုက်ကူးမှုတွေကို အနည်းငယ်နားထားပြီး ဇူလိုင်လ (၁ဝ) ရက်နေ့ ပြင်ဦးလွင်မှာ ရိုက်ကူးမယ့် ဇာတ်ကားကြီးအတွက် ပြင်ဆင်မှုတွေ  ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့  ဒါရိုက်တာ  ပြည်ဟိန်းသီဟက ရိုမန့်ဆန်ဆန် ရိုက်ကူးမှာဖြစ်ပြီး နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေနားထားတဲ့  အကြောင်းနဲ့ ထူး ခြားတဲ့ ဇာတ်ရုပ်အတွက် ကြိုတင်ပြင်ဆင်မှု အပိုင်းကို မေးမြန်းတော့ …

“ကားရိုက်နားထားတာကတော့ သုသု ကားကြီး မတိုင်ခင် နည်းနည်းအနားယူချင်လို့ပါ။ ဒါပေမဲ့ ကြော် ငြာတွေ၊ ဗီဒီယို ရိုက်ကူးမှုလေးတွေတော့ လုပ်ဖြစ် ပါတယ်။ ကားကြီးက ၁ဝ ရက်နေ့မှ စမှာဆိုတော့ ဒီဇာတ်ကားအတွက် အဝတ်အစားတွေ အဓိက ပြင် ဆင်နေတယ်။ ခေတ် လေးခေတ်ပုံစံလေးရိုက်မှာဆိုတော့ ဘုရင်ခေတ်၊ အင်္ဂလိပ် ခေတ်၊ ဂျပန်ခေတ်နဲ့ အခုခေတ်ပုံစံ တွေကို ဒီဇိုင်နာ မယုံးယုံးနဲ့ သေသေချာချာလေး တိုင်ပင်တယ်။ ဇာတ်လမ်း ပုံစံလေးကတော့ ရိုးမန့်လေး ပိုများပါတယ်” လို့ ပိုင်ဖြိုးသုက  ပြောပါတယ်။

အရင်က ဟာသဇာတ်ကားတွေ ရိုက်ကူးမှု သိပ် မရှိတဲ့ ပိုင်ဖြိုးသုကို ‘ဗိုလ်အောင်ဒင် ချစ်သော မိန်းမများ’ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ပြီးချိန် မှာတော့ မမြဝင်းဆိုပြီး ပရိသတ်တော်တော်များများက ခေါ်ကြ ပါတယ်။ နောက် ပိုင်းမှာလည်း ဟာသဇာတ်ကားတွေကိုပါ လက်ခံ ရိုက်ကူးလာတဲ့ ပိုင်ဖြိုးသုက ဟာသဇာတ်ကား  ရိုက်ကူးရတဲ့အပေါ်  ခံစားချက်ကတော့ …

” အရင်က သုသု ဟာသရိုက်ရတာခက်ခဲတယ်။ ရယ်ရအောင် လည်း သိပ်မလုပ်တတ်ဘူး။ ဗိုလ်အောင်ဒင် ဇာတ်ကားလေး ရိုက်ပြီးတော့ ပရိသတ်တွေက သုကို မမြဝင်း၊ မမြဝင်းလို့ခေါ်ကြ တယ်။ဒါကလည်း သုရဲ့ သရုပ်ဆောင်မှုကို အသိမှတ်ပြုတယ်လို့ ခံယူတယ်။ ဒီလိုခေါ်ရင်လည်း စိတ်ထဲမှာ ပျော်တယ်။ နောက်ထပ် လည်း လှရွှေ နှင့် သူ၏သူငယ်ချင်းများတို့ ၊ မူလီတို့ ဟာသ ဇာတ် ကားတွေမှာ သရုပ်ဆောင်ထားတယ်။ လှရွှေဇာတ်ကားမှာဆိုရင် သုက ရုပ်ဆိုးဆိုး သွားခေါခေါ ၊ မိတ်ကပ်မလိမ်းတဲ့ ကို့ရိုး ကားရားနဲ့ ကောင်မလေးနေရာက ပါတယ်။ နောက်ပိုင်း ဟာသဇာတ်ကားတွေ ရိုက်ကူးရတာကို သုပျော်လာတယ်” လို့ ပိုင်ဖြိုးသုက ပြောပြပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-အောင်ဇော်မင်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here