တစ်ယောက်နဲ့ တစ်ယောက် မပြတ်နိုင်ဘူးဆိုတဲ့ သံယောဇဉ်နဲ့ နားလည်မှု ယူထားတယ် သန္တာဗိုလ်

0
210

Thanda-Bo-(1)

 

သန္တာဗိုလ်နဲ့ ကောင်းပြည့်တို့က ချစ်သူသက်တမ်း ၅ နှစ်ရှိပြီဖြစ်ပြီး အခုနောက်ပိုင်းတစ်ယောက်နဲ့ တစ်ယောက် မပြတ်နိုင်ဘူးဆိုတဲ့ သံယောဇဉ်နဲ့ပဲ နားလည်မှု ယူနေကြောင်း ကို…

” ညီမတို့ရဲ့ အချစ်ရေးကတော့ အေးဆေးပါပဲ။ လက်ထပ်ဖို့တော့ လိုပါသေးတယ်။ တကယ်လို့ အတိအကျ သိရင် ပရိသတ်တွေကို ကြိုတင်အသိပေးသွားမှာပါ။ ညီမတို့ နှစ်ယောက်စလုံးက နှစ်ယောက် ကြိုးစားပြီး အိမ်ထောင် တစ်ခုကို တည် ထောင်နိုင်တဲ့ အချိန်ကျမှ လက်ထပ် ဖြစ်မှာပါ။ ချစ်သူသက်တမ်း ၅ နှစ်ရှိပြီ။ ချစ်သူဘဝဆိုတာ အမြဲတမ်းတော့ အဆင်မပြေ ပါဘူး။ အခု နောက်ပိုင်း တစ် ယောက် နဲ့တစ်ယောက် မပြတ် နိုင် ဘူးဆိုတဲ့ သံယောဇဉ်နဲ့ပဲ နားလည်မှုယူရ တယ်။ တစ် ယောက်နဲ့ တစ်ယောက် သစ္စာ ရှိမယ်ဆိုရင် ဘယ်အရာမဆို တစ်သက်လုံး ချစ်သွားနိုင်မယ်လို့ ထင်တယ်။ ဘယ်အခက်အခဲ မဆိုဖြတ်သန်းနိုင်မယ်လို့ ညီမထင်တယ်” လို့ သန္တာဗိုလ် က ဆိုပါတယ်။

လတ်တလောမှာ သန္တာဗိုလ်က ဇာတ် ကားရိုက်ကူးဖို့ ကမ်းလှမ်းထားတာရှိတယ်လို့သိရပြီး သူမပါဝင်ရိုက်ကူး ထားတဲ့ ရုပ်ရှင် ဇာတ်ကား ၆ ကားမှာ ပထမ ဆုံးရုံတင် ပြသဖြစ်မယ့်ဇာတ်ကားက’အဝေးချစ်’ ရုပ်ရှင် ဇာတ် ကားဖြစ်မယ် ထင်တယ်လို့လည်း ပြောပါတယ်။ပရိသတ်တွေနဲ့ အဆက်မပြတ်ဖို့ အရေးကြီး တဲ့အတွက်   ဗီဒီယို   ဇာတ်ကားတွေ     ရိုက်ကူးနေတဲ့   သရုပ်ဆောင်   သန္တာဗိုလ်က…
” ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ် ကားမို့လို့ လက်ခံရိုက်ကူးဖြစ်တာတော့ မဟုတ်ပါဘူး။ ကိုယ့်ကို အခွင့်အရေးပေးပြီး ကမ်းလှမ်းလာတဲ့ အပေါ်မှာ မူတည်ပြီး ရိုက်ကူးဖြစ်တယ်။ ညီမတို့ အနေနဲ့ ဗီဒီယိုဇာတ် ကားပဲ ဖြစ်ဖြစ် ရတဲ့အနု ပညာကြေး ကတော့ နည်းတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒါ ပရိသတ် တွေနဲ့ အရင်ဆုံးအဆက်မပြတ်ဖို့က အရေး ကြီးတဲ့ အတွက်ကြောင့်မို့ ဗီဒီယိုဇာတ်ကား ထွက်တာ မြန်တော့ ဗီဒီယိုဇာတ်ကားတွေ ပိုရိုက်ကူးချင်တယ်” လို့ ပြောပါတယ်။

 ချယ်ရီ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here