သရုပ်ဆောင်နေမင်းက ပဲခူး မြို့က ရွှေဘုန်းပွင့် မိုးကုတ်ဝိပဿ နာကျောင်းတိုက်မှာ ရိပ်သာ ၇ ရက် ရိပ်သာဝင်ဖြစ်ခဲ့ပါတယ်။ နေမင်းက မင်းသားဖြစ်ပြီးမှ ပဉ္စင်းတစ်ခါမှ မတက်ရသေးတာကြောင့် ရဟန်း ဝတ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဇာတ်ကား ရိုက်ကူးဖို့ ရှိနေတာကြောင့် ရိပ်သာပဲ ဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အသက် ကြီးလာတဲ့အတွက် ဘာသာရေးကို ပိုလုပ်ချင်လာတယ်လို့ဆိုတဲ့ နေမင်း က
“ရှိတဲ့အကုသိုလ်အကြွင်း အကျန်ကင်းချင်တဲ့အတွက် သာ သနာ့ဘောင်ဝင်ချင်တဲ့ သဘောပါပဲ။ အခုနောက်ပိုင်းမှာ နည်းနည်းလေး အသက်ကြီးလာလို့လားမသိဘူး။ ဘာသာရေးဘက်မှာ ပိုပြီးအာရုံရလာ တယ်။ မကောင်းဘူးလို့သတ်မှတ်တဲ့ အရာတွေကိုလည်း လုပ်ချင်စိတ် မရှိတော့ဘူး။ မကောင်းဘူးလို့ သတ် မှတ်တယ်ဆိုတာ ကိုယ့်စိတ်နဲ့ကိုယ် သတ်မှတ်မိတဲ့ မကောင်းခြင်း တရား တွေကို ဖယ်ချင်လာတယ်” လို့ ပြောပါတယ်။
နေမင်းက ဗုဒ္ဓဘာသာကို ရို သေကိုင်းရှိုင်းသူ တစ်ဦးဖြစ်ပြီး အနုပညာအလုပ်တွေနဲ့ မအားလပ် တဲ့ကြားကပဲ ဘာသာရေးကို အမြဲ တမ်းလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
“သေချာတာ တစ်ခုက ကျွန်တော်ပဌာန်းကို ကျွမ်းကျွမ်း ကျင်ကျင်ရွတ်ချင် စိတ်ရှိတယ်။ အလွတ်နီးနီး ရအောင် ကြိုးစား မယ်လို့ မှန်းထား ပါတယ်။ ကျွန်တော် အေးအေးဆေးဆေးနဲ့ ဘာမှ အနှောင် အဖွဲ့မရှိဘဲနဲ့ ဘာအလုပ် မှမရှိပဲ တရားဓမ္မအားထုတ်ချင်တဲ့ ရည်ရွယ် ချက်နဲ့ ရိပ်သာဝင်ဖြစ် တာပါ။ အမှန် တော့ အရင်တုန်း ကတည်းက ဘာသာရေးလုပ်ဖြစ်ပါ တယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် သန့်သန့်ရှင်းရှင်း မရှိခဲ့တာပေါ့။ အခုကတော့ ကိုယ် ကိုယ်တိုင် သန့်သန့်ရှင်းရှင်းရှိပြီး နောက်ပိုင်းမှာ လုပ်တဲ့ဘာသာရေး ပေါ့။ ဘာသာ ရေးကတော့ အရင် တုန်းကလည်း မလွတ်တမ်း လုပ်ခဲ့တယ်။ အမြဲတမ်း လည်း သတိတရနဲ့လုပ်ဖြစ်တယ်။ ဒါပေမဲ့ သန့်သန့်ရှင်းရှင်း ဖြူဖြူ စင်စင်နဲ့ လုပ်တဲ့စိတ်နဲ့ ဟိုအရင် တုန်းက အညစ်အကြေးရှိတဲ့ စိတ်နဲ့ ဘာကွာလဲ သိချင်မိလို့ လုပ်ဖြစ် တာပါ” လို့ ပြောပါတယ်။
နေမင်းက ယောဂီဝတ်နဲ့ တရား ဘာဝနာပွားများရင်း ရွှေဘုန်းပွင့် မိုးကုတ်ဝိပဿနာ ကျောင်းတိုက်မှာ စာသင်ကြားနေတဲ့ကလေးငယ်များ အတွက် ထီး၊ မိုးကာ၊ ဖိနပ်နဲ့ လို အပ်တာများလှူဒါန်းခဲ့ကြောင်း သိရပါတယ်။
ခိုင်ဝေလွင်