အနုပညာရှင် ဖြစ်စေချင်တဲ့ မင်းညီ

0
278

Min-Nyi

သရုပ်ဆောင်မင်းညီက သားနှစ်ယောက်နဲ့ သမီး တစ်ယောက် ပိုင်ဆိုင်ထားပြီး ခင်မင်ရင်းနှီးသူတွေက သူတို့ မိသားစုကို ရထားတွဲကြီးလို့ ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။ သီချင်းဆိုရတာ၊ ဓာတ်ပုံရိုက်ရတာကို ဝါသနာပါကြတဲ့ သားသမီးတွေ အပေါ်မှာ မင်းညီက ….

“ကျွန်တော်ကတော့ ဖြစ်စေချင်တာပေါ့လေ။ ကျွန်တော် သည် တောကြိုအုံကြားကနေ တက်လာပြီးတော့ ဒီလိုမျိုး ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို ဖြစ်အောင် ကြိုးစားတဲ့အခါမှာ အခက်အခဲအများကြီးပဲ ကြုံရတယ်။ အခုဒါရိုက်တာ လုပ်မယ် ဆိုတော့လည်း အခက်အခဲကြုံရတယ်။ သူတို့အလှည့်ကျရင် ဒီလိုမျိုးမကြုံစေချင်ဘူး။ ကိုမင်းညီရဲ့ သားသမီးတွေပဲ။ မျိုးရိုးရှိတယ်၊ တော်ကြတယ်ဆို နေရာပေးမှာပေါ့။ သူတို့ကို ကျွန်တော်ဖြစ်စေချင်တယ်။ အခုထိတော့ သုံးယောက်လုံးက ဝါသနာပါတယ်”လို့ ဆိုပါတယ်။

ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးသွား မယ့် ‘ဒီမိုရပ်ကွက်’ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး မင်းညီက “ကျွန်တော်က ဒီ ဇာတ်ကားကို စိတ်နဲ့ရိုက်ကူးတာ အကြိမ်သုံးဆယ်လောက်ရှိပြီ။ ဇန်နဝါရီလထဲက စပြီးပြင်ဆင်နေတာဆိုတော့ ကြားထဲမှာ ပြဿနာတွေတက်ပြီး ရိုက်မလို ဖြစ်လိုက်၊ မရိုက်မလိုဖြစ်လိုက်၊ ကြားထဲမှာ အခက်အခဲတွေအများကြီးပဲ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ကျွန်တော်က စိတ်ထဲမှာ အကြိမ်ပေါင်းများစွာ ရိုက်ကူးပြီးပါပြီ”လို့ ဆိုပါတယ်။

ထူးရွှေရည်ဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here