ရွှေမော်ဓောဘုရား ငလျင်ဒဏ်ခံရခြင်း နှစ်၁ဝဝပြည့် နဲ့ အနုပညာရှင်တို့ စကားသံ

0
285

Bagoရွှေမော်ဓော ဘုရားသည် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများ အနက် တစ်ဆူ အပါအဝင်ဖြစ်၍ သင်တိုင်း စေတီခေါ် မကိုဋ်စေတီ မျိုးဖြစ်သည်။ ပဲခူးမြို့၏ အရှေ့ပိုင်း ဟင်္သာကုန်း အစုတွင် အနောက်ဘက် ဆုံးကျသော ပဲကူး၊ သုဒဿန၊ မင်းသီတ၊ မရင်သိန္န၊ မဝေါ ဟူ၍ ခေတ်အလိုက် အမည်ပြောင်းခဲ့သော ကုန်းငယ်ပေါ်၌ ရွှေမော်ဓော စေတီ တည်ရှိသည်။ ယခုအခါ၌မူ ထိုကုန်း ကို ရွှေမော်ဓော ကုန်း ဟု အခေါ်များ သည်။ ရွှေမော်ဓော ဘုရားသည် ပဲခူး (မွန်ဘာသာဖြင့် ဗဂေါ)မြို့၏ ကျက် သရေဆောင်၊ ပဲခူးနယ် တစ်ဝိုက်တွင် အထင်ရှားဆုံး သာသနိက အဆောက် အအုံ တစ်ခုဖြစ်သည်။ ထိုဘုရားသည် ပဲခူးတိုင်းတွင်း ဒေသ၏ ဘာသာရေး သက်တမ်း တစ်လျှောက်တွင် အဓိက ကျသော သာသနိကအမွေ အနှစ်ဖြစ် ပေသည်။ ရွှေမော်ဓော ဘုရားသည် ငလျင် လှုပ်သော မြေကြောပေါ် တွင် တည်ခဲ့သဖြင့် ငလျင်ဒဏ်ကို အကြိမ် များစွာခံခဲ့ရသည်။

၁၉၁၇ခုနှစ် ဇူလိုင်လ ၅ရက်နေ့ (၁၂၇၉ ခုနှစ် ဝါဆိုလပြည့်ကျော် ၂ ရက်နေ့) တွင် တစ်ဖန် ငလျင်ကြီးစွာ လှုပ်ပြန်ရာ ရွှေမော်ဓော ဘုရား၏ တတိယဖောင်းရစ်မှ အထက်ပိုင်း သည် အရှေ့အရပ် ရင်ပြင်ပေါ်သို့ ၃၁ ကြိမ်မြောက် ပြိုပျက်ကျခဲ့သည်။ ၁၂၈၅ ခုနှစ်တွင် ပြည်သူပြည်သား ရှင်လူ အများတို့ စုပေါင်းဆောင်ရွက် မှုကြောင့် ဘိုးတော်မင်း တရား၏ စေတီအချိုး အတိုင်း တတိယ ဖောင်းရစ် မှ ပြန် တည်လာပြီးလျှင် ငှက်ပျောဖူးကျမှ လေးတောင်တိုး တည်လိုက်သောကြောင့် ၂ဝ၂ တောင် နှစ် မိုက်မြင့်သော မော်ဓော ရှင်အသစ် အောင်မြင်စွာ တည် ဆောက်ပြီးခဲ့သည်။ ယခုနှစ် ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၃၇၉ ခု ဝါဆိုလပြည့် ကျော် ၂ရက်နေ့) တွင် ရွှေမော်ဓောဘုရားငလျင်ဒဏ်ခံခဲ့ရသည်မှာ နှစ် ၁ဝဝ တိုင်ခဲ့ပြီဖြစ် သည်။ ထို့ကြောင့် ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်တွင် နှစ်စဉ် က ပြလေ့ရှိတဲ့ ဇာတ်အဖွဲ့များ၏ ရွှေ  မော်ဓောဘုရား ငလျင်ဒဏ် ခံခဲ့ရခြင်း နှစ် ၁ဝဝပြည့်အမှတ်တရ စကားသံ များကိုမေးမြန်း ဖော်ပြလိုက်ရပါ သည်။

တင်မောင်ဆန်းမင်းဝင်း     

ပဲခူးဘုရားပွဲကြီးက ကျွန်တော့် တို့အတွက် အားထားရာတစ်ခုပါ။ ရွှေမော်ဓော ဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိ ယပွဲတော်ကြီး ဆိုတာ ဇာတ်မင်းသား တစ်ယောက်ဖြစ်ဖို့ အကဲဖြတ်တဲ့ ပွဲတော်ကြီးတစ်ခုပါ။ ကျွန်တော်ဆို ရင်လည်း အဲဒီပွဲတော်ကြီး ကနေ မင်းသား စဖြစ်လာခဲ့တာပါ။ ပြီးတော့ အခုလက်ရှိ ဇာတ်သဘင်မှာ နာမည် ကျော်မင်းသား တော်တော်များက ပဲခူးဘုရားပွဲကစပြီး လူသိများသွား ကြတာလို့ ပြောရမယ်။  ပဲခူးဘုရား ပွဲကြီးမှာ ဝင်ကနိုင်တယ် ဆိုတာက မလွယ်ဘူးလေ။ ဒီပွဲကြီးမှာ ကနိုင် တယ်ဆိုရင် ကိုယ့်နိုင်ငံမှာ လူသိတဲ့ မင်းသား တစ်ယောက် ဖြစ်သွားပြီ လေ။ ပြီးတော့ အခုနှစ်ဆိုရင် ရွှေ မော်ဓောဘုရားကြီး မြေငလျင် ဒဏ်ထိခဲ့ တာ နှစ် ၁ဝဝ ပြည့်ပြီပေါ့ နော်။ ကျွန်တော်တို့ မြန်မာနိုင်ငံ က သဘာဝ ဘေးအန္တရာယ် ခံရတာ သူ များနိုင်ငံတွေထက်စာရင် နည်း တယ် ပြောရမှာပါ။ နည်းတဲ့ကြားထဲ ကနေ ကျွန်တော်တို့ရဲ့ အထွတ်အမြတ် ထားရာ ရွှေမော်ဓောဘုရားကြီး ငလျင်ဒဏ်ထိတဲ့ အဖြစ် ကြီး ဖြစ် ရတယ်။ အဲဒီတော့ နောက်ထပ် မဖြစ်ဖို့ အတွက် ကျွန်တော်တို့ ဆုတောင်းပါတယ်။ ဒီလို သဘာဝ ဘေးဆိုးမျိုး မဖြစ်စေချင်ဘူး။ ဗုဒ္ဓ ဘာသာဝင် တစ်ယောက် အနေနဲ့ ကော၊ ဇာတ်မင်းသား တစ်ယောက် အနေနဲ့ကော ကျွန်တော်ဆုတောင်း ပါတယ်။

တင်ဇာမိုးဝင်း

ကျွန်မတို့စံပြ သဘင်က ပဲခူး ရွှေမော်ဓောဘုရားပွဲကြီးမှာ နှစ်စဉ် ကပြလေ့ရှိပါတယ်။ ဒါကြောင့် ရွှေမော်ဓော ဘုရားကြီးက ကျွန်မတို့ အတွက် ကျေးဇူးရှင်ဘုရားကြီး ဆို ရင်လည်း မမှားပါဘူး။ ဒါကြောင့် ရွှေမော်ဓောဘုရားကြီး နောက်ထပ် တစ်ခါမြေ ငလျင်ကြောင့် မြေခ တာ မျိုးထပ် မဖြစ်စေချင်ပါဘူး။ မဖြစ် ပါစေနဲ့လို့လည်း ဆုတောင်းပါတယ်။ ရွှေမော်ဓော ဘုရားကြီး ဆိုတာက ရွှေ တိဂုံ စေတီတော်မြတ် ကြီး လိုပဲ မြန်မာနိုင်ငံရဲ့ သမိုင်းတွေ ထဲမှာပါတဲ့ ဘုရားကြီးပါ။ နှစ်၁ဝဝ ဆိုတာ ကလည်း နည်းတဲ့နှစ်မှ မဟုတ်တာ လေ။ ဒါကြောင့် မို့ နောက်ထပ် မဖြစ်ပါစေနဲ့လို့လည်း ဆုတောင်း ပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here