လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ဝတာကို ရိုင်းရိုင်းစိုင်းစိုင်းတွေ အပြောခံရဖူးတယ် ဖွေးဖွေး

0
262

phway

လတ်တလောမှာ ဖွေးဖွေးက ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားထားပြီး အကသင်တန်း တက် ရောက်နေပါတယ်။ဒါ့အပြင် ဒါရိုက်တာဝိုင်း ရိုက်ကူးပုံဖော်မယ့် ကျောက်ဆည်နည်းပညာ တက္ကသိုလ်က ကျောင်းသူလေးရဲ့ ဖြစ်ရပ်မှန်ဇာတ်ကားမှာလည်း ဖွေးဖွေးက ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်ကားလေးကို ရိုက်ကူးရမှာဖြစ်တဲ့အတွက် ပိုပြီးလေးလေးနက်နက်နဲ့ ကြိုးစားသွားမှာဖြစ်ကြောင်းကို ဖွေးဖွေးက “အဲဒီဇာတ်ကားက နောက်ဆုတ်သွားတယ်။အစက ဖွေးတို့ ဇူလိုင်လ ၁ ရက်နေ့ကစပြီး ရိုက်ကူးမလို့၊ ရုပ်ရှင်ဇာတ်ကားရဲ့ အသက်ကဇာတ်ညွှန်းပဲ။ ဇာတ်ညွှန်းကို ကိုဝိုင်းက စိတ်တိုင်းမကျသေးဘူး။ ဇာတ်ညွှန်းထွက်လာမှပဲ ဖွေး Feeling ထည့်တော့မယ်။အခုက ဆုံးသွားတဲ့ကလေးမလေးရဲ့ Facebook ပဲကြည့်ရသေးတယ်။ ကျန်တာ ဖွေး ဘာမှမလေ့လာရသေးဘူး။ တကယ်ရိုက်ကူးဖို့သေချာမှပဲ ဖွေး လေ့လာ တော့မယ်။ အပြင်မှာရှိပြီးသားလူတစ်ယောက် သေဆုံးသွားတဲ့ ဖြစ်ရပ်မှန်ဆိုတော့ ပိုပြီး လေးလေးနက်နက်နဲ့ ကြိုးစားရမှာပေါ့”လို့ ပြောပါတယ်။

ဖွေးဖွေးက ဇာတ်ကားရိုက်ကူး တဲ့အခါမှာ ဝိတ်ချဖို့လိုတဲ့ဇာတ်ကားဆိုရင် ဝိတ်ချလိုက်ပြီး ဝိတ်ချဖို့ မလိုတဲ့ ဇာတ်ကားတွေဆိုရင် ဝတဲ့အတိုင်းပဲ ရိုက်ကူးလိုက်ကြောင်း ပြောပါတယ်။

“ဖွေးက ကာရိုက်တာမှာ ဝိတ်ချရမယ်ဆိုရင် ဖွေးဝိတ်ချလိုက်တယ်။ မလိုဘူးဆိုလည်း ဝတဲ့အတိုင်း ဖွေးရိုက်တယ်။ ဘာလို့လဲဆိုရင်ဖွေးစိတ်ထဲမှာ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဝတာကို ရိုင်းရိုင်းစိုင်းစိုင်းတွေ အပြောခံရဖူးတယ်။ အဲဒီအချိန်မှာ ဖွေးစဉ်းစားလိုက်တယ်။ ငါ ဝတာ တစ်မျိုးပဲရှိတယ်။ ကိုယ့်အလုပ်ကိုလည်း ကိုယ်တာဝန်ကျေတယ်။ ကိုယ့်လိပ်ပြာလည်း ကိုယ်လုံတယ်။ ဒီအချိန်မှာ ဖွေးအရမ်းကြီးဝိတ်ချလိုက်ရင် ကိုယ့်ကိုရိုင်းစိုင်းထားတဲ့လူတွေ အရမ်းစိတ်ဓာတ်တက်သွားမယ်။ ကိုယ့်ကိုအားပေးတဲ့သူတွေ စိတ်ဓာတ်ကျသွားမယ်။ အဲဒီအတွက် ဖွေးဝလည်း အောင်မြင်ပြီး လှလှပပနေနိုင်တယ် ဆိုတာ သက်သေပြချင်လို့ပါ”လို့ ပြောပါတယ်။ နောက်ပိုင်းမှာ အွန်လိုင်းမီဒီယာတွေကို အင်တာဗျူးမဖြေတော့ဘူးလို့ ပြောလာ တဲ့ ဖွေးဖွေးက ဂျာနယ်၊ စာနယ်ဇင်းတွေ မှန်မှန်ကန်ကန်ရေးတဲ့သူတွေကို ပိုတန်ဖိုးထားလာ ကြောင်း ပြောပါတယ်။

“အွန်လိုင်းအကုန်လုံးကို ခြုံပြီးတော့ ပြောတာမဟုတ်ပါဘူး။ တန်ဖိုးထားတဲ့ စိတ်လေးတွေ ကွာ တယ်။ အွန်လိုင်းမီဒီယာအားလုံးကို မဆိုလိုပါဘူး။ ဖွေးကိုအင်တာဗျူးဖူးတဲ့ အွန်လိုင်းမီဒီယာထဲ က တချို့၊ ကိုယ် Like ရဖို့အတွက် မသင့်တော်တဲ့ မေးခွန်းတွေမေးတာမျိုး၊ ကိုယ့် အနုပညာနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပေါင်းကူးတံတားလုပ်ပေးတာ မဟုတ်ဘဲနဲ့ မေးခွန်းတွေကို သေချာ မပြင် ဆင်ထားတာတို့၊ ပြီးပြီးရော ပေါ့ပျက်ပျက်လုပ်တာခံလိုက်ရတယ်။ ဂျာနယ်လစ်တွေ၊ စာနယ်ဇင်းတွေ၊ မှန်မှန်ကန်ကန်ရေးတဲ့သူကို ပိုတန်ဖိုးထားလာတယ်။ အွန်လိုင်းမီဒီယာတချို့ပါ”လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here