မင်းသမီးဖြစ်ရရင် ပြီးရောပုံစံမျိုး မလုပ်ချင်တဲ့ ဆည်းလည်း..

0
244

sl

စင်ကာပူမှာနေထိုင်နေတဲ့ အကယ်ဒမီဒွေးနဲ့ မိုးမိုးတို့ရဲ့ တူမဖြစ်သူ အသက်၁၅နှစ်အရွယ် ဆည်းလည်းက အနုပညာကိုငယ်ငယ်လေး ကတည်း က ဝါသနာ ပါသူဖြစ်ပြီး ကလေးအရွယ် ကတည်းက မင်းသမီးလို အိုက်တင်တွေလည်း လေ့ကျင့်ခဲ့ဖူးတယ် လို့ဆိုပါတယ်။သူ့ရဲ့ဝါသနာနဲ့ပတ်သက်ပြီး ဆည်းလည်း က…

“သမီးက ပညာဘက်မှာကြည့် မယ်ဆိုရင် architect လုပ်ချင် တာပေါ့။ အင်ဂျင်နီယာဘက်ကို အားပိုသန်တယ်။ ဝါသနာ ဘက်မှာဆိုရင်တော့ အနုပညာ ဘက်ကို ဝါသနာပါတယ်။ အနုပညာ ကို ဟိုးငယ်ငယ်လေး သိတတ်တဲ့ အရွယ်ကစပြီး မင်းသမီးလို အိုက်တင် ကျင့်တာတို့ လုပ်ဖြစ်တယ်။ အဲဒီ ငယ်ငယ်တုန်းကတော့ မင်းသမီးလိုမျိုးဖြစ်ချင် တဲ့သဘောနဲ့ပေါ့။ အခုနည်းနည်း လေး ကြီးလာတော့ အနုပညာ နဲ့ပတ်သက်ပြီး ပိုဝါသနာပါ တယ်။ အနုပညာကဘာ ဆိုတာကို ပိုပြီးနားလည် လာပါတယ်။ ရုပ်ရှင် ရိုက်တဲ့ အခါမှာ လည်း မင်း သမီး ဖြစ်ရရင် ပြီးရော တော့မလုပ်ချင် ဘူး။ ရုပ်ရှင်ရိုက် ကူးတဲ့အချိန်မှာ ကာရိုက်တာ ထူးထူးဆန်းဆန်းလေး တစ်ခု လုပ်ချင်တယ်။ ကိုယ့်အပြင်က ကာရိုက်တာနဲ့ လည်းမတူဘဲ နည်းနည်းထူးထူးခြား ခြားဖြစ်မယ့် ဟာကို အတွေ့အကြုံအနေနဲ့ လုပ်ချင်ပါတယ်။ အနုပညာပိုင်းမှာ မရှိသေးတာတွေကို architect လုပ် ပြီး ကိုယ့်ခံစားချက်လေးနဲ့ လုပ်ချင်တယ်။ နောက်ပြီး သီချင်းရေးတာလည်း ဝါသနာပါတယ်။ ဒါပေမဲ့ သီချင်းတော့ တစ်ခါမှမရေးဖူးဘူး။ ကိုယ့်ဘာသာကိုယ် အာရုံ ပေါ်လာတာကိုရေးတာတော့ ရှိတယ်။ ဒါပေမဲ့ သီချင်းတစ်ပုဒ် ဖြစ်အောင်တော့ မရေးတတ်သေး ဘူး။ ဂီတဘက်မှာ ဂီတပညာ တတ်ထားတာတော့ မရှိဘူး။ ဒါပေမဲ့ သမီးရဲ့ အနုပညာစိတ်ခံကကျတော့ ကိုယ်စိတ်ထဲမှာ ခံစားရတာကို ဖွင့် ဟပြောပြချင်တဲ့ သဘောလေးပါ” လို့ပြောပါတယ်။

မြန်မာဇာတ်ကားတွေကိုလည်း ကြည့် ဖြစ်ပြီး မြန်မာအနုပညာရှင် တွေထဲက ဘယ်သူတွေကို ကြိုက်နှစ် သက်လဲလို့ မေးတော့ ဆည်းလည်းက

“အရင်တုန်းကတော့ မြန်မာ ဇာတ်ကားတွေ တအား ကြည့်ချင်တယ်။ အခုတလော တော့မြန်မာဇာတ်ကား တအား မကြည့် ဖြစ်တော့ဘူး။ မင်းသား ကြီးထဲမှာဆို ဦးလူမင်းကို တအားကြိုက်ပါတယ်။ သူက ကာရိုက်တာတစ်ခုခုလုပ်တဲ့ အခါ ဟာသပဲဖြစ်ဖြစ် လုပ်လိုက်တဲ့ အခါမှာလည်း changes ဖြစ်တဲ့ အချိန်မှာ တအားသိသာတယ်။ အိုက်တင်က ရိုးအီမသွားဘူး။ မြင့်မြတ်နဲ့ ဇေရဲထက်ကိုလည်း တအားကြိုက်ပါတယ်။ မင်းသမီး ထဲမှာ ဆိုရင်တော့ အသစ်တွေ ထဲမှာ သွန်းဆက်ကိုကြိုက်ပါ တယ်” လို့ပြောပါတယ်။

အနုပညာကတော့ ဝါသနာ ပါသလောက် လုပ်သွားမှာ ဖြစ်ပြီး စီးပွားရေးတစ်ခုလိုတော့ မလုပ်ချင် ဘဲစီးပွားရေးကိုတော့ ပညာရေးနဲ့ပဲ ရပ်တည်နေထိုင်ဖို့ ကြိုးစားသွား မှာဖြစ် ကြောင်း ဆည်းလည်းက ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here