မိုး နဲ့ပတ်သက်တဲ့ ကိုယ်တိုင်ရေး သီချင်း တစ်ပုဒ်ကို အွန်လိုင်းကနေ ဖြန့်ဦးမယ့် နီနီခင်ဇော်

0
233

Ni-Ni-KHin-Zawနီနီခင်ဇော်က သူမရဲ့ တတိယ စီးရီးခွေ မှာပါမယ့် သီချင်းပုံစံတွေ၊ ပြောင်းလဲမှုတွေကို ပရိသတ် ကို ကြိုပြီး ခံစားကြည့်စေချင်တဲ့ သဘောနဲ့ အွန် လိုင်းမှာ “မူး” ဆိုတဲ့ သီချင်းကို Single Song အနေ နဲ့ တင်ခဲ့ပါတယ်။ တတိယစီးရီးခွေ မထွက်ခင် အမြည်း သဘောမျိုးနဲ့ သီချင်း ၃ပုဒ်လောက်ကို အွန်လိုင်းမှာ တစ်လတစ်ခါ တင်ပေးသွား ပါမယ်လို့ လည်း နီနီခင်ဇော် က ဆိုပါတယ်။   သိပ်မကြာခင် အချိန်အတော အတွင်း မှာလည်း သူမကိုယ်တိုင်ရေး သီချင်း တစ်ပုဒ်ကို တင်သွားဦးမယ်လို့ ဆိုတဲ့ နီနီခင်ဇော်က…

“မိုးနဲ့ ပတ်သက်တဲ့ သီချင်း တစ်ပုဒ်ပေါ့နော်။ “ရက်စက်တယ် မိုး” ဆိုပြီးတော့ သိပ်မကြာခင်ရက် ပိုင်း အတွင်းမှာ ထွက်ပါမယ်။ နီနီ တတိယအယ်လ်ဘမ် အတွက် အမြည်း သဘောမျိုးနဲ့ ၃ပုဒ်လောက် ကို နီနီထွက်သွား ဖို့ရှိပါတယ်။ ပြီး သွားလို့ ရှိရင်တော့ အယ်လ်ဘမ် အပြည့် လာပါမယ်” လို့ ပြောပါတယ်။

ကိုယ်တိုင်ရေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “မူး” သီချင်း အကြောင်းကို မေးဖြစ်တဲ့အခါ…

“ဒါက နီနီကိုယ်တိုင်ရေးတဲ့ သီချင်းလေး ဖြစ်တဲ့အတွက် နီနီ့ ဘဝအတွက် ဒီသီချင်းလေး က ထူးခြားပါတယ်။ နီနီ့သူငယ်ချင်း အကြောင်း ကို ရေးဖွဲ့ထားတာပါ။ အခက်အခဲ သိပ် မရှိဘဲနဲ့ ခဏလေးနဲ့ ရေးပြီးသွားတဲ့သီချင်း လေးပါ။ သူငယ်ချင်း အသည်းကွဲနေ တဲ့ပုံလေးကို မျက်လုံးထဲမှာ စွဲကျန်ရစ်နေ အောင် ရေးထားတာပါ” လို့ သူမကပြော ပါတယ်။

အဆိုပိုင်းမှာ ပါရမီပါတဲ့ နီနီခင်ဇော် တစ်ယောက် သီချင်း တွေလည်း ကိုယ်တိုင် ရေးလာပြီ။ ဒါဟာ သူမရဲ့လေ့လာကြိုးစား အားထုတ်မှုတွေပါပဲ။ သီချင်းရေးတဲ့ အပိုင်း နဲ့ ပတ်သက်ပြီး နီနီခင်ဇော် က…

Instrument  နဲ့ပတ်သက်ပြီးတော့ နီနီ Piano ကိုလေ့လာတယ်။ Piano နဲ့ ပတ်သက်ပြီးတော့ နီနီ Basic  လောက်တော့ တီးတတ် တယ်။ သီချင်းရေးတဲ့ အပိုင်းက လည်း Instrument တွေတီးတတ်မှရယ် မဟုတ်ပါဘူး။ နီနီတို့ နှစ်ပေါင်း များစွာ သီချင်း ဆိုလာတဲ့အခါ ကျတော့ Melody  လေးတွေ၊ Tunes လေးတွေကနားထဲမှာ စွဲနေပြီးတော့ တစ်ခါတလေ ကျလို့ရှိ ရင် အမှတ်တမဲ့နဲ့ ရေးလိုက်တဲ့ သံစဉ် လေးတွေ က ကောင်းနေတတ်တာ လေးတွေ ရှိတတ်ပါတယ်။ ဆက်ပြီး ရေးဖြစ်မှာပါ” လို့ပြောပါတယ်။ တစ်ဖက်က အနုပညာ ပိုင်းမှာ ကြိုး စားသလို တစ်ဖက်မှာလည်း Super Red Cosmetics အတွက် အသစ် အသစ်တွေ ဖန်တီးနေတဲ့ နီနီခင် ဇော် က သြဂုတ်လ ၅ရက်နေ့၊ Junction City မှာ အနုပညာ ရှင်တွေ၊ ပရိသတ်တွေနဲ့အတူ သူမရဲ့ Super Red Product အ သစ်ကို Launch လုပ်သွား ပါမယ်လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here