သားဦးလေး ကိုယ်ဝန်လေးလ ရှိနေပြီဖြစ်တဲ့ သဉ္ဇာနွယ်ဝင်း

0
111

Thinzar-Nwe-Winကိုယ်ဝန်လေးလ ရှိပြီဖြစ်တဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက သားဦးလေး ကိုယ်ဝန် လို့လည်း သိရပြီးလာမယ့် ၁၁ လပိုင်း၊ ၁၂ လပိုင်းမှာ ဝိတိုရိယဆေးရုံမှာ မွေးဖွားမယ်လို့လည်း သိရပါတယ်။ မိခင် တစ်ယောက် ဖြစ်လာမယ့် အချိန်မှာတော့ ကိုယ့်မိဘ အပေါ် မှာထား တဲ့ မေတ္တာတရားကို ပိုပြီး နားလည်လာတယ် ဆိုတဲ့ သဉ္ဇာနွယ်ဝင်းက မိန်းကလေး လိုချင်ပေမယ့် သားဦးလေးဖြစ် သွားတဲ့ အတွက် ပျော် ရွှင်မိ ကြောင်း ပြောပါတယ်။

“ပထမဦးဆုံးတော့ ကိုယ်ဝန်စ ရှိတုန်းက မိန်းကလေးလို ချင်တာ၊ အဖော်ရအောင်ပေါ့၊ သားလေးဖြစ် သွားတယ်ဆိုလည်း ပျော်တယ်။ ကိုယ့်အမျိုးသား အတွက်လည်း အဖော်ရတယ်။ သူလည်း သေချာ သင်ပြပေးလို့ရတယ်။ သမီးဆိုရင် သဉ္ဇာက မိန်း ကလေးတွေ ကြားမှာ ကြီးလာတာ ဆိုတော့ ကိုယ်သင်ပြပေးလို့ ရတယ်။ ယောက်ျားလေး ကျတော့ ဘယ်လိုထိန်းသိမ်း ရမလဲ မသိဘူး။ အမျိုးသားကတော့ သင်ပြ ပေးလို့ ရတာပေါ့” လို့ သားဦးလေးရတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး ပြောပြခဲ့ ပါတယ်။

သားဦးလေး အပေါ်မှာတော့ အများကြီးမျှော်လင့် မထားထား ဘူးဆိုတဲ့ သဉ္ဇာနွယ်ဝင်းက အခု ပိုင် ဆိုင်ထားတဲ့ အိမ်ထောင် ရေးက စိတ်ချမ်းသာပြီး အရမ်း လည်း ကြည်နူးရကြောင်း၊ အရင် ကထက် တာဝန်လည်း ပိုကြီးသွား ကြောင်း ပြောပါတယ်။

“သဉ္ဇာ အိမ်ထောင်ရေးကို သဉ္ဇာစိတ်ချမ်းသာတယ်။ ကိုယ် လည်း ကလေး ရသွားပြီဆိုတော့ အရမ်းလည်း ပျော်တယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် မိသားစုလေး တစ်ခု ဖြစ်သွားတော့ အရမ်းလည်း ကြည်နူး တယ်။ အရင်တုန်း ကတော့ အပျိုဆို တော့ ကိုယ်တာဝန် ကိုယ်ယူနိုင်ရင် ရပြီ။ မိဘကလည်း ကိုယ့်ကို အမြဲတမ်း စောင့်ရှောက်ပေးတယ်။ အခု ကျတော့ အိမ်ထောင် တစ်ခုမှာ ကိုယ်ကိုယ်တိုင် ကလည်း ထိန်းသိမ်းရ မယ့် အပိုင်းမှာ ပါသွားပြီ။ အမေ တစ်ယောက်လည်း ဖြစ်လာပြီဆိုတော့ ကိုယ့်သားသမီး အပေါ်မှာ လုပ်ပေးရမယ့် တာဝန်တွေရော အစစ အရာရာ အရင်ကထက် တာဝန် ပိုကြီးသွားပါတယ်” လို့ပြောပြပါတယ်။

အိမ်ထောင် ကျပြီးတဲ့ အချိန်မှစပြီး အနုပညာ အလုပ်တွေ မလုပ်ဖြစ်တော့တဲ့ သဉ္ဇာနွယ်ဝင်းက အခု လတ်တလော မှာတော့ ကိုယ်ဝန် ရင့်လာရင် ရိုက်ကူးဖို့ ကြော်ငြာတချို့ လက်ခံထားကြောင်း ပြောပါတယ်။

“အခုကိုယ်ဝန် နည်းနည်းရင့်လာရင် ကြော်ငြာ ရိုက်ကူးဖို့ လက်ခံ ထားပါတယ်။ Happy Mommy ဆိုတဲ့ ကလေး Diaper နဲ့ Wip Tissue နဲ့ ကြော်ငြာရိုက်ဖို့ ရှိပါတယ်။ ကလေး မွေးပြီးရင် တစ်ခါရိုက် ကူးမယ်။ အဲဒီလောက်ပဲ။ ဇာတ်ကား ရိုက်တော့ လုပ်ဖြစ်မှာ မဟုတ် တော့ဘူး။ ကြော်ငြာလည်း တစ်ခု၊ နှစ်ခုလောက်ပဲ ရိုက်ကူးဖြစ်မယ်။ အများကြီးတော့ လုပ်ဖြစ်မှာ မဟုတ်ဘူး။ အချိန်လည်း အများကြီး မပေးနိုင်တော့ဘူး” လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here