ဦးပဉ္စင်း ဦးကိတ္ထိသာရ (ဦးကျော်ဟိန်း)၏ ကျန်းမာရေး အခြေအနေကြောင့် မြန်မာနိုင်ငံသို့ ပြန်ကြွဖို့ မဖြစ်နိုင်သေးကြောင်း သိရှိရ

0
181

U-Kyaw-Heain-(1)အခု လက်ရှိ အချိန်မှာတော့ ပြန်ကောင်းသွားပြီ ပေါ့နော်။ လွန်ခဲ့ တဲ့ ၃လ၊ ၄လလောက်တုန်း ကတော့ နေမကောင်း ဘူးပေါ့နော် ။ နှလုံးသွေး ကြောပိတ်လို့ ခွဲစိတ် ကုသထားပါ တယ်။ အဲဒီဖြစ်စဉ်ကိုတော့ အိုခြင်း၊ နာခြင်းရဲ့ အကြောင်းကိုတော့ ပေါ်ပြူလာ ဂျာနယ်မှာ အခန်းဆက် အနေနဲ့ ပါပါလိမ့်မယ်။ ဦးပဉ္စင်းက တော့ တစ်ပါးတည်းပဲ သီတင်းသုံး ပါတယ်။ တစ်ပါးတည်းနေပြီး ဝေယျာ ဝစ္စတွေလည်း သူ့ဘာသာ သူပဲလုပ် တာ။ ဒါပေမဲ့ ကလေးတွေကတော့ နေ့စဉ်လာရတာပေါ့နော်။ အကြီးမ အိမ်ကနေလာရင် ၃မိနစ် လောက် ပဲ မောင်း ရတယ်။ အငယ်မကတော့ ၂၅မိနစ်ပဲမောင်းရတယ်။ သူတို့ တစ် နေ့တစ်ခေါက်တော့ ရောက်ကြတာ ပေါ့နော်။ ဆွမ်းကပ်တာတို့ လုပ်ပေး ရတယ်။ တခြား ကပ္ပိယတော့ မရှိပါဘူး”လို့ သူမက ပြောပါတယ်။

ဦးကျော်ဟိန်းရဲ့ သားဖြစ်သူ ကိုနေဝင်းကလည်း ဦးပဉ္စင်းဦး ကိတ္ထိသာရနဲ့ပတ်သက်ပြီး….

“ဦးပဉ္စင်းကြီးရဲ့ မွေးနေ့မှာ ပရိသတ်တွေ၊ ခင်တဲ့သူတွေကို ပြန်မျှ ဝေချင်တာကတော့ ဦးပဉ္စင်းကြီးက ကျွန်တော့်ကို ဆုံးမခဲ့တဲ့ စကား တစ်ခွန်း ရှိတယ်။ သူတစ်ပါးကို ကူညီ ချင်လို့ရှိရင် ကိုယ်က ကူညီပေးလို့ရ မယ့် နေရာကို ရောက်အောင် လုပ် ရမယ်၊ ကူညီနိုင်တဲ့ အင်အား ရှိ အောင်လုပ်ရမယ်တဲ့။ အဲဒါလေးကို ကျွန်တော် မျှဝေချင်ပါတယ်။ အဲဒါ နားထောင်ပြီး သဘောကျတဲ့ သူတွေ အနေနဲ့ ကိုယ့် အင်အားကို တည် ဆောက်ပြီးတော့ ကူညီကြဖို့ဆိုတဲ့ စကားလေးကို မျှဝေ လုပ်ချင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။ ဦးပဉ္စင်း ဦးကိတ္ထိသာရ ကို ဖူးမြော်ချင်ကြတဲ့ မြန်မာနိုင်ငံက ဒါယကာ၊ ဒါယိကာမ တွေ အတွက် မြန်မာနိုင်ငံကို ပြန်ကြွ ဖို့အစီအစဉ် ရှိမရှိ လည်း ဒေါ်သန်း နွယ်အေး ကို မေးဖြစ်တဲ့အခါ “ဦး ပဉ္စဇင်းရဲ့ ကျန်းမာရေး အခြေအနေ အရ လက်ရှိအချိန်မှာ ပြန်ကြွဖို့ မဖြစ်နိုင် ပါဘူး။ လေယာဉ် က ၇ နာရီ လောက် စီးရမှာဆိုတော့လေ၊ ဆရာ ဝန်တွေကလည်း ခွင့်ပြုမှာ မဟုတ်ပါ ဘူး”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here