ဒီနှစ်မွေးနေ့မှာ ရာထူး ၂ဆင့် တိုးသွားတာ အမှတ်တရ အဖြစ်ဆုံးပါ မိုးယုစံ

0
279

MoeYuSanဇူလိုင်လ ၁၁ ရက်နေ့မှာ ကျ ရောက်တဲ့ မိုးယုစံရဲ့ အသက်၂၆နှစ် ပြည့်မွေးနေ့အလှူ ကိုတော့ ရန်ကုန် သထုံ သုဝဏ္ဏဘူမိခေမာရာမ သီလ ရှင်စာသင်တိုက်မှာ သီလရှင်အပါး ၁ဝ၁ပါးအတွက် နေ့ဆွမ်းကပ် လှူဒါန်း ပြီး သီလရှင်ဝတ်စုံ၊ ရေကန် ရေစက်ချ အလှူ၊ ယော ဆရာတော် ကျောင်းအ တွက် ဝါဆို သင်္ကန်းကပ် နဝကမ္မအလှူ ငွေများ လှူဒါန်းခဲ့ပါ တယ်။ ဒီနှစ်မွေး နေ့က သူ့အတွက် အမှတ်တရ အဖြစ် ဆုံးမွေးနေ့ ဖြစ်ကြောင်းကို မိုးယုစံက

“နှစ်တိုင်း အလှူလုပ်ရင်း ဖြတ် သန်းနေကျမှာ ဒီနှစ်ကတော့ ကိုယ်ဝန် နဲ့ ဖြတ်သန်းရတာ အမှတ်တရပါပဲ။ ဒီနှစ်မွေးနေ့က အမျိုးသားရော၊ ဗိုက် ထဲမှာ သားသားလေးရော ဆိုတော့ ရာထူးနှစ်ဆင့် တိုးတာက အမှတ်တရ အဖြစ်ဆုံးပါပဲ။ ည ၁၂ နာရီအတိမှာ အမျိုးသား က Happy Birthday  သီချင်းဖွင့်ပြီး Birthday Wish လုပ် ပေးတယ်။ လက်ဆောင်လည်းပေး ပါတယ်။ မိုးယုကို ချစ်ခင် ယုယပေးတဲ့ မိုးယုအမျိုးသားနဲ့ မိုးယုကို ကျွေးမွေး စောင့်ရှောက် လမ်းညွှန် ပေးတဲ့ မိဘ နှစ်ပါး၊ မိဘသဖွယ် ချစ်ခင်ပေးတဲ့ ဒုတိယ မိဘနှစ်ပါး၊ We Love Moe Yu San Fan များ ကို မိုးယုကျေးဇူး တင်ပါတယ်” လို့ ပြောပါတယ်။

ကိုယ်ဝန် ၇လ ရှိနေပြီဖြစ်တဲ့ မိုးယုစံက ကိုယ်ဝန်ရင့်လာတာနဲ့ အမျှ အနေအထိုင်၊ အစားအသောက် က အစစအရာရာ ပိုသတိထား လာရ တယ်လို့ ပြောပါတယ်။

“အနေအထိုင်က အစ အရင်က ထက်စာရင် ပိုဂရုစိုက်ရတယ်။ အစား အသောက်ဆိုရင် မိုးယုအစုံ စားပေး တယ်။ ကလေးအတွက် ကိုယ် မကြိုက် တာတွေလည်း စားပေးဖြစ်တယ်။ အဓိက ကတော့ ကလေးကျန်းကျန်း မာမာ၊ လွယ်လွယ် ကူကူ၊ ချောချော မွေ့မွေ့နဲ့ မွေးဖို့ပဲ အရေး ကြီးပါတယ်” လို့ ပြောပါတယ်။

သားဦးလေး ကို သြဂုတ်လထဲမှာ မွေးဖွားတော့မှာ ဖြစ်တဲ့ အတွက် ပိုရင် ခုန်နေတဲ့ မိုးယုစံက သားဦးလေး အ ပေါ်မှာတော့ အရမ်း ကြီး မျှော်လင့်ချက် မထားထားကြောင်း ပြောပါတယ်။

“မွေးဖွားဖို့ လနီးလေလေ ပို ရင်ခုန်လေလေပဲ။ မိဘတိုင်းကတော့ ကိုယ့်သားသမီး အပေါ်မှာ မျှော်လင့် ချက်တွေ အများကြီးပါပဲ။ အခုအချိန် မှာတော့ မိုးယုဘာမှ မျှော်လင့်ချက် မထားထားပါဘူး။ သူ့ကိုကျန်းကျန်း မာမာနဲ့ မွေးဖွားဖို့ပဲ မျှော်လင့်ထား ပါတယ်”လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here