ကိုယ်ချစ်ရတဲ့သူကို ကိုယ့်အပေါ် သစ္စာရှိရှိ ချစ်စေချင်တယ် ဧငြိမ်းဖြူ

0
411

MIN_3215အဆိုတော် X-box ရဲ့ “အိပ်ရေးမပျက်စေနဲ့” သီချင်းကို Cover Dance ကပြရင်း ပရိသတ်တွေရဲ့ လက်ခံ အားပေးမှုကို ရရှိလာသူ ကတော့ သရုပ်ဆောင် ဧငြိမ်းဖြူပဲ ဖြစ်ပါတယ်။ အရင်ကလည်း Cover Dance တွေတင်ခဲ့ဖူးပေမယ့် “အိပ်ရေးမပျက်စေနဲ့” ကြောင့်ပဲ ဧငြိမ်းဖြူ ကို ပရိသတ်တွေ ပိုသိလာတာပါလို့ ဆိုပါတယ်။ မြန်မာအက ကိုရော၊ အနောက်တိုင်း အကပါ သင်ယူထားတဲ့ ဧငြိမ်းဖြူက

“ညီမက ၈နှစ်သမီး အရွယ်လောက် ကတည်းက မြန်မာအကရော၊ အနောက်တိုင်း အကကိုပါ သင်ခဲ့တယ်။ ငယ်ငယ်ကလည်း ကလေး Dancer အဖွဲ့ဖွဲ့ ထားခဲ့တယ်။ အသက်ကြီးလာတော့ မကဖြစ်တော့တာပါ။ ညီမရဲ့ လက်ဦးဆရာတွေ က မြန်မာအကမှာ ဆိုရင် တစ်ခိုင်လုံးရွှေ ဒေါ်အေးအေးမြင့်၊ အနောက်တိုင်း အကဆိုရင့် Uranium မခိုင် လေးတို့၊ ကိုဇေယျာတို့ပါ။ အင်တာနက် မှာတော့ Cover Dancer တွေကို အနောက်တိုင်း အက နဲ့ပဲတင်ဖြစ်တယ်။ ဒါရိုက်တာ ဝိုင်းနဲ့လည်း အကဇာတ်လမ်းလေး ရိုက်ဖို့ရှိတာကြောင့် ဘန်ကောက် မှာ အက သွားသင်မှာပါ။ ဒီဇာတ်ကား တစ်ခုလုံးက အကအကြောင်း အခြေခံပြီး ရိုက်ကူးမယ့် အတွက်ကြောင့်ပါ” လို့ ပြောပြ ပါတယ်။

ဧငြိမ်းဖြူက Contemporary Dance  အကကို ကြိုက် နှစ်သက်ပေမယ့် မြန်မာနိုင်ငံမှာ စနစ်တကျ သင်ပေးနိုင်မယ့်နေရာ မျိုး မရှိသေးဘူး လို့ ဆိုပါတယ်။ နောက်ပိုင်းမှာလည်း သရုပ်ဆောင်ခြင်း အပြင် အကပိုင်းကိုလည်း တစိုက်မတ်မတ် ပြုလုပ် သွားမယ်လို့ ဧငြိမ်းဖြူက ပြောပြပါတယ်။

ဧငြိမ်းဖြူက အချစ်ရေးနဲ့ ပတ်သက်ရင်တော့ နားလည်မှုရှိဖို့ကို အဓိက ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဧငြိမ်းဖြူရဲ့ လတ်တလော အချစ်ရေးကို မေးမြန်းတော့ “ညီမက အချစ်ကို နား လည်မှုရှိဖို့ အဓိကထားတယ်။ သစ္စာရှိရမယ်။ ညီမလည်း သစ္စာရှိမယ်။ သူတစ်ပါးကို သစ္စာမဖောက်ဘူး။ ညီမချစ်ရတဲ့ သူကိုလည်း ညီမ အပေါ်မှာ သစ္စာရှိရှိနဲ့ပဲ ချစ်စေချင်တယ်။ ညီမရဲ့ လတ်တလော အချစ် ရေးကတော့ အေးအေး ဆေးဆေးပါပဲ” လို့ ဧငြိမ်း ဖြူကပြောပြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here