ဇာတ်ပို့၊ ဇာတ်ရံတွေ အကယ်ဒမီ ရရေးဆိုတာ အိပ်မက်လို ဖြစ်သွားပြီ အကယ်ဒမီ ဇော်ဦး

0
337

zawoo

တီဗီချန်နယ်ပြသနေတဲ့ ‘ဆုံစည်းခြင်းမိုးတိမ်များ’ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် ထားတဲ့ ဦးဇော်ဦးနဲ့တွေ့ဆုံခိုက်အဲဒီဇာတ်လမ်းတွဲအကြောင်းကို မေးမြန်းဖြစ်တဲ့အခါ ……

“ကျွန်တော် ကြော်ငြာတာမဟုတ်ဘူးနော်။ ‘ဆုံစည်းခြင်းမိုးတိမ်များ’ဇာတ်လမ်းက အင်မတန်မှ ကောင်းပါတယ်။ လက်ရှိပြသသွားတဲ့ ဇာတ်ကားတွေထဲမှာ အအောင်မြင်ဆုံး၊ လူကြည့်အများဆုံး၊ ပရိသတ်ရင်ကို ဆွဲခါယမ်းနိုင်ဆုံး စီးရီးက အဲဒီစီးရီးပါပဲ။ ကျွန်တော်ပြောတာမယုံပါနဲ့။ ပရိသတ်တွေကို မေးကြည့်ပါ။ ရိုက်ကူးခဲ့ရတာလည်း ၉လနီးပါးလောက်ရိုက်ကူးခဲ့ရပါတယ်။ ထိုင်းဒါရိုက်တာ၊ ထိုင်ွးှနော နဲ့ ရိုက်ကူးခဲ့ရတဲ့အတွက် အင်မတန်မှလည်း ပင်ပန်းခဲ့ပါတယ်။ အင်မတန်မှလည်း ပညာရပါတယ်” လို့ သူကပြောပါတယ်။ ဦးဇော်ဦးတို့အနေနဲ့နောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူး လာရတာများ တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်တဲ့အခါနဲ့ ကွာခြားသွား တဲ့အပိုင်းတွေ ရှိသလားဆိုတာကို လည်း ဆက်လက်မေးဖြစ်တဲ့အခါ..

“ရုပ်ရှင်ရိုက်တယ်ဆိုတာက ဦးဇော်ဦးတို့ လက်ရှိအခြေအနေက ၁၅ဆင်း(န်)ကပုံမှန်ပေါ့။ အခုဆို ၅ဆင်း(န်)၊ ၆ဆင်း(န်)လောက်ပဲရိုက်ရ တော့တယ်။ အကယ်ဒမီကွက်တွေကို မပေးချင်တော့ဘူး။ အထူးသဖြင့် မင်းသားတွေ အကယ်ဒမီရရေးကို ပရိုဂျူဆာတွေကဖန်တီးပေးရတဲ့ အပိုင်း တွေ ဖြစ်နေတယ်။ အဲဒီတော့ ဦးဇော်ဦးတို့က သူတို့ကို ပံ့ပိုးပေးရတဲ့ အပိုင်း တစ်စိတ်တစ်ဒေသလောက်ပဲ ရှိတော့တယ်။ ဦးဇော်ဦးတို့ ဇာတ်ပို့၊ ဇာတ်ရံ တွေ အကယ်ဒမီရရေးဆိုတာ အိပ်မက်လို ဖြစ်သွားပြီ”လို့ ပြောပါတယ်။ အသက်အရွယ်အားဖြင့် ၆ဝနှစ်ထဲဝင်လာပြီဆိုတဲ့ ဦးဇော်ဦးကို သူ့ရဲ့ကျန်း မာရေးအကြောင်းကိုလည်း မေးဖြစ်ခဲ့ပါသေးတယ်။ “ကျန်းမာရေးကို ဂရုစိုက် ထိန်းသိမ်းဖို့ အချိန်မရှိဘူး။ ဘာနဲ့ထိန်းသိမ်းသလဲဆိုတော့ အလုပ်နဲ့ပဲထိန်း သိမ်းနေရတယ်။ ခရီးတွေထွက်နေရတယ်။ အိမ်မှာနေရတဲ့ ၂ရက်၊ ၃ရက်က ကျွန်တော့်အတွက် သုခဘုံပါပဲ”လို့ ဦးဇော်ဦးက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here