ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာ ဦးစိုးသိမ်းထွဋ် (ခ) ရုပ်ရှင်သရုပ်ဆောင် ဆိုးပေရဲ့ နောက်ဆုံးခရီး

0
395

soethein

တစ်ချိန်က မြန်မာ့ရုပ်ရှင်လောကတွင် သရုပ်ဆောင်ဆိုးပေ၊ မောင်မဲဆိုပြီး အတွဲလိုက်ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ လူသိထင်ရှား အောင် မြင်ကျော်ကြားခဲ့သလို နောက်ပိုင်းတွင် ဒါရိုက်တာခင်မောင်ဦး၊ စိုးသိမ်းထွဋ် ဆိုပြီးလည်း အတွဲလိုက်ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးပုံဖော်ဖန် တီးခဲ့ရာ အောင်မြင်ထင်ရှားခဲ့သူဖြစ်သော ဒါရိုက်တာ ဦးစိုးသိမ်းထွဋ် (ခ) ရုပ်ရှင်သရုပ်ဆောင် ဆိုးပေသည် ဇူလိုင်လ၁ဝရက်နေ့က Grand Hantha Informational ဆေးရုံ၌ ကွယ်လွန်ဆုံးပါးသွားခဲ့ကာ ကွယ်လွန်ချိန်တွင် အသက် ၇၁နှစ်ရှိပြီဖြစ်သည်။

မြန်မာ့ရုပ်ရှင်လောကတွင် နာမည်ကြီး လူကြိုက်များသည့် ရုပ်ရှင်ဇာတ် ကားများစွာကို ဖန်တီးပုံဖော်ရိုက်ကူးခဲ့သူ ဒါရိုက်တာဦးစိုသိမ်းထွဋ်သည် ၁၉၉၉ ခုနှစ်တွင် ‘အဖေ့ခြေရာ’ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးဒါရိုက်တာ ထူးချွန်ဆု၊ ၂ဝ၁ဝပြည့်နှစ်တွင် ‘ပင်လယ်ထက်က နေဝန်းနီ’ ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာ ထူးချွန်ဆုဟူ၍ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကိုရရှိခဲ့ သော ထပ်ဆင့်အကယ်ဒမီဆုရှင် ဒါရိုက်တာတစ်ဦးပင်ဖြစ်ပါသည်။သည် နောက်တွင် ဒါရိုက်တာဦးစိုးသိမ်းထွဋ်သည် ယခင်က ၄င်းကိုယ်တိုင်ပုံဖော်ဖန်တီး ရိုက်ကူးခဲ့ပြီး အောင်မြင်မှုရရှိခဲ့သော ‘အမေ့ခြေ ရာ’ဇာတ်ကားကို ခေတ်နှင့်လိုက်လျော်ညီစွာ အနု ပညာပြန်လည် ဆန်းသစ်မှုဖြင့် ‘အနန္တဂုဏ်ဖြာအမေ့ ခြေရာ’ ဇာတ်ကားဆိုပြီး ပြန်လည်ရိုက်ကူးခဲ့ကြောင်း သိရပါသည်။

ယခုကဲ့သို့ မြန်မာ့ရုပ်ရှင်လောကတွင် ထူးခြား ဆန်းသစ်သည့်အတွေးအမြင်များနှင့် ပညာပေးဇာတ် လမ်းဇာတ်အိမ်ခိုင်ခံ့သည့် အနုပညာဖော်ကျူးမှုတို့ဖြင့် အောင်မြင်ထင်ရှားခဲ့သည့် ဒါရိုက်တာ ဦးစိုးသိမ်း ထွဋ်(ခ)ရုပ်ရှင်သရုပ်ဆောင် ဆိုးပေဆိုသော အနုပညာ တစ်ပွင့်ြေ<ွကလွင့်ပျောက်ဆုံးသွားရခြင်းကား လွန်စွာမှ နှမြောတမ်းတ ယူကြုံးမရဖွယ်ဖြစ်စေတာကြောင့် ကျန်ရစ် သူ မိသားစုနှင့်အတူ ပေါ်ပြူလာဂျာနယ်ကလည်း ထပ် တူထပ်မျှဝမ်းနည်းကြေကွဲရပါကြောင်း ဝမ်းနည်းမှတ် တမ်းတင်ဂုဏ်ပြုလိုက်ရပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here