မိသားစုဝင် တစ်ယောက်လို နေသားတကျ နေနိုင်တဲ့ အတွက် ရွေးချယ်ဖြစ်တာပါ ဆိုတဲ့ နန်းမြတ်ဖြိုးသင်း ရဲ့ အချစ်ရေး

0
114

Nan-Myat-Phyo-Thinသရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက အခုလတ် တလောမှာ New Version ရုပ်ရှင်ဇာတ်ကား ကြီးကို မင်းဦး၊ မင်းမော်ကွန်း၊ ညီထွဋ်ခေါင်၊ ရွှေသမီး တို့နဲ့အတူ ပါဝင်ရိုက်ကူးနေပါတယ်။ ဆရာ ဝန် အလုပ်ကို စွန့်လွှတ်ပြီး အနုပညာ အလုပ်ကို စိန်ခေါ်မှုများစွာနဲ့ ကြိုးစားနေတဲ့ အကြောင်းကို နန်းမြတ်ဖြိုးသင်းက အခုလို ပြောပြခဲ့ပါတယ်။

“နန်းမြတ် အနေနဲ့ အနုပညာ အလုပ်ကို လုပ်ရ တာ အရမ်းစိန်ခေါ်မှု များတယ်လို့ ထင်တယ်။ နန်းမြတ်က အထွေထွေ ဆရာဝန်ပဲ ရှိပါသေးတယ်။ ဆရာဝန် အလုပ်လုပ်ဖို့ အကုန်လုံး အဆင်သင့် လုပ် ထားပြီးသား။ ဒါပေမဲ့ ဒီအနုပညာကို ရွေးချယ်ခဲ့ တယ်။ အဲဒီတော့ နန်းမြတ် အနေနဲ့ ပေးဆပ်ရတာ လည်းများတယ်။ မိဘတွေကလည်း ဒီအလုပ်ကို မလုပ်စေချင်ဘူး။ ပေးဆပ်မှု များနေပေမယ့်လည်း ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အရာထင်တဲ့ အတွက် ဝမ်းသာတယ်။ အကယ်၍ တစ်ချိန်ချိန်မှာ အနု ပညာအလုပ်ကို စွန့်လွှတ်ပြီး ဆရာဝန်ပြန်လုပ် ရင်တောင် နန်းမြတ် နောင်တရမယ်လို့ မထင်ဘူး” လို့ဆိုပါတယ်။ နန်းမြတ်ဖြိုးသင်းက ပရိသတ်မေး လာတဲ့ အချစ်ရေးပေါ် မှာ ဖုံးကွယ်ထားတာ မရှိဘဲ ချစ်သူ ရှိနေပြီ ဖြစ်ကြောင်းနဲ့ သူ့ကောင်လေးကို ဘယ်လိုကြောင့် ရွေးချယ်ဖြစ်ကြောင်း ကိုတော့

“နန်းမြတ်မှာ ချစ်သူရှိနေပါပြီ။ အရင်တုန်းက တော့ ဒီအချစ်ရေးကို သိပ်မပြောဖြစ်ပါဘူး။ ပရိ သတ် ကမေးလာတော့ အတင်းကြီး ဖုံးကွယ်မထား ချင်လို့ ပြောပြဖြစ်တာပါ။ အရွယ်ရောက်နေတဲ့ မိန်းကလေး တစ်ယောက် အနေနဲ့ ချစ်သူကတော့ရှိပါတယ်။ အဓိက နန်းမြတ်သူချစ်ကို ပိုပြီး တန်ဖိုးထားတယ်။ ဘာလို့လဲ ဆိုတော့ ကြာလာတာနဲ့ အမြဲ မိန်းကလေးက ပိုချစ်လာတယ် ။ ယောက်ျားလေးတွေ က တော်တော်ချစ်ထားမှ တော်ကာကျမယ် လို့ နန်းမြတ် ထင်တယ်။ ဒါကြောင့် နန်း မြတ်သူ ချစ်ကိုရှာတာပါ။ သူက နန်း မြတ်ရဲ့ မိသားစုဝင်တစ် ယောက်လို နေသားတ ကျနေနိုင်တဲ့ အတွက် ရွေးချယ် ဖြစ်တာပါ” လို့ ပြော ပါတယ်။

နန်းမြတ်ဖြိုး သင်းပါဝင် သရုပ်ဆောင်ထားတဲ့ “ကြောက် ..ကြောက်..ကြောက်” ရုပ်ရှင် ဇာတ်ကားကြီးကို သြဂုတ်လမှာ ရုံတင်ဖို့ရှိပြီး “ရပ်ကျော်ရွာကျော်” ရုပ်ရှင်ဇာတ်ကား ကလည်း ဒီလပိုင်း လောက်မှာ ရုံတင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ နန်းမြတ်ဖြိုးသင်း က ၈လ ပိုင်းရောက်ရင် မိသားစုနဲ့အတူ ဥရောပ ခရီးထွက်ဖို့ရှိကြောင်းလည်း သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here