လူငယ်တို့၏ စွမ်းအားဖြင့် မောင်းနှင်နေသည့် ယနေ့ တရုတ်ပြည်

0
178

tayote

(၁) ယနေ့တရုတ်ပြည်၏ သန့်ရှင်း သပ်ရပ်သော လမ်းမကျယ်ကြီးများ ပေါ်မှာ လှုပ်ရှားသွားလာနေသည့် လူများစွာထဲတွင် သွက်လက်ဖျတ် လတ်နေသော လူငယ်များစွာကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်။ တရုတ်လူငယ်များ၏ ကြိုးစားအား ထုတ်မှုများကို ကမ္ဘာက အသိအမှတ် ပြု လေးစားနေကြရပြီ ဖြစ်သည်။ ယနေ့တရုတ်ပြည်သည် လူငယ် များကိုအရည်အချင်းနှင့်စွမ်း ဆောင် ရည်အပေါ်အခြေတည်ပြီး နေရာ ပေး ဘဝမြှင့်တင်ပံ့ပိုးထားသကဲ့သို့ မျိုးဆက်သစ် လူငယ်များကိုလည်း စဉ်းစားဆုံးဖြတ်ခွင့်၊ လုပ်ပိုင်ခွင့်များ ကို အပြည့်အဝပေးထားသည်။

(၂) တရုတ်ပြည်က လူငယ်များ သည် ဥက္ကဋ္ဌကြီးမော်စီတုံးကို လေး စားအားကျ စံပြုတန်ဖိုးထားသလို ယခုလက်ရှိ သမ္မတ ကြီးရှီကျန့်ဖျင့် ကိုလည်း လေးစားအားကျ စံပြုတန် ဖိုးထားကြသည်။ သမ္မတကြီး ရှီကျန့် ဖျင့်၏ စကားကိုလည်းလေးစားလိုက် နာကျင့်သုံးကြသည်ဟု သိရသည်။ ယနေ့တရုတ်လူငယ်များသည် ကမ္ဘာကြီး၏တိုးတက်ပြောင်းလဲမှုများ ကိုအမြဲမပြတ်လေ့လာကြည့်ရှုနေပြီး အစွမ်းကုန်ကြိုးစားသင်ယူနေကြောင်း၊ ကမ္ဘာကြီးသို့ပြသလျက်ရှိသည်။ ကမ္ဘာ ကြီးကလည်း တရုတ်လူငယ် များ၏ ကြိုးစားအားထုတ်မှုကို တန်ဖိုးထား အသိအမှတ်ပြုနေရပြီဖြစ်သည်။ သည်နေရာတွင် ကျွန်တော့်စိတ် အသိထဲ၌ အလိုဆန္ဒတစ်ခုဖြစ်တည်ရှိ မိခဲ့၏။ ထိုအရာသည်ကား ကျွန်တာ် တို့ မြန်မာနိုင်ငံက လူငယ်များရော မျက်စိဖွင့်၊ နားစွင့်ကာ အရှိန်အဟုန် မြှင့် လေ့လာသင်ယူပြီး အစွမ်းကုန် ကြိုးစားနေကြောင်း ကမ္ဘာကြီးသိ အောင် ပြသင့်ပြီဟု ယုံကြည်မျှော် လင့်မိခြင်းပင် ဖြစ်သည်။

(၃)ကျွန်တော်သည်  All China Journalist Association နှင့် Yunnan Journalist Association တို့ ပူးပေါင်းဖိတ်ခေါ်မှုအရ တရုတ် နိုင်ငံ၊ ကူမင်းမြို့နှင့် ဘေကျင်းမြို့ များသို့ ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၅ ရက်နေ့ထိ မီဒီယာဆိုင်ရာ ပူး ပေါင်းဖလှယ်ရေး အလုပ်ရုံဆွေးနွေး ပွဲ (Workshop For Myanmar Journalist 2017) သို့ တက်ရောက် ဆွေးနွေးခွင့်ရခဲ့သည်။

bay

Workshop for Myanmar Journalist 2017  ၏ အဓိကရည် ရွယ်ချက်မှာ တရုတ်နိုင်ငံမှ အဓိက အကောင်အထည်ဖော်လျက်ရှိသည့် ပိုးလမ်းမစီမံကိန်းတစ်လျှောက်မှာ ပါဝင်သည့်နိုင်ငံများမှ မီဒီယာများ နှင့် တရုတ်မီဒီယာများအကြား သတင်းအချက်အလက်များ မှန်ကန် တိကျစွာ ရရှိရေး၊ ပြည်သူအချင်းချင်း ရင်းနှီးချစ်ကြည်ရေး စသည့်မီဒီယာ ပူးပေါင်းဖလှယ်မှု ပြုလုပ်နိုင်ရေးတို့ ပင်ဖြစ်သည်။

တရုတ်နိုင်ငံ၏ မီဒီယာများ သည်လည်း သမာရိုးကျပုံနှိပ်မီဒီယာ (Old Media)မှ ခေတ်မီနည်းပညာ (New Media) များဖြင့် သတင်းများထုတ်ပြန်လာကြပြီဖြစ်သည်။ ပုံနှိပ် မီဒီယာများ ဝင်ငွေကျဆင်းလာ သောကြောင့် (Old Media )မှ (New Media) သို့ ပူးပေါင်းကူးပြောင်းလာကြ ရပြီဖြစ်သည်။ ‘လူမှုကွန်ရက်မရှိရင် သတင်းထုတ်လွှင့်မှုရှိမှာ မဟုတ်ဘူး’ ဆိုသည့် တရုတ်မီဒီယာများ၏ လက် ကိုင်စကားအတိုင်း တရုတ်နိုင်ငံတွင် We Chat ၊ Weibo အစရှိသည့် လူမှုကွန်ရက်များမှ အချိန်နှင့် တစ်ပြေးညီ သတင်းကြည့်ရှုခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များ ကြည့်ရှု ခြင်း၊ Online ဈေးတက်ခြင်းကို အသုံးပြုလာပြီဖြစ်သည်။

၂ဝ၁၁ခုနှစ်စစ်တမ်းများအရ တရုတ်နိုင်ငံတွင် လူတစ်ဦးသည် တစ်နေ့လျှင် မိနစ် ၂၅ဝ (၄နာရီခန့်) အင်တာနက်အသုံးပြုခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် မိနစ် ၃၆ဝ (၆နာရီနီးပါး) ခန့် အင်တာနက်အသုံးပြုလာပြီဖြစ် သည်။ မြန်မာနိုင်ငံတွင်လည်း အင် တာနက်ပေါ်တွင် အချိန်ကုန်လာသူ လူဦးရေများပြားလာပြီဖြစ်ရာ မဂ္ဂဇင်း၊ ဂျာနယ်အချို့ ရပ်နားသွားကြ ရ ပြီဖြစ်သည်။

t3
“တရုတ်မှာလူငယ်တွေ TV မကြည့်သလောက်ဖြစ်နေပြီ။ ဒါကြောင့်လူငယ်တွေကြည့်တဲ့ အွန် လိုင်းပေါ်မှာ သတင်းတွေ၊ သတင်း ဗီဒီယိုတွေ ပြသလာရတာဖြစ်တယ်။ လူငယ်တွေက ကိန်းဂဏန်း အချက် အလက်ဆိုရင် စိတ်မဝင်စားဘူး။ လူငယ်တွေ စိတ်ဝင်တစားကြည့်ဖြစ် အောင် တီထွင်ရိုက်ကူးပြသလာရ တယ်။ ဥပမာ- သီချင်းနဲ့သတင်း အချက်အလက်တွေကို ထုတ်ပြန် ပေးတာ၊ အစိုးရပေါ်လစီကို သီချင်း ရေးထုတ်လွှင့်တာတွေ လုပ်ရတယ်။ နောက် နေရာမရွေး၊ အချိန်မရွေး သတင်းတွေဖတ်ခွင့်ရ၊ ကြည့်ခွင့်ရဖို့ လိုအပ်တယ်”ဟု School of Television Communication University of China  မှ Professor Famuel Zeng  က တရုတ်လူငယ်များ ၏ စိတ်ဝင်စားမှုနှင့် အစိုးရ၏ပေါ် လစီမူဝါဒလုပ်ဆောင်ပုံအကြောင်း ပြောသည်။

ညိုသစ်ငယ်


LEAVE A REPLY

Please enter your comment!
Please enter your name here