ကြော်ငြာရိုက်ကူး ဖြစ်ပေမယ့် မင်းသမီး လုပ်ဖို့ အစီအစဉ် မရှိသေးတဲ့ ပန်းရောင်ခြယ်

0
179

Pan-Yaung-Chalပန်းရောင်ခြယ်က အခု လတ်တလောကမှာ အဆိုဘက် အပြင် ကြော်ငြာ တွေပါ ဆက်တိုက် ရိုက်ကူး လာတာကို တွေ့ရ ပါတယ်။ ကြော်ငြာတွေ ရိုက်ကူးဖြစ်ပေမယ့် မင်းသမီး လုပ်ဖို့တော့ အစီအစဉ် မရှိပါဘူးလို့ ပြောလာတဲ့ ပန်းရောင်ခြယ် က  ကြော်ငြာတွေ လက်ခံ ရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး..

“ပန်းရောင် ရုပ်ရှင်မင်းသမီး လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ အဓိကက ပန်းရောင် သီချင်းဆိုတာကိုပျော်တယ်။ သရုပ်ဆောင် ကျတော့ တီဗီကြော်ငြာ လေးနဲ့ Music Video လောက်ပဲ သရုပ်ဆောင်လုပ်ဖြစ်တာပါ။ ပန်းရောင်က ပျော်တဲ့အခန်းဆို သရုပ်ဆောင် ရတာပျော် တယ်။ ဆွေးတဲ့အခန်းဆို သရုပ် ဆောင်ရတာ သိပ်မရဘူး။ Music Video က ရုပ်ရှင်တွေလောက် မခက်ခဲတော့ အဲဒီလောက်ပဲ ပန်းရောင်လုပ်နိုင်တယ်”လို့ပြောပါတယ်။

လက်ရှိမှာတော့ NESCAFE ရဲ့ Brand Ambassador တစ်ဦး အဖြစ် ဆောင်ရွက်နေတဲ့ ပန်းရောင်ခြယ်က စာချုပ်၁နှစ် ချုပ်ဆို ထား ကြောင်း ပြောပါတယ်။

“ပန်းရောင်ကို NESCAFE ရဲ့ Brand Ambassador  ပြုလုပ်ဖို့ ကမ်းလှမ်းလာတယ်။ NESCAFE  ဆိုတာကို နိုင်ငံခြားမှာရော၊ ဒီမှာရော ပရိသတ်တွေ အရမ်းများတဲ့ Brand  တစ်ခုဖြစ်တဲ့ အတွက် ဂုဏ်ယူပါ တယ်။ ပျော်လည်းပျော်ပါ တယ်။ သူတို့နဲ့ ပန်းရောင်တစ် နှစ် စာချုပ် ချုပ် ထားပါ တယ်။ အခုဆိုရင် ပန်း ရောင်တို့ ဘန်ကောက်မှာ TV Series ရိုက်ကူး ဖြစ်တယ်။ Webisobes လည်း ရိုက်ကူးထားပါ တယ်။ ရှေ့ဆက် ပြီး တော့လည်း ပန်း ရောင်တို့ အနုပညာ အလုပ်တွေ ပူး ပေါင်းပြီး လုပ်ဖို့ရှိပါ တယ်”လို့ ပြောပါ တယ်။

ပန်းရောင်ရဲ့ပထမဦး ဆုံးတစ်ကိုယ်တော် စီးရီးခွေကိုတော့ ဒီနှစ်ထဲမှာ ထွက်ရှိ ဖို့ပြင် ဆင် နေပြီး အခုလော လောဆယ်မှာတော့ သီချင်း ၄ပုဒ်လောက် ပြီးသွားပြီဖြစ်ကြောင်းလည်း သိရပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here