မြို့ရွှေမန်းသား ဖိုးချစ်မှ မန္တလာ ဒီဂရီကောလိပ်တွင် မြန်မာ့ရိုးရာ အက၊ ဂီတနှင့် ဇာတ်သဘင်များ အကြောင်း ဟောပြော

0
290

 

ttttt

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလာဒီဂရီကောလိပ်၌ မြန်မာနိုင်ငံ ဇာတ်သဘင် အစည်းအရုံးဥက္ကဋ္ဌ မြို့ရွှေမန်းသားဖိုးချစ်၏ မြန်မာ့ ရိုးရာ အက၊ ဂီတနှင့် ဇာတ်သဘင်များအကြောင်း သိကောင်းစရာများ ဟောပြောပွဲကို ဇူလိုင်လ ၁ဝ ရက် နေ့၊ နံနက် ၁ဝနာရီအချိန်တွင်  Theatre  ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဟောပြောပွဲတွင် ဆရာ၊ ဆရာမ များ၊ ဘာသာရပ်နှင့် ဆက်နွှယ်သော ခရီးသွားလုပ်ငန်း အထူးပြုနှင့် မြန်မာစာအထူးပြု ကျောင်းသား၊ ကျောင်း သူများ တက်ရောက်ခဲ့ကြသည်။

tabin

ဟောပြောပွဲတွင် မြို့ရွှေမန်းသား ဖိုးချစ်မှ ဒုတိယနှစ် ခရီးသွားလုပ်ငန်း ပညာ အထူးပြု ကျောင်းသား၊ ကျောင်းသူများ သင် ကြားလျက်ရှိ သော (TM-2106 Myanmar Arts, Music and Theatre Arts) ဘာသာရပ်နှင့် တတိယ နှစ်ဂုဏ်ထူးတန်း မဟာအရည်အချင်းစစ်တန်းများမှ မြန်မာစာအထူးပြု ကျောင်းသား၊ ကျောင်းသူများ သင်ကြားလျက်ရှိသော (မ-၅၂ဝ၂၊ ဂီတစာပေ) ဘာသာ ရပ်များနှင့် စပ်လျဉ်း၍ မြန်မာ့ရိုးရာအက၊ ဂီတနှင့် ဇာတ်သဘင်များအကြောင်း၊ ခေတ်အဆက်ဆက် မြန်မာ့အနုပညာများ ပေါ်ထွန်းလာပုံ၊ မြန်မာ့ဇာတ် သဘင်မှ ဝတ်စားဆင်ယင်မှုများ၊ မြန်မာ့အငြိမ့် ပေါ် ထွန်းလာမှုစသည့်မြန်မာ့ရိုးရာ အနုပညာများအကြောင်း ကို အကအလှများဖြင့် သရုပ်ဖော်ကာ ကျောင်းသား၊ ကျောင်းသူများအား စုံလင်စွာ ဟောပြောပို့ချသည်။ ထို့ နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည် များကို မေးမြန်းခဲ့ကြပြီး မြို့ရွှေမန်းသား ဖိုးချစ်မှ ပြန် လည်ဖြေကြားခဲ့ပါသည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here