လူ ရွှင် တော် များစွာ ပါဝင် တင်ဆက်ကြမယ့် သက်ကြီးလူရွှင်တော်ကြီးများအား ကူညီထောက်ပံ့ရေး ရန်ပုံငွေကပွဲ

0
303

ta

လူရွှင်တော်အသင်း(ရန်ကုန်)မှ ကြီးမှူးကျင်းပတဲ့ (ဒုတိယအကြိမ်)သက်ကြီး လူရွှင်တော်ကြီးများအား ကူညီထောက်ပံ့ရေး ရန်ပုံငွေ ကပွဲကို ဇူလိုင်လ ၂၃ ရက်၊ ည၇နာရီအချိန် ရန်ကုန်မြို့၊အမျိုးသား ဇာတ်ရုံမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဒီကပွဲမှာ တော့ ဒါရိုက်တာမောင်သီ စီစဉ်ပြီး ဇာဂနာ၊အရိုင်း၊ ဗေလုဝ၊ မေတ္တာ၊ ဒိန်းဒေါင်၊ ဧရာ၊ ကျော်ထူး၊ ကင်းကောင်၊ ညောင်ညောင်၊ ငှက်ပျောကြော်၊ ငြိမ်းချမ်း၊ ထက်ထက်၊ ဗေဒါ၊ ဝက်မ၊မိုးတိမ်၊ သီးလေးသီးအဖွဲ့၊ ဖိုက်စတားအဖွဲ့၊ အင်ပါယာအဖွဲ့၊ မေတ္တာရွှေစင်အဖွဲ့၊ New-5 အဖွဲ့၊ ဟားညီနောင်အဖွဲ့၊ အဖေနဲ့ သားများအဖွဲ့၊ လူငယ်စတားအဖွဲ့၊ ခေတ်သစ်ကြေးမုံအဖွဲ့၊ မင်းသမီး-တင်ဇာမိုးဝင်း၊ ဒါလီလင်း၊ နေခြည်ငြိမ်းချမ်းနဲ့ ဆိုင်း-မြန်မာပြည်သား ဗိုလ်ဗိုလ်ဆင့်တို့က ပါဝင်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပါတယ်။ “သီးလေးသီးအဖွဲ့က ရုပ်သေးအက ကပြမယ်။ သူတို့က ရုပ်သေးရုပ်လိုမျိုး ကပြကြမယ်။

မေတ္တာရွှေစင်အဖွဲ့က တေးသရုပ်ဖော် ဖျော်ဖြေရေးကပြမယ်။ ကိုဒိန်းဒေါင်ကျတော့ ဟာသပြဇာတ် ကပြမယ်။ပြီးတော့ လူရွှင်တော်သံချပ်လေး တွေလည်း ထိုးကြမယ်။ ဖိုက်စတား အငြိမ့်ခန်းမှာကျတော့ ခေါင်းဆောင် မင်းသမီးက တင်ဇာမိုးဝင်း၊ ရှေ့ထွက် မင်းသမီးက နေခြည်ငြိမ်းချမ်းတို့ ကပြကြ မယ်။ နောက်ထပ် ဖျော်ဖြေရေးကဏ္ဍတွေအများကြီးနဲ့ တင်ဆက်သွားကြမှာ ပါ။ မနှစ်ကပွဲနဲ့ မတူတဲ့ တင်ဆက်မှုမျိုးတွေကို ပရိသတ်တွေ မြင်တွေ့ရမှာပါ” လို့ လူရွှင်တော်အဖွဲ့မှ ဦးရေချမ်းက ပွဲနှင့်ပတ်သက်ပြီး ပြောပြပါတယ်။

လက်မှတ်ဈေးနှုန်းတွေကတော့ ကျပ် ၁၅ဝဝဝ၊ ကျပ် ၁ဝဝဝဝ၊ ကျပ် ၅ဝဝဝ ဖြစ် ကြောင်းသိရပါတယ်။ ဒီပွဲမှရရှိငွေများကို သက်ကြီးလူရွှင်တော်ကြီးများအတွက် ကူညီထောက်ပံ့သွားမှာဖြစ်သလို လူရွှင်တော်သက်ကြီး ပူဇော်ပွဲအား စက်တင်ဘာလ ၉ရက်နေ့မှာ ပြုလုပ်သွားမမယ်လို့သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here