မြန်မာ့ဇာတ်သဘင်ကို ပြန်လည် တိုးတက်စေချင်ရင် နှစ်ပါးသွားကို တိတိကျကျ စနစ်လေးနဲ့ လုပ်ပေးပါ သဘင်ပညာရှင် ဦးအောင်တင်ဝင်း

0
223

U-Aung-Tin-Win

မြန်မာ့ဇာတ်သဘင်မှာ ‘နှစ်ပါးသွား”ကဏ္ဍဟာ ပြန်လည်ဖော်ထုတ်သင့်နေတာကြာပြီဖြစ်ပြီး ဇာတ်သဘင် ကဏ္ဍ မှေးမှိန်ခဲ့တာဟာ ‘နှစ်ပါးသွား’ကဏ္ဍကျဆင်းမှေးမှိန်ခဲ့လို့ပဲဖြစ်ကြောင်း မင်းသားကြီး စိန်အောင်မင်း မျိုးဆက်တစ်ဦးဖြစ်တဲ့ သဘင်ပညာရှင် ဦးအောင်တင်ဝင်းကပြောပြပါတယ်။

“နှစ်ပါးသွားကတာ ကောင်းနေတယ်။ နှစ်ပါးသွားကို နိုင်နိုင်နင်းနင်း စည်းနဲ့ကမ်းနဲ့ကပြတတ်တယ်ဆို ရင် သူကပြမယ့်နောက်မှာ ဇာတ်ထုပ်ကြီးက သူ့ဘာသာသူ ရှင်းသွားလိမ့်မယ်။ အခုက ဘယ်လိုဖြစ်လဲဆိုတော့ နှစ်ပါးသွားက မှေးမှိန်နေတယ်။ နှစ်ပါးသွားမှေးမှိန်ခဲ့တဲ့အတွက် နောက်ပိုင်းဇာတ်တော်ကြီးတောင် မရှိတော့ဘူး။ ဒါကြောင့် မြန်မာ့ဇာတ်သဘင်ကို ပြန်လည်တိုးတက်စေချင်ရင်နှစ်ပါးသွားကဏ္ဍကို တိတိ ကျကျစနစ်လေးနဲ့ လုပ်ပေးပါ။ နှစ်ပါးသွားကလည်း ကချင်တိုင်း ကလို့မရပါဘူး ။ သူ့စည်ကမ်းနဲ့သူ ရှိပါတယ်။ ဥပမာပြောရရင် ‘ဟောခြေတော်သံကြားတယ်” တို့ ‘အပါးခစားကြပါစို့ဆိုတဲ့ ‘ လူရွှင်တော်တွေ ပြောတဲ့စကားရဲ့ အဓိပ္ပာယ်က သူတို့က ရှေ့ကလမ်းရှင်းလာတဲ့သူတွေ၊ နောက်ကလိုက်လာတာက သူ့သခင်နှစ်ပါးတဲ့။ အဲဒါကြောင့်မို’့နှစ်ပါးသွား’ဟာ သိပ်စည်းကမ်းကြီးတယ်။ စနစ်ရှိတယ်ဆိုပြီး ကျွန်တော်တို့ ဆရာတွေက အဲဒီလိုပြောကြတယ်။ ဒါကြောင့် ‘နှစ်ပါးသွား’ကို ပြည့်ပြည့်စုံစုံနဲ့ ပြန်လည်ဖော်ထုတ်နိုင်ရင် မြန်မာ့သဘင်ဟာ တစ်ဖန်ပြန်တင့် တယ်လာပါလိမ့်မယ်” လို့ သဘင်ပညာရှင်ဦးအောင်တင်ဝင်းက ပြောပြပါတယ်။ ဦးအောင် တင်ဝင်းက သဘင်ပညာရှင်တစ်ဦးလည်းဖြစ်သလို သဘင်အစည်းအရုံး (ဗဟို)ရဲ့ အတွင်းရေးမှူးတစ်ဦး အနေနဲ့လည်း ယခင်က တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here