၉ပေ အမြင့်ရှိ ဗိုလ်ချုပ် ရုပ်တုတွေကို တစ်နှစ်လျှင် ၁ဝရုပ်နဲ့ ၁၅ ရုပ်ကြား အတွင်းသာ ထုလုပ်သွားမည့် ကိုအောင်ကျော်ထွန်း

0
368

AKTပန်းပုပညာရှင် ကိုအောင် ကျော်ထွန်းက မြန်မာပြည်အနှံ့က လာရောက် အပ်နှံကြတဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ၈ ဦးရုပ် တုတွေ ကို ထုလုပ်ပြီးစီးခဲ့ပြီ ဖြစ်ကာ ရုပ်တုတွေကိုတော့ ဇူလိုင်လ ၁၉ရက် နေ့ အာဇာနည်နေ့မှာ ရုပ်ထုဖွင့် ပွဲများ ပြုလုပ် သွားကြ မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်နဲ့ အာဇာနည် ကြီးတွေရဲ့ ရုပ်တုတွေကို ထုလုပ်ဖို့  အလုပ်လက်ခံတဲ့ အခါမှာတော့ ပုံမှန် အနုပညာကြေး ထက် လျှော့ယူပြီး လက်ခံတာ မျိုးတွေလည်း ရှိကာ လာအပ်တဲ့ မြို့ရဲ့ အနေအထားနဲ့ အခက်အခဲကို မူတည် ပြီး ညှိုနှိုင်းကာ လုပ်ဆောင်ပေးလေ့ ရှိပါကြောင်း သူကပြောပါတယ်။ အခုလက်ရှိ အချိန် အထိ ဗိုလ်ချုပ်ပုံတူရုပ်တု ပေါင်း ၂ဝကျော် ထုလုပ် ပြီးစီးခဲ့ပြီ ဖြစ်ကာ တစ်နှစ်မှာ ၉ပေအမြင့် ရုပ်တုပေါင်း ၁ဝရုပ်၊ ၁၅ရုပ်လောက် အထိပဲထုလုပ်မှာဖြစ်ပြီး အဲဒီအရေ အတွက်ထက် ပိုပြီး ထုလုပ်ဖို့ အတွက် ကတော့ သိပ်မဖြစ်နိုင်ကြောင်းလည်း ပြောပြပါတယ်။

“မဖြစ်ဘူး ဆိုတာက ကွာလတီပိုင်း ကလျော့သွား မှာကြောင့်လည်း ပါတယ်။ ကျွန်တော့် အနေနဲ့ ဗိုလ်ချုပ် ပုံတူတွေကို အ ကောင်းဆုံး ဖန်တီး နိုင်တဲ့ အချိန်မှာ ဗိုလ်ချုပ် ရဲ့ရုပ်တု တွေကို ထုလုပ်ခွင့်တဲ့ ခေတ်နဲ့ သွားပြီးတော့ တိုက်ဆိုင် နေခြင်းက ဗိုလ်ချုပ်နဲ့ ကျွန်တော်တို့  တိုင်းပြည အတွက် ကုသိုလ်ကံလေး တစ်ခုပါပဲ” လို့ ကိုအောင်ကျော်ထွန်း က ပြောပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့နဲ့ ကွယ်လွန်တဲ့နေ့တွေ မှာ အမှတ်တရအနေနဲ့ ၃ လက်မ အရွယ် ဗိုလ်ချုပ် ရုပ်တုတွေကို မဲဖောက် ကာ လက်ဆောင်ပေးလေ့ ရှိတဲ့ အ တွက် လာမယ့် ဇူလိုင်၁၉ရက် နေ့ မှာလည်း ဗိုလ်ချုပ် ရုပ်တုလေး များကို မဲဖောက် ကာ လက်ဆောင်ပေး သွား ဦးမှာဖြစ် တယ်လို့ သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here