ဦးကျော်သူ နှင့် သုခမိန် ရုပ်ရှင် ထုတ်လုပ်ရေး မှ ဦးကျော်(စိတ်ပညာ) တို့ ငဘရုပ်ရှင် ပြသရန် အတွက် တောင်ကိုရီးယား နိုင်ငံသို့ သွားရောက်မည်

0
227

 တောင်သူလယ်သမားတွေ ရဲ့ ဘဝကို ထင်ဟပ်ပြသ ရိုက်ကူးထားတဲ့ ငဘ ရုပ်ရှင် ဇာတ်ကားကြီး ကို တောင်ကိုရီးယား နိုင်ငံ မှာသွား ရောက်ပြသဖို့ ရွေးချယ်ခံ လိုက်ရ ကြောင်း သိရပါတယ်။ ဒီ အကြောင်း နဲ့ ပတ်သက်ပြီး ငဘရုပ်ရှင်ကို ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ သုခမိန် ရုပ်ရှင် ထုတ်လုပ်ရေးက စီစဉ်သူ ဦးကျော် (စိတ်ပညာ) ကိုမေးမြန်း ဖြစ်တဲ့အခါမှာ…

“ဒီလိုပါ။ အစ်ကိုတို့ ငဘရုပ်ရှင်က ကြော်ငြာ လေး တွေတင် ထားတာရှိ တယ်။ အဲဒါကို သူတို့က Youtube မှာတွေ့တယ် ။ သူတို့စိတ် ဝင်စား တယ်ဆိုပြီးတော့ ကမ်းလှမ်းတယ်။ သြဂုတ်လ ၁၅ ရက်နေ့က တောင်ကို ရီးယား သမ္မတနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ပေါ့။ အဲဒီမှာ ရုပ်ရှင်ပွဲတော် လုပ်တဲ့ အခါမှာ နိုင်ငံတကာ ရုပ်ရှင်တွေလည်း ပါတာပေါ့လေ။ အဲဒီမှာ ငဘကိုလည်း ပြသခွင့် ပေးပါလို့ ခွင့်တောင်း တာပေါ့လေ။ ကျွန်တော် တို့က ခွင့်ပေး လိုက်တာပေါ့။ သူတို့ဆီမှာ  ပွဲတော်က ၁၂ရက်နေ့ကနေ ၁၅ရက်နေ့ အထိလုပ်မှာ။ အဲဒီ ပွဲတော်ရက်အတွင်းမှာ တခြားနိုင်ငံက ဇာတ်ကားတွေလည်းပြမယ်။ ကျွန်တော် တို့ ဇာတ်ကား လည်းပြမယ်။ အဓိကကတော့ ထုတ်လုပ်သူ ကျွန် တော်နဲ့ မင်းသား ဦးကျော်သူပေါ့။ ကျွန်တော်တို့ ၂ယောက် သွားကြမှာပေါ့”လို့ ပြောပြပါတယ်။

ငဘ ရုပ်ရှင် ဇာတ်ကားကြီးကို ဒါရိုက်တာ ခင်စောမျိုးက ရိုက်ကူးပြီး ကျော်သူ၊ ကျော်ရဲအောင်၊ မင်းဦး၊ နေမျိုးအောင်၊ ဇော်ဦး၊ မိုးယံဇွန်၊ စိုးမြတ် သူဇာ၊ အေးမြတ်သူတို့က အဓိက သရုပ်ဆောင် ထားကြတာ ဖြစ်ပါတယ်။ အခုလို တောင်ကိုရီး ယားနိုင်ငံမှာ သွားရောက်ပြသဖို့ အရွေးချယ်ခံရတဲ့ အပေါ် ထုတ်လုပ် သူတစ်ယောက်ရဲ့ ပီတိက …

“ကိုရီးယားနိုင်ငံမှာက လူငယ် ဒါရိုက်တာ တွေကရော၊ ထုတ်လုပ်သူတွေ ကရော များသောအားဖြင့် လူကြိုက်များတဲ့ ပေါ်ပင်ဖြစ်တဲ့ အချစ် ကားတွေ လောက်ပဲရိုက်တာများတယ်။ အခုလို ကားမျိုးတွေရိုက်တာ သူတို့ဆီမှာ နည်း လာတယ်။ ဒီလိုမျိုး အကုန်အကျ ခံပြီးတော့ ကိုယ့်နိုင်ငံ အတွက် သမိုင်းကြောင်း ကား တွေကို ရိုက်လာတာ ကို သူတို့က လည်း လေးစားတယ်။ ဒါကြောင့် ဒီကားကိုပြချင်တယ်လို့ ဆက်သွယ်လာတဲ့ အခါမှာအစ်ကိုတို့ကိုအသိ အမှတ် ပြုတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဝမ်းသာကျေနပ်မိပါတယ်” လို့ ဦးကျော် (စိတ်ပညာ)ကပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here