မြန်မာကျောင်းသား အယောက် ၂ဝဦး ကို မလေးရှားနိုင်ငံရှာမင်(XMUM) တက္ကသိုလ်က ရာနှုန်းပြည့် ပညာသင်စရိတ် ထောက်ပံ့ပေးမည်

0
275

m

အခြေခံပညာအထက်တန်း စာမေးပွဲမှာ ထူးချွန်စွာ အောင်မြင် ခဲ့ကြတဲ့ မြန်မာကျောင်းသား အယောက် ၂ဝ ဦးကို မလေးရှားနိုင်ငံ ရှာမင် (XMUM) တက္ကသိုလ်က ရာနှုန်းပြည့် ပညာသင်စရိတ် ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ဇူလိုင်လ ၁၁ ရက်နေ့က မန္တလေးမြို့၊ Sedona Hotel မှာ ကျင်းပပြုလုပ်တဲ့ ရှာမင်(XMUM) တက္ကသိုလ်ရဲ့ ပညာ သင်စရိတ် ထောက်ပံ့ခြင်း အစီအစဉ် စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနား မှ သိရှိရပါတယ်။

“ရှာမင်(XMUM)တက္ကသိုလ်၊ မလေးရှားဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံ ရပ်ခြားမှာ ပထမဆုံးဖွင့်လှစ်ထားတဲ့ တက္ကသိုလ်ခွဲတစ်ခု ဖြစ်ပါတယ်။ အာရှမှာ အဆင့် ၃၇၊ ၂ဝ၁၆ 2016 Best Global Universities Ranking တွင် အဆင့်၂၇၅အဆင့် ရရှိထားတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ အခြေခံပညာ အထက်တန်း စာမေးပွဲမှာ ဘာသာစုံ ပျမ်းမျှအမှတ် ၈ဝ% ရရှိထားတဲ့ ကျောင်းသားများကို ပညာသင်ဆု ကြေး၈ဝ% ချီးမြှင့်ပါမယ်။ ပထမ ဦးဆုံးလာရောက် လျှောက်ထားသူ ကျောင်းသားအယောက်၂ဝ ကို ရာ နှုန်းပြည့် ပညာသင်စရိတ် ထောက်ပံ့ ပေးသွားပါမယ်။ ဒါ့အပြင် အခြေခံ ပညာအထက်တန်း စာမေးပွဲမှာ ဘာသာစုံပျမ်းမျှ အမှတ်၇ဝ% ရရှိတဲ့ ကျောင်းသားများကို ပညာသင်ဆု ကြေး ၅ဝ%၊ ဘာသာစုံပျမ်းမျှအမှတ် ၆ဝ% ရရှိတဲ့ ကျောင်းသားများကို ပညာသင်ဆုကြေး ၃ဝ% ချီးမြှင့် ထောက်ပံ့ပေးသွားပါမယ်” လို့ ရှာမင်(XMUM) တက္ကသိုလ်၊ မလေး ရှားရဲ့ ဥက္ကဋ္ဌဖြစ်သူ ပါမောက္ခ ဝမ်ရူဖန်က ပြောကြားပါတယ်။

“ရှာမင် တက္ကသိုလ်အနေနဲ့ ဒေသတွင်းရှိ ထူးချွန်ထက်မြက်ပြီး နိုင်ငံတကာအတွေးအမြင်ရှိတဲ့ ကျောင်းသားများကို ပြုစုပျိုးထောင် လိုပါတယ်။ ထူးချွန်တဲ့ မြန်မာ ကျောင်းသားများကို တန်ဖိုးရှိတဲ့ စကောလားရှစ်များစွာ ချီးမြှင့်နေ ပါပြီ။ ရှာမင်တက္ကသိုလ်ရဲ့ ကျောင်း သား များဟာ တရုတ်အနှစ်သာရများ နဲ့ နိုင်ငံတကာပညာရေးကို ကောင်း မွန် ပြည့်စုံအောင် ရောယှက်ထားမှုကို အင်္ဂလိပ်ဘာသာနဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ နဲ့ အာဆီယံနိုင်ငံများအကြား စီးပွား ရေး၊ ယဉ်ကျေးမှုနဲ့ နည်းပညာ ဖလှယ်မှုများမှာလည်း ပါဝင် ဆောင် ရွက်နိုင်မှာဖြစ်ပါတယ်”လို့ ၄င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။

၂ဝ၁၆ ပညာသင်နှစ် ရှာမင် (XMUM) မလေးရှား တက္ကသိုလ်မှာ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကျောင်း သား၊ကျောင်းသူ ၁၉ဝဝကျော် ပညာ သင်ကြားနေပြီး၊ ဘာသာစကား၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာ၊ သတင်းမီဒီယာ၊ တရုတ်တိုင်းရင်း ဆေးပညာစတဲ့ ဒီဂရီ ဘာသာရပ် ၁၃ ခုတို့ကိုသင်ကြားပို့ချလျက်ရှိကြောင်းသိရှိရပြီးပညာသင်စရိတ်ချီးမြှင့်ခြင်းအစီအစဉ်များကိုအသေးစိတ်သိရှိလိုပါက www.xmu.edu.my မှာ ဝင်ရောက်လေ့လာနိုင် ကြောင်း သိရှိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here