မိန်းမလျာဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ကျော်ကျော် ရဲ့ အခက်အခဲ

0
168

Kyaw-Kyawသရုပ်ဆောင်ကျော်ကျော်က မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်း အမှတ် အဖြစ် ကျင်းပတဲ့ အမျိုးသမီးများရေးရာ ပွဲမှာ မိန်းမ လျာတစ်ဦး အဖြစ် ဟာသပြဇာတ်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မိန်းမလျာ ကာရိုက်တာ လုပ်လေ့ လုပ်ထ မရှိတာကြောင့် မိန်းမလျာ အဖြစ် သရုပ်ဆောင်ရတဲ့ အခါ အခက်အခဲနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့တာက…

“မိန်းမလျာ ပုံစံက ကိုယ်လုပ်နေကျမဟုတ်တော့ နည်းနည်း တော့ ကျဉ်းကြပ်မှုတွေ ရှိတယ်။ မျက်တောင် အတုတွေ တပ်ပြီး အလှတွေပြင်လိုက်တော့ မနေတတ် မထိုင်တတ် ဖြစ်သွားတယ်။ မိန်းမလျာ ပုံစံ ဆိုလို့ ပိုးအိစံရဲ့ “ရှင်ငရဲကြီးလိမ့်မယ်”  MTV တစ်ပုဒ်ပဲ လုပ်ဖူးတယ်။ အမျိုးသမီးရေးရာ ပွဲမှာ ဒုတိယ အကြိမ် မိန်းမလျာ ပုံစံ လုပ်ဖြစ်တာပါ။ မိန်းမလျာ ကာရိုက်တာနဲ့ နောက်ဇာတ်ကား ရိုက်ကူးဖို့ ကမ်းလှမ်း လာရင်လည်း ဇာတ်လမ်း ဇာတ်ကွက် ကောင်းမွန်တယ် ဆိုရင်တော့ ရိုက် ကူးဖြစ်မှာပါ။ မိန်းမလျာ ဇာတ်ရုပ်ကို ပရိသတ်အားပေးခဲ့မယ်ဆိုရင် လည်း အဲဒီဇာတ်ရုပ်ကိုပဲ အမြဲရိုက် နေဖို့တော့ စိတ်ကူးမရှိပါဘူး” လို့ ပြောခဲ့ပါတယ်။

ကျော်ကျော်က MRTV4  နဲ့အတူဇာတ်လမ်းတွဲများ ရိုက်ကူး သွားမှာ ဖြစ်ပြီး သူအခုလတ် တလောမှာ ဒါရိုက်တာ ကျော်ဇော လင်း ရိုက်ကူးတဲ့ “ရယ်မောခြင်း ဝက်ဘ်ဆိုဒ်” ရုပ်ရှင်ဇာတ်ကားမှာ ပြေတီဦး၊ အိချော တို့နဲ့အတူ ပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားမှာ သူ့အနေနဲ့ ရက်ကွက် ထဲမှာ ဂျာနယ်ရောင်းတဲ့ မောင်ဝ နေ ရာက ပါဝင် သရုပ်ဆောင်ထားကြောင်း လည်း သိရပါတယ်။

ဇော်ဝင်းအောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here