ချစ်ခြင်းမေတ္တာ ငတ်မွတ် လိုအပ်နေကြသူတွေအတွက် ကွက်လပ်ဖြည့်ပေးခဲ့တဲ့ ပိုပို

0
168

popo

ပိုပိုရဲ့ Master Piece စီးရီးခွေက ဇူလိုင်လ ၁၆ရက်နေ့မှာ ထွက်ရှိတော့မှာဖြစ်ပြီး ဒီအခွေနဲ့ပတ်သက်ပြီး သူက အားသွန်ခွန်စိုက်ကြိုးစားနေခဲ့ပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုနဲ့ တန်အောင် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေတဲ့ ပိုပိုက အခွေနဲ့ ပတ်သက်ပြီး…

“ဒီစီးရီးခွေမှာ နည်းနည်းမျှော်လင့်ချက်ထားထားတယ်။ သီချင်းလေး တွေကလည်း ပရိသတ်တွေ ကြိုက်မယ်လို့ထင်ပါတယ်။ ၇ဝ ရာခိုင်နှုန်းက ပရိသတ် အကြိုက် လုပ်ထားပါတယ်”လို့ ဆို ပါတယ်။ စီးရီးခွေမထွက်ခင် ဇူလိုင်လ ၇ရက်နေ့ တုန်းကလည်း ပိုပိုတစ်ယောက် အလှူလုပ်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီအလှူက…

“တောင်စွန်းသော်ကမြောင် ပရဟိတကျောင်းမှ မိဘမဲ့နွမ်းပါး ကလေးများအတွက် ရဟန်းအမအဖြစ် ပိုပိုက ကိုရင်သုံးပါး၊ အဒေါ်တွေက ကိုရင်၂ပါးတာဝန်ယူ လှူဒါန်းခဲ့ပါ တယ်။ ကလေးတွေပျော်အောင် သီချင်းဆိုပြရင်း၊ ရှင်ပြုအလှူ အနေနဲ့ မုန့်၊ အအေးတွေ တိုက်ကျွေးတယ်။ ပရိသတ်တွေ လက်ဆောင်ပေး ထားတဲ့ အရုပ်တွေကို ကလေးတွေပျော်အောင်၊ Fan တွေ ကုသိုလ်ရအောင် မဲဖောက် ပေးခဲ့တယ် ဗလာစာအုပ်များနဲ့ ဝတ္ထုငွေများလှူဒါန်းခဲ့ပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း မိဘမဲ့ပါပဲ။ မိဘမဲ့လေးတွေဟာ ချစ်ခြင်းမေတ္တာ ငတ် မွတ်ပြီး လိုအပ်နေကြသူတွေပါ။ ကျွန်မဟာ တစ်ထောင့်တစ်နေရာမှ အမေလို၊ အစ်မလိုအနေနဲ့ ကူညီအားဖြည့်ပေးခွင့်ရတာ ဝမ်းသာပီတိမျက်ရည်ဝဲမိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here