အွန်လိုင်းပေါ်က single song တွေအပေါ် မီမီဝင်းဖေ ရဲ့ အမြင်

0
188

mi

လက်ရှိအချိန်မှာတော့ မီမီဝင်းဖေက တေးရေး စိုင်းခမ်းလိတ်ရဲ့ သီချင်းတွေကို ဘိုဖြူနဲ့အတူ အတွဲခွေထွက်ရှိဖို့ ပြင်ဆင်နေတာပြီးတော့မှာပါလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂လ လောက်တုန်းက အွန်လိုင်းမှာ Free Download ဖြန့်ခဲ့တဲ့ ဝင်းဖေရဲ့ ‘ဘချယ်’ သီချင်းလေးကို ပရိသတ်တွေက ချစ်စရာကောင်းတယ်၊ ကြိုက်ကြတယ်ဆိုတဲ့ တုံ့ပြန်မှုတွေရခဲ့ကြောင်းလည်း မီမီဝင်းဖေက ပြောပါတယ်။ ဒီဘက်ခေတ်မှာက သီချင်းတစ်ပုဒ်ချင်းစီကို အွန်လိုင်းကနေဖြန့်တဲ့စနစ်ကို အဆိုတော် တော်တော်များများက လုပ်လာကြတယ်၊ မမီဆိုရင်လည်း ရှေ့မှာ တစ်ပုဒ်ဖြန့်ပြီးပြီဆိုတော့ အဲဒီစနစ်အပေါ် မမီဘယ်လိုမြင်သလဲလို့ မေးတဲ့အခါ ……

“အဲဒီတစ်ပုဒ်လေးက တကယ် ကောင်းနေပြီးတော့ တကယ်အားရှိ နေဖို့တော့လိုတာပေါ့နော်။ ပရိသတ်တွေအနေနဲ့ကတော့ တစ်ခါတလေ စီးရီး လိုက်ကြီး နားထောင်တာထက် တစ်ပုဒ်တည်းနားထောင်ရတာက လည်း ကောင်းပါလိမ့်မယ်။ ဖန်တီးတဲ့သူရော၊ နားထောင်ရတဲ့သူရော ကောင်းတဲ့ အချက်တွေအများကြီးရှိပါတယ်” လို့ မီမီဝင်းဖေက ပြောပါ တယ်။ မမီကော တစ်ကိုယ်တော်ရှိုးမျိုးပဲဖြစ်ဖြစ်၊ အတွဲရှိုးလေးတွေပဲဖြစ်ဖြစ် လုပ်ဖို့အစီ အစဉ်ရှိ၊ မရှိကိုလည်း မေးဖြစ်တဲ့အခါ”အစီအစဉ် နေတယ်လို့တော့ မဟုတ် ပေမယ့် အိုင်ဒီယာတွေတော့ စဉ်းစားထားတာ ရှိတယ်။ ဘယ်သူနဲ့ ဘယ်သူနဲ့ ဘယ်လိုလေးတွဲပြီးတော့ ဆိုကြဦးစို့ဆို ပြီးတော့ပေါ့။ လုပ်လည်း လုပ်ချင်ပါတယ်။ ပွဲကအရမ်း Hot  ကြီးမဖြစ်ရင်တောင် သပ်သပ်ရပ်ရပ် လေးနဲ့ကိုယ့်ပရိသတ်နဲ့ကိုယ်လုပ်ဖို့တော့ တွေးမိထားပါ တယ်” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here