ကိုယ်ပိုင်စတူဒီယို ကတစ်ဆင့် မျိုးဆက်သစ်တွေအတွက် လိုအပ်တာတွေ ကူညီပေးသွားမယ့် သအို

0
260

tha-o

‘ရေသောက်မြစ်၊ သင်ခန်းစာ’စတဲ့ စီးရီးတွေနဲ့ရော့ခ် ပရိ သတ်ကြားနေရာယူနိုင်ခဲ့တဲ့ သအိုက လတ်တလောမှာတော့ ဂျီ လတ်၊ ဟန်ထွန်း၊ဝေလတို့နဲ့အတွဲစီးရီးတစ်ခွေကို သူ့ရဲ့စတူ ဒီယိုဖြစ်တဲ့ အမေ  စတူဒီယိုမှာ အသံသွင်းယူလျက်ရှိ တယ် လို့သိရပါတယ်။”အဲဒီအခွေလေးကတော့ Mixing ဆွဲတဲ့ ကိုမြင့် ဇော်စီစဉ်တာပါ။အခု Body  ပိုင်းတွေတော့ တော်တော်ပြီးသွား ပြီ။ တစ်ယောက်ကို၂ပုဒ်နှုန်းပါမယ်။ Group Songs တစ်ပုဒ်ပါ မယ်။အားလုံး၉ပုဒ်ပါပါမယ်”လို့ သအိုက ပြောပါတယ်။

သအိုက Star Dust ဆိုတဲ့ နာမည်နဲ့ စတူဒီယိုတစ်ခုကိုလည်း တည်ထောင်ထားပြီး သီချင်းစီးရီးများကို တာဝန်ယူဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။ စတူဒီယိုတစ်ခုတည်ထောင် လိုက်တဲ့ သအိုအနေနဲ့ ကိုယ်ပိုင်စတူဒီယိုတစ်ခုရှိလာတာ အဆိုတော်တစ်ယောက်အတွက် ဘယ်လို အားသာ ချက်တွေရှိ လာမလဲဆိုတာကိုတော့ “ဒီလိုဖွင့်ထားတဲ့အတွက် ကိုယ်မုဒ်ရရင်၊ရသလိုဆိုလို့သွင်းလို့ရတယ်။ သူများအတွက်လည်း အချိန်ကိုညှိပေးလို့ရတယ်။ အဓိကတော့ သီချင်းတွေ ပိုလုပ်ဖြစ်ဖို့ပါပဲ။ တခြားအဆိုတော်တွေအနေနဲ့လည်း ဒီမှာလာပြီး အေးအေးဆေးဆေး တီးလို့ဆိုလို့ရပါတယ်။လက်ရှိ မှာလည်း ကျွန်တော်တို့ စတူဒီယိုမှာ လုပ်ပြီးထွက်ရှိသွားတဲ့စီးရီးတွေ လည်း ရှိပါတယ်။ အားလုံးအတွက်လည်း အဆင်ပြေတာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း အားတဲ့အချိန်မှာ သီချင်း တွေတီးနေ၊ ဆိုနေပါတယ်။ မကြာမီတော့ အသစ်တွေ ထပ်ထွက်ရှိလာဖို့ ရှိပါတယ်”လို့ သအိုက ပြောပါတယ်။ သအိုရဲ့ Star Dust စတူဒီယိုရဲ့တည်ထောင်သူတစ်ဦးအနေနဲ့ သူ့စတူဒီယိုမှာ လာရောက်သီချင်း ဖန်တီးလိုသူများအတွက်လည်း သူကိုယ်တိုင်တတ်နိုင်တဲ့အပိုင်းတွေ ကူညီပေးသလိုသီချင်းအပ်တာကအစ ကူညီ ဆောင်ရွက်ပေးကြောင်းလည်း ပြောပါတယ်။

“သီချင်းတွေဖန်တီးချင်တယ်ဆိုရင်လာခဲ့ပါ။ တတ်နိုင်သလောက်လိုအပ်တာ ကူညီပေး ပါတယ်။ နယ်ကလာတဲ့ သူတွေဆိုလည်း သီချင်းကအစ လိုအပ်တယ်ဆိုရင်တေး ရေးတွေနဲ့အပ်ပေးပါတယ်”လို့ သအိုက ပြောပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here