သဘင်မင်းသား ဘွန်းပျော်ခဲ့ရတဲ့ နေ့တစ်နေ့

0
382

bon

သဘင်မင်းသားဘွန်းက ဇူလိုင် လ၉ရက်နေ့က သူ့ရဲ့ We Love အဖွဲ့တွေနဲ့ ရွှေတိဂုံဘုရားမှာတွေ့ ဆုံခဲ့ပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး သူက…………..

“ကျွန်တော်ရဲ့ “We Love Bon” Group တစ်နှစ်ပြည့်ပွဲလေး ကို ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ် မှာ လုပ်ဖြစ်ပါတယ်။ အရမ်းပျော်ရ တဲ့နေ့လေးပါ။ ဒီပွဲလေးအတွက် ကြိုး စားစီစဉ်ပေးတဲ့ admin မမတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ တကူးတက အဝေးကနေလာပေးကြ တဲ့ Member တွေကိုလည်း အထူး ပင်ကျေးဇူးတင်ပါတယ်။

မအားလပ်လို့ မလာဖြစ်ကြတဲ့ သူ တွေကိုလည်း နောက်များမှာ ဆုံချင် ပါသေးတယ်နော်။ အားလုံးကို ကျေး ဇူးအများကြီးတင်ပါတယ်”လို့ သူက ပြောပြပါတယ်။ ဘွန်းက သဘင် မင်း သမီးကြီးနန်းခင်မွှေးရဲ့ သားတစ်ဦး လည်းဖြစ်ပြီး အခုလက်ရှိမှာတော့ တင်မောင်ဆန်းမင်းဝင်းရဲ့ ရွှေမန်း ဇာတ်သဘင်မှာ ကပြလျက်ရှိပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here