Miss Universe Myanmar 2017 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေတဲ့ ဇွန်သံစဉ်

0
244

ZunThanZinMiss Universe Myanmar 2017 Winner ဆုရှင် အလှမယ် ဇွန်သံစဉ် ကတော့ အခုနှစ် Miss Universe Myanmar 2017 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာ ပြိုင်ပွဲအတွက် ပြင်ဆင်နေပြီး Fashion Show တွေလည်း လျှောက်ဖြစ်နေကြောင်း သိရပါ တယ်။ အဆိုပါပြိုင်ပွဲကြီးအတွက် ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး ဇွန်သံစဉ်က “ပြိုင်ပွဲ အတွက် ပြင်ဆင်နေ တာကတော့ Talent Show နဲ့ပတ်သက်ပြီး စောင်း တူရိယာ သင်ကြားနေ ပါတယ်။ နောက် ပြီးတော့ National Costume အပိုင်းတွေလည်း ပြင်ဆင်နေ ပါတယ်။ ဘာသာစကား ပိုင်းတွေ၊ Body  ပိုင်းတွေကို လည်း အဓိကထား ပြီးပြင်ဆင်နေပါတယ်”လို့ ပြောခဲ့ ပါတယ်။ သူမကတော့ Music MTV တွေမှာ သရုပ်ဆောင်ရုံ သာမက ဇာတ်လမ်းတွဲ များမှာပါ သရုပ်ဆောင် ခဲ့ပြီးဖြစ်ပါတယ်။ အခု လတ်တလောမှာ တော့ ဒါရိုက် တာ သားညီ ရိုက်ကူးတဲ့ “ရတနာပုံ” ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး…

” “ရတနာပုံ” ဇာတ်လမ်းတွဲမှာ ညီမက ကောင်လေးကို တစ်ဖက်သတ် လိုက်ကြိုက်ရတဲ့ ခက်ထန်ထန် ကောင်မလေးနေရာက သရုပ် ဆောင် ထားပါတယ်။ ငိုရတဲ့ အခန်းတွေကိုတော့ တော်တော် ကြိုးစားပြီး သရုပ်ဆောင်ခဲ့ရပါ တယ်။ ကျေနပ်မှု ကတော့ သိပ် မရှိသေးပါ ဘူး။ ညီမအခု အားသန်နေတဲ့ ဇာတ် ရုပ်တွေကတော့ ဇာတ်ရုပ် အမာတွေ အားသန်တာပေါ့နော်။ နောက်ပိုင်းကျ ရင်တော့ ကာရိုက်တာစုံ သရုပ်ဆောင် နိုင်အောင် ကြိုးစားသွားမှာပါ။ ပြိုင်ပွဲကြီး ပြီးသွားရင်လည်း  ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ရိုက်ကူးသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here