ကိုယ်နဲ့ မကိုက်ညီတဲ့ ပွဲတွေကို သွားပြိုင်မိပြီ ဆိုရင်လည်း မလိုအပ်တဲ့ ပြဿနာတွေ ရှိလာတယ် ထွန်းကိုကို

0
208

MIN_3295မော်ဒယ်သရုပ်ဆောင်ထွန်းကိုကိုက ၂ဝဝ၉ ခုနှစ်၊ ၂ဝ၁ဝ ခုနှစ် ဝန်းကျင်လောက်က စတင်ပြီး မော်ဒယ် ပြိုင်ပွဲများကို ဝင်ရောက်ယှဉ် ပြိုင်ဖြစ်ခဲ့ ပါတယ်။ သူဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲများစွာ မှာတော့ ဒုတိယဆု၊ တတိယဆုတို့နဲ့ Title ဆုများစွာတို့ကို ဆွတ်ခူး ရရှိခဲ့ပေမယ့် ပထမဆုနဲ့တော့ အမြဲလွဲခဲ့ရတဲ့သူ ဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ်မှတော့ နောက်ဆုံးပြိုင်ပွဲ အပြင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Face Of Myanmar  ပြိုင်ပွဲမှာတော့ ပထမဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနှစ်မှာပဲ ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ Asia New Star Model  ပြိုင် ပွဲမှာလည်း ပထမဆုကို ဆွတ်ခူး ရရှိခဲ့ပြန်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ခဲ့တဲ့ အကြောင်း အရာတွေ နဲ့ ပြိုင်ပွဲတွေကနေ ရရှိခဲ့တဲ့ စိတ်ဓာတ်ခွန်အားတွေရဲ့အကြောင်းကို အခုလိုပြောပြခဲ့ပါတယ်။

Face of Myanmar 2013 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံ

၂ဝ၁၃ ခုနှစ်က Face of Myanmar ဆိုတဲ့ပွဲလေးကို ဝင်ပြိုင်ခဲ့တယ်။ ဒီပွဲမှာဆု ရတဲ့သူက နိုင်ငံခြားမှာပါ သွားပြိုင်ရ မယ်လို့ကြားတယ်။ အဲဒီ အတွက် စိတ်ဝင်စားမှုတွေ ရှိပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တယ်။ အဲဒီတုန်းက နိုင်ငံခြားပြိုင်ပွဲတွေ ဆိုတာ ရှားတယ်။ မရှိသလောက်ကို ရှားတယ်။ ကျွန်တော့်ရှေ့မှာ ဆိုရင် နန်းခင်ဇေယျာ သွားပြိုင်ရတယ်ပေါ့နော်။ ကျွန်တော်နဲ့ လပိုင်းပဲ ကွာတယ်။ သူသွားပြိုင်တော့ သူ့ကို Vote တွေပေးကြတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း Vote ပေးတယ်။ သူဆုရလာခဲ့တယ်။ အဲဒီတုန်းက စပြီး နိုင်ငံခြားပြိုင်ပွဲ ဆိုတာ ကြားရတာ။ ပြီးတော့ ကျွန်တော့်ရဲ့ Face of Myanmar  ပွဲ ပေါ်လာတယ်ပေါ့နော်။ အဲဒါနဲ့ ကျွန်တော်လည်း ကြိုးစား ကြည့်ချင်တယ်။ တကယ်ကိုလည်း ပြိုင်ပွဲ အတွက် အကောင်းဆုံး ပြင်ဆင် ကြိုးစားခဲ့တယ်။ အဲဒီအတွက် ရလဒ်ကောင်းတွေလည်း ရခဲ့တယ်။ မြန်မာပြည် မှာ ပြိုင်တဲ့ပွဲမှာ ပထမ ရခဲ့တယ်။ နောက်၁လပဲ ကြာတယ်။ နိုင်ငံခြား ပွဲမှာလည်း ပထမဆုရတယ်။ ကျွန်တော်တအား ဝမ်းသာ ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဒီမှာ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ် ကတည်းက မော်ဒယ်ပြိုင်ပွဲတွေ အများကြီး ဝင်ပြိုင်ခဲ့တယ်။ ပွဲတိုင်းမှာ Title  ဆုတွေ အများကြီး ရတယ်။ ပထမဆု ဆိုတာ ဘယ်တော့မှ မရဘူး။ ဒုတိယဆုတွေနဲ့ပဲ လွဲခဲ့ရတယ်။ Face of Myanmar ပွဲမှာတော့ ပထမဦးဆုံး ပထမဆု ရခဲ့တာပါ။ ဒီပွဲမှာရလိုက်တဲ့ ဆုက ကျွန်တော့်ဘဝအတွက် ခွန်အားတွေ အများကြီး ရလိုက်တယ်။ ဘာလို့လဲ ဆိုတော့ ဒီဆုရပြီးမှ ကျွန်တော် လုပ်ချင်တဲ့ အနုပညာ၊ လျှောက်ချင်တဲ့ ခရီးလမ်းကို လျှောက်ခွင့်ရလာ ခဲ့တယ်။ ကျွန်တော့် ရည်မှန်းချက် အတွက် တကယ့်ကို အထောက်အပံ့ ကောင်း တစ်ခုဖြစ်ခဲ့တယ်။

ကိုယ်ဝင်ရောက် ယှဉ်ပြိုင်မယ့်ပွဲ အကြောင်းကို  စုံစမ်းမေးမြန်းပြီး သေချာ ယှဉ်ပြိုင်စေချင်

အခုနောက်ပိုင်းတော့ ပြိုင်ပွဲတွေ တော်တော် များလာတယ်။ တချို့ပွဲတွေဆို အမှန် တိုင်းပြောရရင် ကျွန်တော်တောင် မသိဘူးပေါ့နော်။ အရင်တုန်း ကတော့ ဘယ်သူတွေ ဘယ်မှာဘာပွဲသွားပြိုင်လဲဆိုပြီး လေ့လာတယ်ပေါ့နော်။ အခုတော့ ပွဲတွေ တအား များလာတော့ မလိုလား အပ်တဲ့ ပြဿနာ တချို့တွေလည်း ရှိကြတယ်လို့ ကြားတယ်။ အဲဒီတော့ ကိုယ်သွားပြိုင်မယ့် ပွဲဟာ ဘယ်လိုပွဲမျိုးလဲ ဆိုတာ သေချာစုံစမ်း မေးမြန်း စေချင်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံခြားမှာ သွားပြိုင်ရမယ်ဆိုတာနဲ့တင် လူငယ် တွေက သွားပြိုင်ချင် ကြတယ်။ ကိုယ်ပြိုင်မယ့်ပွဲက ဘာပွဲလဲဆိုတာ မသိတာမျိုးတွေ ဖြစ်ကြတယ်။ အဲဒီလိုမျိုး ဆိုတော့ မလိုလားအပ်တဲ့ ပြဿနာမျိုးတွေ မဖြစ်စေ ချင် ဘူး။ ကိုယ်နဲ့ မကိုက်ညီတဲ့ပွဲတွေကို သွားပြိုင်မိပြီ ဆိုရင်လည်း မလိုအပ်တဲ့ ပြဿနာတွေ ရှိလာတယ်။

ပြိုင်ပွဲဝင်များ အတွက် အကောင်းဆုံး အကြံပြုစကား

ကျွန်တော် တို့ပြိုင်တုန်း ကလည်း ကိုယ့်နိုင်ငံက ပွဲကိုလည်း အကောင်း ဆုံး ယှဉ်ပြိုင်တယ်။ အကောင်းဆုံး ကြိုးစားပြီး ပြိုင်တယ်။ ကိုယ့်ဘက် က အမှားဆိုတာ နည်းသထက် နည်းအောင် ပြိုင်တယ်။ ဒိုင်လူကြီးတွေ ဘက်က ဆုပေးသည်ဖြစ်စေ၊ မပေးသည် ဖြစ်စေ ဒါကတော့ သူတို့ အပိုင်း။ ယှဉ်ပြိုင်မှု အကောင်းဆုံးနဲ့ ကြိုးစားမှုတော့ ကိုယ်ကပေးရမယ်။ အဲဒီလိုပဲ နိုင်ငံခြားမှာ သွားပြိုင်မယ် ဆိုလည်း ကိုယ့်ဘက်ကတော့ အကောင်းဆုံး ကြိုးစားရမှာပဲ။ နောက်ဆုံး ဆုမရသည့်တိုင်အောင် ကိုယ့်နိုင်ငံက ယဉ်ကျေးမှု၊ ကိုယ့်နိုင်ငံ ကို လူသိစေမယ့် အရာ၊ ကိုယ့်နိုင်ငံ ဂုဏ်တက်စေမယ့် အရာအားလုံးကို နိုင်ငံတကာ အလယ်မှာ ချပြနိုင်ရမယ်။ အဲဒီတော့ ပြိုင်ပွဲတွေ ယှဉ်ပြိုင်နေတဲ့ ညီအစ်ကို မောင် နှမတွေကို ပြောချင်တာက ပြိုင်ပွဲတွေကိုလည်း အကောင်းဆုံး ယှဉ်ပြိုင်ကြပါ။ ဆုရအောင်လည်း ကြိုးစားကြပါ။ သို့သော် ဆုမရခဲ့ရင်လည်း ကိုယ့် နိုင်ငံ ဂုဏ်သိက္ခာ ကျဆင်းမယ့်အလုပ်တွေ မလုပ် ပါနဲ့။ ကိုယ်ကိုယ်တိုင် ကလည်း ပြိုင် ပွဲတိုင်း က အတွေ့အကြုံတွေကို အကောင်းဆုံး အသုံးချနိုင် အောင်လည်း လေ့လာသင် ယူကြပါလို့ ပြောချင်ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here