ပြိုင်ပွဲတွေ ဝင်ပြိုင်ခြင်းကြောင့် ဘဝကို တိုးတက်စေတယ် အလှမယ် အိကျော့ခိုင်

0
324

MIN_3244အလှမယ် အိကျော့ခိုင်က Miss Myanmar World 2017 ပြိုင်ပွဲမှာ Winner ဆုကို ရရှိခဲ့ပါ တယ်။ ဒီပြိုင်ပွဲက သူ့ရဲ့ ပထမဦးဆုံး ပြိုင်ပွဲဖြစ်ပြီး ဒီပထမဆုံး ပြိုင်ပွဲမှာပဲ  Winner ဆုကို ဆွတ်ခူး နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ ပထမဆုံး ပြိုင်ပွဲ အတွေ့ အကြုံတွေ အပြင် လူ ငယ်တွေ အနေနဲ့လည်း ပြိုင်ပွဲတွေ ဝင်ပြိုင် ခြင်းက ဘယ်လိုအတွေ့အကြုံတွေရရှိစေနိုင် တယ်ဆိုတာကို အလှမယ် အိကျော့ခိုင်က အခု လိုပြောပြခဲ့ပါတယ်။

Miss Myanmar World 2017  ပြိုင်ပွဲ ဝင်ပြိုင်ဖြစ်ပုံ

ဒီပြိုင်ပွဲကို ညီမအရင်နှစ်တွေ ကတည်း ဝင်ပြိုင်ချင်ခဲ့တယ်။ ဒါပေမဲ့ မပြိုင်ဖြစ်ခဲ့ဘူး။ ဒီနှစ်ကျမှ ကိုယ့်ရဲ့ အသက်အရွယ် နဲ့ရော၊ ဝါသနာ နဲ့ရော တိုက်ဆိုင်သွားတဲ့ အတွက် ဝင် ပြိုင်ဖြစ်သွား တာပါ။ ညီမအနေ နဲ့ပထမဦးဆုံး ပြိုင်တဲ့ ပြိုင်ပွဲလေးလည်းဖြစ် ပါတယ်။ အခုလို ပထမဦးဆုံး ပြိုင်တဲ့ပြိုင်ပွဲလေးမှာ ဆုရရှိခဲ့တဲ့ အတွက်လည်း အရမ်းပျော်ပါတယ်။

ပြိုင်ပွဲကနေ အတွေ့အကြုံ အများကြီး ရရှိခဲ့ပုံ

ပထမဦးဆုံးပြိုင်တဲ့ ပြိုင်ပွဲဆိုတော့ ညီမ အတွေ့အကြုံ မရှိခဲ့ပါဘူး။ ဒီပြိုင်ပွဲ ပြိုင်တော့မှ အသိပညာတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ လည်း အများကြီး ရှိခဲ့ပါတယ်။ သူငယ်ချင်းတွေ ဆီကရော၊ ဆရာသမားတွေ ဆီကရော၊ အတွေ့အကြုံ အများ ကြီး ရရှိခဲ့ပါတယ်။

ပြိုင်ပွဲ ဝင်ပြိုင်ရခြင်း၏  အကျိုးကျေးဇူးနှင့် ဗဟုသုတများ

ပြိုင်ပွဲကိုပြိုင်တော့ ညီမ  personality ပိုင်းတွေမှာ ပိုပြီး ဗဟုသုတရခဲ့တယ်။  catwalk ပိုင်းတို့၊ trainning ပိုင်းတို့မှာ ဆရာတွေကလည်း အများကြီး သင်ပေးခဲ့တဲ့အတွက် ဗဟုသုတတွေ ရခဲ့ပါတယ်။ ပြိုင်ပွဲ တစ်ခုပြိုင်ရင် ကိုယ့်ဆီမှာ ရှိတဲ့ confident  တွေ အများကြီး တိုးတက်လာပါတယ်။ Team workု နဲ့ လုပ်ဆောင်ရတဲ့ စိတ်ဓာတ်တွေလည်း အများကြီး တိုးတက်စေပါတယ်။

လူငယ်တွေအနေနဲ့ ပြိုင်ပွဲများ ဝင်ပြိုင်သင့်ပုံ

အထူးသဖြင့် မိန်းကလေးတွေ အနေနဲ့ အလှ မယ်ပြိုင်ပွဲတွေ ဝင်ပြိုင်သင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ပြိုင်ပွဲမှာက အလှတစ်ခုတည်း လှနေလို့ လည်းမရဘူး။ Body, Beauty, Brain  ရောပါပါတယ်။ ပြိုင်ပွဲတွေ ဝင်ပြိုင်ရခြင်း အားဖြင့်  ကိုယ့်ရဲ့ ဘဝကို ပိုတိုးတက်စေတယ်လို့ မြင်ပါတယ်။ ကိုယ့် ဘဝရှေ့ရေးအတွက်လည်း ကောင်းပါတယ်။ အဲဒါကြောင့် လူငယ်တွေ အနေနဲ့ ပြိုင်ပွဲတွေ ဝင်ပြိုင်သင့်ပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here