ပြိုင်ပွဲများမှတစ်ဆင့် ကိုယ်ပိုင် ဖန်တီးမှုများဆီသို့ 

0
68

ZAW_5730ဘဝဆိုတာ ရုန်းကန်ခြင်းလို့  ပြောကြပါတယ်။ ဒီလို ရုန်းကန်ခြင်း တွေနဲ့ အတူ ဘဝဟာ ပြိုင်ပွဲ တစ်ပွဲ နဲ့လည်း တူပါတယ်။ အောင်မြင် မှု တွေ၊ ရှုံးနိမ့်မှုတွေ နဲ့အတူ ဘဝက ရောပြွမ်းနေပါတယ်။ “ကျရှုံးတော့ ဝမ်းနည်းရမယ်၊ အနိုင်ရတော့ နှစ်သက်ကြတယ်” ဆိုတဲ့ ဇော်ဝင်း ထွဋ်ရဲ့ ” လူ” သီချင်း စာသားလိုပါပဲ။ လူတိုင်း အောင်မြင်မှုကို လိုချင်ပါ တယ်။ ဒါပေမဲ့ ဘဝဆိုတာ အမြဲ အောင်မြင်မှုတွေ ရမနေနိုင် သလို၊  အမြဲအရှုံးတွေနဲ့လည်း မကြုံတွေ့ နိုင်ပါဘူး။ လက်ရှိခေတ် အနေအ ထားအရ မှာတော့ အောင်မြင်မှု တစ်ခုကို ပြိုင်ပွဲတွေက တစ်ဆင့် ပိုမို ရယူလာတာကို တွေ့ရပါတယ်။ ဥပမာ- အဆိုပြိုင်ပွဲ၊ အလှမယ် ပြိုင်ပွဲစသဖြင့် ဒီလိုရွေးချယ်တဲ့ ပြိုင်ပွဲတွေက တစ်ဆင့် အနု ပညာ အောင်မြင်မှုကို ရရှိပိုင်ဆိုင်လာ သူတွေလည်း ရှိပါတယ်။ အနုပညာ ဆိုတာ ပြိုင်စရာ တစ်ခု မဟုတ် ပေမယ့် အနုပညာ လမ်း ကြောင်း ပေါ်ကို တက်နိုင်မယ့် လမ်းကြောင်း တွေထဲက တစ်ခု ဖြစ်တဲ့ ဒီပြိုင်ပွဲတွေ အပေါ်မှာလည်း အာရုံညွှတ်သူ လူငယ်တွေက ပြိုင်ပွဲ တွေ က တစ်ဆင့် အနုပညာလမ်း ကြောင်းပေါ် တိုးဝင် လာပါတယ်။ လက်ရှိ အခင်းအကျင်း မှာလည်း ပြိုင်ပွဲ အသီးသီးမှ ထွက်ပေါ် လာတဲ့ မျိုးဆက်သစ် လူငယ်များက အနုပညာလမ်း ကြောင်းပေါ် စတင် လျှောက် လှမ်း နေပြီ ဖြစ် ပါတယ်။ မြင်သာ ထင်သာ တစ်ခုပြောပါ ဆိုရင် လက်ရှိနာမည် ကျော် အဆိုတော် တစ်ဦးဖြစ်နေ ပြီဖြစ်တဲ့ အောင်ထက် ဟာ သာမန် ဝန်ထမ်းလေး တစ်ဦး ဘဝ ကနေ  အဆိုပြိုင်ပွဲများမှာ သူ့ရဲ့ အစွမ်း အစကို ထုတ်ပြခဲ့ပြီးနောက် အိပ်မက် ဆုံရာ ရာသက်ပန် အစီအစဉ်ရဲ့ ပထမဆုရှင် အဖြစ် ကျော်ကြားလာ ခဲ့ပြီး အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဘဝကို ရရှိ ပိုင်ဆိုင်လာ သူ ဖြစ်ပါတယ်။

“လူ့ လောက ထဲရောက်လာရင် ကျွန်တော်တို့  မဖြစ်မနေ ကြုံရမယ့် လောကဓံတွေ ရှိပါတယ်။ အဲဒီ လောကဓံက တစ်ဆင့် အတွေ့အကြုံ တွေ၊ သင်ခန်းစာတွေ အများကြီး ရပါတယ်။ ကျွန်တော့် အနေနဲ့ ဝန် ထမ်း ဘဝနဲ့ အလုပ်တွေ အများကြီး လည်း လုပ်ဖူး တယ်။ အဲဒီနောက် သီချင်းဆို ပြိုင်ပွဲတွေ ဝင်ပြိုင်တယ်။ ဆုရတာ ရှိသလို၊ ဆုမရခဲ့တာတွေ လည်း ရှိပါတယ်။ အခက်အခဲ အနေနဲ့ က ဝါသနာ ပါတာပဲ လုပ်မယ်ဆိုရင် စားဝတ်နေရေးက အခက်အခဲရှိ တယ်။ ဒါကြောင့် စားဝတ်နေရေး အတွက် ဝန်ထမ်းလုပ်တယ်။ ခွင့်ယူ ပြီး ပြိုင်ပွဲတွေပြိုင်တယ်” လို့  အောင် ထက်က ပြောပါတယ်။

အခုချိန်မှာတော့ ပြိုင်ပွဲက တစ်ဆင့် ရရှိခဲ့တဲ့ အောင်မြင်မှု တွေကို အသုံးချပြီး အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဘဝမှာ အောင် ထက် ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲများမှာ နာမည်ကျော် သီချင်း များကို ပုံစံပြောင်းလဲ သီဆိုနိုင်ခဲ့တဲ့ အောင်ထက် ကိုယ်တိုင် လည်း သီ ချင်းများရေးသား ဖန်တီးနိုင်ပြီး ကိုယ်တိုင် ရေး သီချင်းများနဲ့အတူ တေးစီးရီး တစ်ခွေလည်း ထွက်ရှိထား နိုင် သူဖြစ်ပါ တယ်။ အောင်ထက် ကဲ့သို့အခြား ပြိုင်ပွဲဝင် များထဲမှာ လည်း သူတို့ ကိုယ်တိုင် ရေးသား ဖန်တီးထားတဲ့ သီချင်းများနဲ့ ပွဲထွက်လာမယ့် သူများလည်း ရှိပါတယ်။အနုပညာဆိုတာ ပြိုင်ဆိုင်စရာ တစ်ခု မဟုတ်ဘူးလို့ ဆိုနိုင်ပေမယ့် ကျောထောက်နောက်ခံ အားနည်းတဲ့ မျိုးဆက်သစ်တွေ အတွက် ဒီလို ပြိုင်ပွဲတွေက အခွင့် အလမ်းတစ်ခု ဖြစ်နေတာကတော့ အမှန်ပဲဖြစ်နေ ပါတယ်။

သို့သော် ပြိုင်ပွဲတွေမှာ ဆုရ ရှိတိုင်း၊အောင်မြင်မှုတွေ ရရှိတိုင်း လည်း အနုပညာလောကမှာ အောင်မြင်ဖို့ မလွယ်ပါ။ အကဲဖြတ် ဒိုင်တွေရဲ့ အဆုံးအဖြတ်၊ ပရိသတ် ရဲ့ မဲပေးမှု အနည်း၊ အများ စတာ တွေဟာ လူသိများ ထင်ရှားလာစေ ဖို့ အတွက် ဖြစ်လာနိုင်ပေမယ့် မိမိရဲ့ အနုပညာအရည်အသွေး တောက် ပြောင်ဖို့ကတော့ မိမိကိုယ်တိုင်ပဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲက တစ်ဆင့် ပရိသတ် စိတ်ဝင်စားမှု     နဲ့အတူ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့သတိထားမိ သွားတဲ့ အရှိန်ကို ယူပြီး မိမိရဲ့  အနုပညာ အရည်အသွေး ကိုလည်း မြှင့် သထက် မြှင့်ဖို့ လို ပါတယ်။ ပြိုင်ပွဲများမှ ရရှိလာတဲ့  ပရိသတ် အားပေးမှုများကို ဆက်လက် တည်တံ့စေဖို့ ဆိုရာမှာ ကိုယ်တိုင် ဖန်တီး ထုတ်လုပ်လာတဲ့  သီချင်းကောင်း များနဲ့အတူ အနုပညာ လောကမှာ ရပ်တည်နိုင်ဖို့လည်း လိုပါတယ်။ နာမည်ကျော် သီချင်းများ နဲ့ ယှဉ်ပြိုင်ခဲ့ရင်း ပရိသတ် အားပေးမှု ရခဲ့ပြီးနောက် မိမိတို့ရဲ့ ကိုယ်ပိုင် ဖန်တီးမှုများ နဲ့အတူ မြန်မာအနု ပညာလောက အတွက် အားတစ်ရပ် ဖြစ်လာစေနိုင်ဖို့လည်း မျှော်လင့် ရည်သန်မိပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here