ကျပ်သိန်း ၁၅ဝဝခန့် အကုန်အကျခံကာ စီစဉ်ကျင်းပမယ့် မြန်မာ့ဇာတ် သဘင် သစ္စာထား နှစ်ပါးသွား ပြိုင်ပ

0
191

မြန်မာ့ဇာတ်သဘင် သစ္စာထား နှစ်ပါးသွား ယှဉ်ပြိုင်ပွဲကြီးကို သြဂုတ် လနဲ့ စက်တင်ဘာလ ထဲမှာ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုတော့ Double Win Entertainment Services မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ် အနှံ့တွင် စီစဉ် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရပါတယ်။

“မြန်မာပြည်မှာ တစ်ခါမှ ကျင်းပဖူးခဲ့ခြင်း မရှိတဲ့ မြန်မာ့သစ္စာ ထားနှစ်ပါးသွား ပြိုင်ပွဲကို တိုင်းနဲ့ ပြည်နယ် အသီးသီးမှ တက်တက် ကြွကြွ အားလုံးပါဝင် ယှဉ်ပြိုင်နိုင် အောင်နဲ့ မျိုးဆက်သစ် သဘင် မင်းသား၊ မင်းသမီးတွေ ပေါ်ထွန်း လာစေဖို့ ရည်ရွယ်ပါတယ်။ ဒီသစ္စာ ထားနှစ်ပါးသွားကို သဘင် ကိုချစ်ကြ တဲ့ မိဘပြည်သူ များလည်း မျက်ဝါး ထင်ထင် မြင်တွေ့ရစေဖို့ အတွက် ကျင်းပတာလည်း ဖြစ်ပါ တယ်။ ဦးတို့ပြိုင်ပွဲ ကျင်းပရေး အနေနဲ့ ကတော့ သဘင်ပညာ ရှင်ကြီးတွေရဲ့ သြဝါဒ ခံယူပြီးတော့ စည်းကမ်းချက် တွေကို အကြမ်းဖျင်း လျာထားပြီး ပါပြီ။ ဒုတိယအကြိမ် မီဒီယာရှင်း လင်းပွဲမှာ ချပြပါမယ်။ အကဲဖြတ် ဒိုင်လူကြီးပိုင်းမှာတော့ ဦးတို့ ပြိုင်ပွဲကျင်းပရေးပိုင်း ကတော့ ပါဝင် ပတ်သက်ခြင်း မလုပ်ပါဘူး။ သဘင် ပညာရှင်ကြီးတွေ စီစဉ်ထားတဲ့ အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို အောင် အောင်မြင်မြင်နဲ့ ကျင်းပပြီးစီး ခဲ့ပြီဆိုရင် သစ္စာထား နှစ်ပါးသွား ဆိုတာ ဒါပါလားဆိုတာလည်း ပရိသတ်တွေ သိသွား မယ်။ နောင် တစ်ချိန်မှာလည်း မပျောက်ပျက် တော့ဘူးပေါ့”လို့  Double Win Entertainment Services ဖြစ်တဲ့ ဦးကြည်ဝင်း က ပြောပါတယ်။ သစ္စာထား နှစ်ပါးသွား ပြိုင်ပွဲကို အမှားအယွင်း ကင်းစွာ ပြုလုပ်နိုင်ဖို့ အတွက် သဘင်ပညာ ရှင်ကြီးများထံသို့ သွားရောက် ကာ နည်းနာများ ခံယူခဲ့ကြောင်းလည်း  သိရပါတယ်။ မြန်မာ့ ဇာတ်သဘင် သစ္စာထား နှစ်ပါးသွား ဆိုတာမြေဝိုင်း အက က နေစတင်ပြီး ပုံစံအဆင့်ဆင့် ပြောင်းလဲပြီး ဖျော်ဖြေတင်ဆက် လာတဲ့ ဇာတ်သဘင်ရဲ့ အနှစ်အမြု တေ လို့ ပြောလို့ ရတဲ့ ဖျော်ဖြေတင် ဆက်မှုပဲဖြစ်တဲ့အတွက် ဒီပြိုင်ပွဲကို လုပ်ဆောင်တဲ့ အခါမှာ သတိထားပြီး လုပ်ဆောင်နေရတဲ့ အပိုင်းတွေ အများကြီးရှိနေပါတယ်။

“မြန်မာ့ရိုးရာ သဘင်ရဲ့ သစ္စာ ထားနှစ်ပါးသွား ပြိုင်ပွဲကြီး အတွက် နိုင်ငံသားတိုင်းမှာ တာဝန်လေးများ ရှိတယ်လို့လည်း မြင်ပါတယ်။ အဲဒီ တော့ လုပ်ငန်းရှင်များ၊ စပွန်ဆာများ ကလည်း ကိုယ့်နိုင်ငံရဲ့ ရိုးရာကို ပြိုင်မှာဖြစ်တဲ့ အတွက် ပါဝင်ပြီး တော့ ကူညီဆောင် ရွက် ပေးကြဖို့ လည်း ကျွန်တော့်အနေနဲ့  Double Win Entertainment ကိုယ်စား မေတ္တာရပ်ခံလိုပါတယ်။ ပညာ ရှင်ပိုင်း ကလည်း ဒီCompany တောင်မှ ကြိုးကြိုးစားစားနဲ့ သစ္စာ ထား နှစ်ပါးသွားကို ဖော်ထုတ်တဲ့ အတွက် အားလုံး အားတက် သရော ပါဝင်ပြီးတော့ ဒီပြိုင်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးတဲ့အထိ ကူညီ စောင့်ရှောက်ပေးကြ ပါလို့ မေတ္တာ ရပ်ခံချင်ပါတယ်” လို့ မြန်မာနိုင်ငံ သဘင်ပညာရှင် များ အစည်းအ ရုံး(ဗဟို) အတွင်းရေးမှူး ဦးမိုးဝင်းက ပြောပါတယ်။ ပြိုင်ပွဲမှာတော့ အဖွဲ့ လိုက်ဆု အနေနဲ့ ကျပ်သိန်း၁ဝဝ သတ်မှတ် ထားပြီး မင်းသား အကောင်း ဆုံးဆု၊ မင်းသမီး အကောင်းဆုံးဆု၊ လူရွှင်တော် အကောင်းဆုံးဆု တို့ကိုလည်း ပေးအပ် ချီးမြှင့်သွား မှာ ဖြစ်ကာ ခမ်းနားသော ပြိုင်ပွဲကြီး တစ်ခုဖြစ်တည်ဖို့ အတွက်  Double Win Entertainment မှ ကျပ် သိန်း၁၅ဝဝခန့် အကုန်အကျ ခံကာ ပြုလုပ် သွားမှာဖြစ်ကြောင်း သိရ ပါတယ်။

ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ပြိုင်ပွဲ ဝင်များအတွက် စည်းကမ်းချက်များ၊ ပြိုင်ပွဲမှာ အကဲဖြတ်ပေးသွားမယ့် အကဲဖြတ ဒိုင်များ၊ အမှတ်ပေးစည်း မျဉ်းများနဲ့ ပြိုင်ပွဲ ကျင်းပမယ့်နေ့ရက် များကို ဒုတိယအကြိမ်နဲ့ တတိယ အကြိမ် မီဒီယာ ရှင်းလင်းပွဲမှာ ထပ်မံပြောပြသွားမှာဖြစ်ပြီး Grand Final ပြိုင်ပွဲကိုတော့ ရန်ကုန်မြို့၊ အမျိုးသား ဇာတ်ရုံမှာ ပြုလုပ် သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here