ကိုယ့်ထက် ၁ဝနှစ် ငယ်ပေမယ့် အားကိုးလို့ရတဲ့ အတွက် လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာပါ သန္တာလှိုင်

0
277

Thandar-Hlaingအမျိုးသမီးငယ်လေးတွေ လေးစား အားကျရတဲ့ အောင်မြင်တဲ့ မော်ဒယ် တစ်ဦးဖြစ်တဲ့ သန္တာလှိုင်က ဝါကျွတ်ရင် သူ့ရဲ့လက်တွဲဖော်နဲ့ လက်ထပ်တော့မှာ ဖြစ်ပါတယ်။ မော်ဒယ်သန္တာလှိုင်က အသက် ၄ဝ ရှိပြီ ဖြစ်ပြီး ခင်ပွန်းဖြစ်သူနဲ့ တရားဝင် လမ်းခွဲခဲ့ပြီးနောက် သား နဲ့သမီး ၂ဦးနဲ့ အတူ နေထိုင်နေတာ ဖြစ်ပါ တယ်။ အခုလက် ရှိမှာလည်း T’s Workshop ဆိုတဲ့ Gym  သင်တန်း ကိုလည်း ဦးစီး ဖွင့်လှစ်လျက် ရှိပါတယ်။ သန္တာလှိုင်ရဲ့ မင်္ဂလာသတင်း ကြောင့် သူ့ရဲ့ ပရိသတ်တွေ အံ့သြ ဝမ်းသာ သွားခဲ့ပါတယ်။ ပရိသတ်တွေ သိချင်နေတဲ့ သူ့ရဲ့ ဘဝလက်တွဲ ဖော်အကြောင်းကို အခုလိုမေးမြန်း ဖြစ်ခဲ့ပါတယ်။

 မေး- အစ်မ မကြာခင် အိမ်ထောင်ပြု တော့မယ်လို့ ကြားရပါတယ်။ အဲဒါ ဟုတ်ပါသလား။ ဘယ်လိုကြောင့် သူနဲ့ လက်ထပ်ဖို့ ရည်ရွယ်ဖြစ် သွား တာပါလဲ။

ဖြေ- “ဟုတ်ပါတယ်။ အစ်မ ဒီသီတင်း ကျွတ်ပြီးရင် လက်ထပ်ဖို့ရည် ရွယ်ထား ပါတယ်။ အစ်မ အနေနဲ့က ကိုယ်လိုချင်တဲ့ မိသားစု ဘဝလေးကို ရနေတာတော့ ကြာပါပြီ။ ၂နှစ် လောက်ရှိပြီ။ ဒါပေမဲ့ အစ်မ အနေနဲ့ အသက်လည်း ရလာပြီ။ ကိုယ် အရင်တုန်းက စိုးရိမ် ပူပန်ခဲ့တဲ့ မလုံခြုံမှုတွေလည်း အခုချိန်မှာ မခံစားရ တော့ဘူး။ ဒါ့အပြင် အမျိုးသမီးငယ်လေးတွေက ကိုယ့်ကို အလေးထား ပြီးတော့ အတုခိုးနေတဲ့ စံပြအမျိုး သမီးတစ်ယောက် အနေနဲ့၊ တစ်လင် တစ်မယားစနစ်ကိုလည်း ယုံကြည်တဲ့ မိန်းမတစ်ယောက် အနေနဲ့  တရားဝင် လက်ထပ်ပြီးတော့ အိမ်ထောင်ပြု တာကို အားပေးတဲ့အနေနဲ့ ဒီသီတင်း ကျွတ်ကျရင် ကိုယ့်ဘဝလက်တွဲဖော် အဖြစ် သတ်မှတ် ထားတဲ့ အစ်မရဲ့ ချစ်သူ နဲ့ပဲ လက်ထပ်မှာပါ။

မေး-အစ်မ အနေနဲ့ ပထမတုန်းကလည်း အိမ်ထောင်ပြုခဲ့ ဖူးပြီးပြီ။ အခုဒုတိယ အကြိမ် အိမ်ထောင်ပြုမှာ ဆိုတော့ ဘယ်လို အချက်တွေကြောင့် သူ့ကို ရွေးချယ်ဖြစ်ခဲ့တာလဲ။

ဖြေ-အစ်မ ဆိုရင် ဒါဆယ်ကျော်သက်လည်း မဟုတ်တော့ဘူး။ ဘဝမှာ အတွေ့အကြုံတွေလည်း အများကြီး ရှိခဲ့ပြီးပြီ။ ကိုယ်လိုချင် တဲ့ အရာတွေကို လည်း အများကြီး ဆွတ်ခူးပြီးတော့ ကိုယ်လိုချင်တဲ့ အရာတွေကို အောင် မြင်အောင် လုပ်နိုင်ခဲ့ဖူးတဲ့ မိန်းမတစ်ယောက် အနေ နဲ့ နောက်ထပ်ထပ်ပြီး ဆွတ်ခူးမယ့် အိပ်မက်တွေ ဆိုတာလည်း တော်ရုံတန်ရုံ လူနဲ့လည်း မတူ တော့ပါဘူး။ ရည်မှန်းချက်တွေ အများကြီး ရှိတဲ့ မိန်းမ တစ်ယောက် အနေနဲ့ အားကိုးရလောက်တဲ့၊ အစ်မလိုမျိုး တော်ရုံတန်ရုံ ယောက်ျားကို အထင်မကြီးတတ်တဲ့ အမျိုး သမီး တစ်ယောက်ကိုတောင်မှ မိသားစုဘဝနဲ့ လိုက်ပြီးတော့ စိတ်လုံခြုံမှုပေးနိုင်တဲ့ အရည်အချင်းရှိပြီး စိတ်ဓာတ်အရပါ အားကိုး ရတဲ့ ယောကျာ်း တစ်ယောက်ကို လက်ထပ်တာဆိုတော့ ဒီတစ်ခါ အမှားမရှိဘူး လို့ထင်တာပဲ။

မေး-သူက အစ်မမိသားစု အပေါ်မှာရော အစ်မရဲ့အနုပညာ အပေါ်မှာရော ဘယ်လို နားလည် မှုပေးပါသလဲ။

ဖြေ-အစ်မ အဓိက လက်ထပ်ဖို့ ရည်ရွယ်တဲ့ အကြောင်း အရင်းကလည်း လက်တွဲ ဖော်ဆို တဲ့အဓိက အကြောင်းအရင်းပါ။ လက်တွဲဖော် ဆိုတာက ကျတော့ ကိုယ့်ဘဝမှာ ရည်မှန်းချက်တွေ ကိုယ့်ဘဝမှာ ယုံကြည်ချက်တွေ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို အကောင် အထည် ဖော်နေတာတွေ အကုန်လုံး ကိုယ်နဲ့ ရည်မှန်းချက် လည်းတူတယ်။ ကိုယ်နဲ့အတူ လက်တွဲပြီး လောကကြီးကို ရင်ပေါင်တန်းနိုင် တဲ့ အပြင် ကိုယ့်ထက်တောင် သူက အရှည်ကို ကြည့်ပြီး အသေးအမွှား လေးတွေထက်စာရင် အရှည်နဲ့ အမြော်အမြင်ကြီးတဲ့ လူ တစ်ယောက်ဖြစ်တဲ့ အတွက် ကလေးတွေကလည်း စပြီးတွေ့တဲ့ အချိန်ကစပြီး သူ့ကိုတော် တော်ကိုချစ်ပြီး သဘောကျတာပါ။ အဲဒီအချက်တွေ အကုန်လုံး ကြည့်ပြီး အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်တာပါ။

မေး-အစ်မရဲ့လက်တွဲဖော်က သက်တူ ရွယ်တူတွေပဲလား။ ဘယ်အချိန် လက်ထပ်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ-အစ်မ အနေနဲ့ အများကြီး အထင်ကြီးပြီး အားကိုးလို့ရတဲ့ ယောက်ျားဆိုပေမယ့် လည်း အသက်က အဓိက မဟုတ်ပါဘူး။ အစ်မထက် ၁ဝနှစ်လောက်ပဲ ငယ်ပါစေဦး။ တကယ် အားကိုးလို့ရတဲ့ ယောကျာ်း မို့လို့ အစ်မစဉ်းစားတာပါ။ အစ်မထက် သူက အများကြီး ငယ်ပါ တယ်။ အခုကတော့ ဝါတွင်းဆိုတော့ မြန်မာဗုဒ္ဓဘာသာတွေ အနေနဲ့  လက်ထပ်မယ့် အချိန်မဟုတ် တော့ဘူးလေ။ သီတင်းကျွတ်ပြီးမှပဲ လက်ထပ်ဖြစ်မှာပါ။

မေး-အိမ်ထောင်ပြုပြီး သွားတဲ့အခါမှာရော အစ်မရဲ့ အနုပညာ အလုပ်တွေ ကိုရော၊ မိသားစု ဘက်ကိုရော၊ အစ်မရဲ့ သင်တန်းကျောင်းကိုရော ဘယ်လို အချိန်ပေးသွားမလဲ။

ဖြေ-အစ်မ လက်တွဲဖော် လို့ပြောတဲ့အခါမှာ အစ်မတို့က တကယ့်ကို ၂၄ နာရီလက် တွဲဖော်ပါ။ အစ်မတို့ အလုပ်လုပ်တဲ့ အခါမှာလည်း အတူတူပဲ၊ သွားလည်း အတူတူ၊ စားလည်း အတူတူ၊ အတူတူမရှိတဲ့ အချိန်တွေဆိုလို့ အခုလို အစ်မကင် မရာတွေအောက်မှာ ပွဲတက်တဲ့ အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေ မှာလည်း အချိန်ပြည့် အတူတူရှိနေတာပါ။ ကလေးတွေကို စာသင် လည်းအတူတူ။ သူက အစ်မ ထက်တောင် ပိုပြီး စိတ်ရှည်သေးတယ်။ အစ်မတို့မှာ အချိန် သတ်သတ်ခွဲပြီး ပေးရတယ်ဆိုတာမျိုး မရှိပါဘူး။ မိသားစု ဘဝကရော ဒီအ လုပ်လုပ်နေတဲ့ အချိန်မှာရော အလုပ်မလုပ်တဲ့ အချိန်မှာရော အချိန်ကိုမျှပြီး ပေးထားပါတယ်။ သတ်သတ်ကြီး ဆိုတာမျိုး မဖြစ်ရအောင် ကိုယ့်ဘဝရည် မှန်းချက်တွေ လုပ်နေတဲ့အချိန်မှာပဲ ကိုယ့်ရဲ့ Family Lifestyle လေးလည်း လွတ်မသွားအောင် အကုန်လုံးကိုစီစဉ်ပြီးမှ ဒီလိုမျိုး ကိုယ်လိုချင် တဲ့ဘဝနေထိုင်မှုပုံစံ Lifestyle လေးရထားတာ မကြာသေးပါဘူး။

ခိုင်ဝေလွင်  
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here