တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေပြီဖြစ်တဲ့ အိမ့်ချစ်

0
262

Eaint-Chit

အဆိုတော်မလေး အိမ့်ချစ်က ဇူလိုင်လ ၁၈ နဲ့ ၁၉ ရက်နေ့တို့မှာ ကျင်းပတဲ့ 1st Celebrity Product အရောင်းပြပွဲမှာသူမ ရဲ့ Emily by Eaint Chit Brand အဝတ်အထည်များကို ပါဝင်ရောင်းချခဲ့ပါတယ်။အိမ့်ချစ်က ဈေးရောင်းပွဲတော် တချို့မှာလည်း သူမရဲ့ အဝတ်အထည် ဒီဇိုင်းတွေကို ပါဝင်ရောင်းချဖူးပြီး 1st Celebrity Prouduct  ပွဲမှာ ရောင်းချဖြစ်တဲ့ အတွေ့အကြုံကို တော့…

“ဒီပွဲကတော့ Discount ပွဲလည်း ဖြစ်တာကြောင့် ညီမ Brand တွေကို ဈေးလျှော့ပြီး ရောင်းပါတယ်။ ဒီပွဲ မှာတော့ ပရိသတ် တွေလည်းလာကြတဲ့ အခါ ဈေးလည်း ရောင်းရင်း သူတို့နဲ့လည်း ဓာတ်ပုံတွေ တူတူတွဲရိုက်ကြဆို တော့ ပျော်စရာကောင်းပါ တယ်” လို့ အိမ့်ချစ်က   ပြောပါ တယ်။အိမ့်ချစ်က သူမရဲ့ ပထမဆုံး One Lady Show ကိုတော့ တန်ဆောင်မုန်း လပြည့်နေ့ (နိုဝင်ဘာလ ၃ ရက်နေ့)မှာ ပြုလုပ်မှာ ဖြစ်ပြီး ဒီပွဲကြီးအတွက် လည်း အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြု လုပ်နေပြီလို့ သိရပါ တယ်။

“ညီမရဲ့ ပထမဆုံး တစ်ကိုယ်တော်ဖျော် ဖြေပွဲကို တန်ဆောင်မုန်း လပြည့်နေ့ည မျှော်စင် ကျွန်းမှာ ကျင်းပမှာ ဖြစ်ပါ တယ်။ တီးဝိုင်း ကတော့ Hi-Bird နဲ့ ပါ။Featuring တွေလည်း အများကြီး ပါမှာပါ။ အဲဒီပွဲမှာတော့ ညီမသီချင်း အပုဒ်၂၅ ပုဒ် နဲ့ ၃ဝကြားသီဆိုဖို့ ပြင် ဆင်ထားပါတယ်”လို့ အိမ့်ချစ်က ပြောပါတယ်။အိမ့်ချစ်က သူမရဲ့ တတိယစီးရီး ‘အောင်မြင်မှု နောက်ကွယ်ရဲ့’ Music Video ကိုလည်း ရိုက်ကူးနေပြီ ဖြစ်ပြီး ဒီကြားကာလမှာတော့ အဆိုတော် ဟဲလေး နဲ့အတူ တွဲဖက်ကာ စုံတွဲစီးရီးတစ်ခွေ ထွက် ရှိလာဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ရဲရဲ
ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here