တေးစီးရီးထွက်ရှိဖို့ စီစဉ် နေတဲ့ မေမြတ်နိုး

0
524

maymyatnoe

အလှမယ်တစ်ဦး ဖြစ်သလို သရုပ်ဆောင် တစ်ဦးလည်းဖြစ်တဲ့ မေမြတ်နိုးကတော့ အခုလတ်တလောမှာ စီးပွားရေးကြော်ငြာတွေ ဆက်တိုက်ရိုက် ကူးဖြစ်နေပြီး သူမရဲ့ တစ်ကိုယ်တော် တေး စီးရီးထွက်ဖြစ်ဖို့လည်း စီစဉ်နေပါတယ်။ တစ်ကိုယ်တော်တေးစီးရီးနဲ့ ပတ်သက်ပြီး ခုလို ပြောပြခဲ့ပါတယ်။

” တေးစီးရီး ထွက်ဖြစ်ဖို့ စီစဉ်နေပါတယ်။ အခုစတီးနေပြီပေါ့နော်။ သီချင်းလေးပုဒ် သွင်းပြီးသွားပါပြီ။ အခုလောလောဆယ်တော့ တေးရေး ဆရာဦးရွှေဂျော်ဂျော် ပါမယ်။ နောက်ပြီး အဆိုတော်တွေရေးပေးမယ့် သီ ချင်းတွေလည်း ပါမယ်။ သီချင်းတွေကတော့ ညီမအသံနဲ့ လိုက်ဖက်တဲ့ ဏသစ သီချင်းတွေ ပါပဲ။ ဒီနှစ် ကုန်လောက်တော့ ထွက်ဖြစ်အောင် လုပ်နေပါတယ်” လို့ ပြောခဲ့ပါတယ်။

သူမကတော့ ပရိသတ်အတွက် အွန် လိုင်းမှာ သီချင်းသစ် တစ်ပုဒ် တင်ပေးသွား မှာဖြစ်ပြီး ၁ဝ လပိုင်းမှာ ဒါရိုက်တာ စင်ရော် မောင်မောင်နဲ့ ဇာတ်ကား ရိုက်ကူးဖြစ်မှာဖြစ် ကြောင်း သိရပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here