မိသားစုနဲ့အတူ ဥရောပခရီး ရောက်ရှိနေတဲ့ ဇူလိုင်လ၂၃ ရက် မွေးနေ့ရှင် သက်မွန်မြင့်

0
311

thet

ဇူလိုင်လ ၂၃ရက်နေ့ မွေးနေ့ရှင် သက်မွန်မြင့် က မွေးနေ့အကြိုအဖြစ် မိသားစုနဲ့အတူ ဥရောပ ခရီးစဉ်မှာရောက်ရှိနေပါတယ်။ ဒီခရီးစဉ်မှာတော့ သားလေးအားချစ် သာပါပြီး သမီးငယ် လဝန်းမေ မပါတာကြောင့် လွမ်းနေရတဲ့အကြောင်းကို သက်မွန်မြင့်က ပြောပြခဲ့ပါတယ်။

thet1
“Europe Trip လေး အမှတ်တရ တချို့ပါ၊ ပထမ တစ်ရက်ကတော့ Amsterda  မြို့လေး မှာပါ။ နောက်တစ်ရက်က ပြင်သစ်ကို သွားပါတယ်။ ကလေးတစ်ဖက်နဲ့ မရောက်ဖူးတဲ့နိုင်ငံကို သွားရ တာလည်း စွန့်စားမှုတစ်ခုပါပဲ၊ ပင်ပန်းပေမယ့် မိသားစုတွေ ပျော်ပါတယ်။ အငယ်လေးကို လွမ်းရ တာကတော့ ပြောမပြတတ်အောင်ပါပဲ”လို့ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ ရေးသားထား ပါတယ်။

သက်မွန်မြင့်ရဲ့ သမီးငယ် လဝန်းမေက အခု ဆို အသက် ၇ လ ရှိနေပြီ ဖြစ်ပါတယ်။ သားတစ်ယောက်၊ သမီးတစ်ယောက်ရဲ့ မိခင် ဖြစ်တဲ့ သက်မွန်မြင့်က သားသမီး ၂ ယောက် စလုံးကို ချစ်ရလွန်းလို့ ရူးချင်တယ်ဆိုတဲ့ အတွေး တောင်ဝင်လာတဲ့အထိ ဖြစ်ခဲ့ကြောင်း ပြောပါ တယ်။

thet2
” သမီးလေး ၄ လ ကတည်းက အမေကို သိပ်သိပြီး သိပ်ကပ်တယ်။ မြင်တာနဲ့ အချီခံချင်လို့ အမေ့ကို ခေါ်စေချင်လို့ ပြုံးပြရ၊ လက်ကမ်း ရတာ အမော။ အခုဆို ၇ လပြည့်ပြီ။ နောက် ၅ လ ဆို၁နှစ်ပြည့်ပြီ။ အချိန်တွေကုန်သွားတာနဲ့ အမျှ အချစ်တွေ တိုးလာတယ်။ ချစ်ရတာ ရင်နဲ့တောင် မဆံ့ချင်ဘူး။ အားချစ်လေးရယ်၊ လဝန်းလေးရယ် ဘဝမှာချစ်ရလွန်းလို့ ရူးချင်တယ်ဆိုတဲ့အတွေး ဝင်လာတဲ့ အထိပဲ။ စွန့်လွှတ်ခံရတာတွေ၊ ခက်ခဲနာ ကျင်မှုတွေ ရင်ဆိုင်ရတဲ့ ဝေဒနာတွေ၊ သူတို့ကို ချစ် တဲ့ အချစ်တွေက အပိုင်ယူသွားတဲ့အခါကျန်တာဘာ မှ မဟုတ်တော့ဘူး။ ရှေ့ဆက်လည်း အင်အားတွေ ရှိဦးမှာပါပဲ။ရင်ဆိုင်နိုင်ဦးမှာပါ။ ကိုယ်ပိုင်အမောပြေ လေးတွေ ရှိနေတာကြောင့်ပါ”လို့ သက်မွန်မြင့်ကပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here