မိဘအေပၚ သိတတ္နားလည္ရင္ပဲ ေ က်နပ္ပါ တယ် ကောင်းခန့်

0
139

kg-khat

ကောင်းခန့်နှင့် မရူပါတို့ရဲ့ ၅ ပေါင် ၁၂အောင်စရှိတဲ့ သမီးဦး ရတနာလေးကို ဇူလိုင်လ ၁၇ ရက် နေ့၊ နံနက် ၁ဝနာရီ၊ မိနစ် ၂ဝအချိန် မှာ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ပန်း လှိုင်ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ သမီးလေးမွေးဖွားပြီးတဲ့အချိန်မှာ တော့အရင်တုန်းကနဲ့ခံစားချက်ချင်း မတူတော့ကြောင်းကို ကောင်းခန့်က ….

“ကလေးလေးဗိုက်ထဲက စထွက် လာတဲ့အချိန်မှာ အသားဖြူဖြူလေး၊ မျက်နှာဝိုင်းဝိုင်းကြီးနဲ့ပေါ့။ မွေးပြီလို့ ပြောတဲ့အချိန်မှာ အရမ်းဝမ်းသာ တယ်။ ကြည်လည်းကြည်နူးမိတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကလေးအဖေ ဖြစ်သွားပြီဆိုတဲ့ ခံစားချက်လည်း ဝင်လာတယ်။ အရင်ကနဲ့တော့ မတူတော့ဘူး”လို့ ပြောပါတယ်။

kg-khat1
လောလောဆယ်မှာတော့ သမီး လေးကို နာမည်မစဉ်းစားရသေး ကြောင်းပြောတဲ့ ကောင်းခန့်က သမီး လေးအပေါ်မှာတော့ ဖခင်တစ် ယောက်အနေနဲ့ အရမ်းကြီး မျှော် လင့်ချက် မထားထားကြောင်း ပြော ပါတယ်။

“မျှော်လင့်ချက်ကတော့ တအား ကြီးမထားထားပါဘူး။ မိဘ အပေါ် သိတတ်နားလည် ရင်ပဲ ကျေနပ်ပါတယ်။ ကျွန်တော့် အဖေ၊ အမေ အပေါ် ကျွန်တော်ဆက်ဆံခဲ့တာ ထက် မဆိုးရင်ဘဲ ကျွန်တော် ကျေနပ်ပါပြီ။ ပြုမူ ဆက်ဆံတာတွေ၊ ကျန်တာအများကြီး မမျှော်လင့် ထားပါဘူး”လို့ ပြောပါတယ်။

သမီးလေးမွေးခါနီးမှ ဇာတ်ကား ရိုက်ကူးမှုတွေ ဖျက်လိုက်ရတယ်ဆို တဲ့ ကောင်းခန့်က မကြာခင်မှာ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူး တော့မှာဖြစ်ကြောင်း ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here