တောင်ကြီးမြို့မှာ မင်္ဂလာပွဲကျင်းပမယ့် လူရွှင်တော်ကြာစိတို့စုံတွဲ

0
175

kyar-si

“တွေ့တာက လွန်ခဲ့တဲ့ ၂ နှစ်ကျော်၊ ၃နှစ်လောက်ကတွေ့ဖြစ် တာပါ။ အမှတ်တရတွေကတော့ အများကြီးပါပဲ။ စတွေ့တုန်းကဆို ရင် သူလည်းကျွန်တော့်ကို ကြည့်မရဘူး။ ကျွန်တော်တို့အဖွဲ့ တောင်ကြီး မှာ ပွဲသွားကရင်း သူနဲ့တွေ့ဖြစ်သွားတာ။ ကျွန်တော်တို့ တစ်ဖွဲ့လုံးမှာ ဆိုရင် ကျွန်တော့်ကို သူကြည့်မရဆုံးပဲ။ အဲဒါနဲ့တွေ့ပြီး ၂လ၊ ၃လ လောက်မှာ ရည်းစားဖြစ်သွားတာပါ။ ကျွန်တော့်ထက် သူက ၉ နှစ်ငယ် ပါတယ်”လို့ ပြောပါတယ်။

ee
အိမ်ထောင်ရေးကံမကောင်းခဲ့တဲ့ ကြာစိကတော့ အိမ်ထောင် ပြုဖို့ကို သေချာစဉ်းစားဖြစ်ခဲ့ပြီး ရှေ့ဆက်ပြီးလည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု တွေနဲ့ တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်ဆိုရင်အိမ်ထောင်ရေး ကံမကောင်းခဲ့တဲ့အတွက် အိမ် ထောင်ပြုဖို့ လုံးဝမစဉ်းစားခဲ့ပါဘူး။ ရှေ့ဆက်ပြီး ကျွန်တော်အနုပညာ အလုပ်တွေ ဆက်လုပ်သွားပြီး ကျွန်တော့်ရဲ့ အထီးကျန်နေတဲ့ မိသားစု ဘဝလေးကို စိုစိုပြည်ပြည်ဖြစ်သွားအောင် သူကျွန်တော့်ဘဝထဲ ဝင်လာ ပြီး တစ်ယောက်နဲ့ တစ်ယောက် အကောင်းဆုံး နားလည်မှုတွေနဲ့ ဒီဘဝ မှာ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝဖြစ်အောင် ရှေ့ဆက်သွား မှာပါ”လို့ ပြောပါတယ်။ အခုလိုမျိုးဘဝလေး ဖြစ်ဖို့အတွက် အခက် အခဲ၊ အတိုက်အခံ တွေနဲ့လည်း ရင်ဆိုင်ခဲ့ရ ကြောင်းကိုလည်း လူရွှင်တော် ကြာစိက

k3

“ဒီလိုမျိုး ၂ယောက် ဘဝလေး ဖြစ်လာဖို့က လွယ် လွယ်လေးနဲ့တော့ မဖြစ်ဘူး။ အခက် အခဲ၊ အတိုက်အခံတွေ တော် တော်များ များကို ၂ယောက် သား လက်တွဲပြီး ကျော် လွှားခဲ့ပါ တယ်။ ဒီလို အချိန်မှာလည်း သာယာတယ်လို့ မထင်သေးပါဘူး။ အခက်အခဲတွေ အများကြီး ရှိ လာဦးမှာပဲ”လို့ပြောပါတယ်။

kk

 

လူရွှင်တော်ကြာစိရဲ့ချစ်သူ မဆုဟန် နီဖြိုးကလည်း ကြာစိကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖြစ်ခဲ့ပုံနဲ့ ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည် ဆောက်ပေးသွားမှာဖြစ်ကြောင်း အခုလိုပြောပြဖြစ်ခဲ့ပါ တယ်။

“အနုပညာရှင်မို့လို့ ချစ်သွားတာမဟုတ်ပါဘူး။ အစ်ကို့ရဲ့ကလေးတွေကလည်း အရမ်းအထီးကျန်တော့ ပျော်ရွှင်တဲ့မိသားစု ဘဝလေးကို ပေးချင်လို့ အိမ်ထောင်ဖက် အနေနဲ့ရွေးချယ်ဖြစ်ခဲ့တာပါ။ အစစအရာရာ အကုန်လုံးကို နားလည်ပေးပါတယ်။ အနုပညာရှင်တစ်ယောက်လည်း ဖြစ်တဲ့အတွက် ပိုပြီးနားလည်ပါတယ်။ ပါရမီဖြည့်ဘက် တစ်ယောက်အနေနဲ့ အစစအရာရာနားလည်မှု ပေးပြီးတော့ ဆိုးတူကောင်းဖက် ဖြတ်သန်း သွား မှာပါလို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ-aroma


LEAVE A REPLY

Please enter your comment!
Please enter your name here