ငွေရေးကြေးရေး ဆိုတာထက် ကိုယ်ဖန်တီးထားတဲ့ အမှတ် တံဆိပ်တစ်ခုကို ဈေး သက်သက်သာသာနဲ့ ရောင်းချင်တယ် ဖြိုးလေး (Snare)

0
303

Phyo-Layဟစ်ဟော့ပ်ဖက်ရှင်နဲ့ ပတ်သက်လို့ အမြဲတမ်း ဆန်းသစ်စွာ ဝတ်ဆင် တတ်သလို ကိုယ်ပိုင် အမှတ်တံဆိပ်တွေနဲ့ Genius Clothing ဖက်ရှင်ဆိုင်တွေ ဖွင့်လှစ်ထားသူက ဖြိုးလေး (Snare) ပါ။ အခုလည်း ဖြိုးလေးက Genius ရဲ့ကနဦးလို့ ပြောနိုင်တဲ့ ကျောက်မြောင်းက ဆိုင်ဟောင်းကို အဝတ်အစား ထားတဲ့ ဂိုဒေါင် လုပ်လိုက်ပြီး သူ့ရဲ့ဘေးကပ်လျက်မှာပဲ ဆိုင်သစ် ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ဆိုင်ဖွင့်ပွဲကို လာရောက် အားပေးကြတဲ့ ပရိသတ်တွေ၊ ဆွေမျိုးမိတ်ဆွေတွေ၊ သူငယ် ချင်းတွေ အားလုံးကို ဖြိုးလေးက သူ့ရဲ့ လူမှုကွန်ရက် စာမျက် နှာ မှာ ကျေးဇူးတင်ကြောင်း ရေးသားထားသလို ထူးခြားတာက “ကျွန်တော့်ဘေးမှာ တစ်ချိန်လုံး ရှိနေပေးတဲ့ ချစ်သူလေး ကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်” လို့ရေးသားထားတဲ့ Status လေးပါပဲ။

Genius Clothing အနေနဲ့ ဖြိုးလေးက သူ့ရဲ့ ဝန်ထမ်းတွေကို နှစ်စဉ် ခရီးတွေ လိုက်ပို့ပေးတာတွေလည်း ရှိပါတယ်။ Genius အနေ နဲ့ ကျောက်မြောင်း၊ လှည်းတန်းစင်တာ၊ မြောက်ဥက္ကလာ စိန်ဂေဟာ နဲ့ မန္တလေးမြို့တို့မှာ ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။ အားပေးတဲ့ ပရိသတ်တွေ ကိုလည်း ဖြိုးလေးက…

“ဂရုတော့ စိုက်ရတာပေါ့။ ဈေးများမှာတွေ ဖြစ်မှာစိုးတဲ့ အတွက် ဈေးနှုန်းတွေကို Adjust  လုပ်ရတယ်။ အဓိကကတော့ ဖြစ်နိုင်မယ့်ဈေးနဲ့ သင့်တင့်မယ့်ဈေး နဲ့ရောင်းပါတယ်။ အဝတ် အစား ဆိုတာကလည်း Order လုပ်ရင်အများကြီး လုပ်ရ တာကိုး။ တစ်ထည်၊ နှစ် ထည် ရောင်း ရရုံနဲ့ အရင်းမရနိုင်ဘူးလေ။ အဲဒီတော့ ကျွန်တော်တို့မှာ စရိတ်လေးတွေ ရှိတာလေးတွေနဲ့ တင်ရတာပေါ့လေ။ ကျွန်တော် တို့ လူငယ်တွေ ဝယ်ဝတ်နိုင် မယ့်ဈေးနှုန်းလေးတွေကို ချိန်ပြီးတော့ လုပ်ရတာပေါ့။ တချို့ Brand  တွေဆိုလို့ရှိရင် ကျွန်တော် က လုပ်ချင်တာ။ ငွေရေး ကြေးရေး ဆိုတာထက်ကို ကိုယ်ဖန်တီးထားတဲ့ အမှတ်တံဆိပ် တစ်ခုကို ဈေးသက်သက်သာသာ နဲ့ကိုရောင်းချင် တယ်။ တချို့ဟာတွေ ဆိုလို့ ရှိရင် ကျွန်တော်တို့ ငွေရေးကြေး ရေးအမြတ် အများကြီး မယူဘဲနဲ့ အဆင်ပြေမယ့် ဈေးနှုန်း နဲ့ပဲရောင်းပါ တယ်” လို့ ဆို ပါတယ်။

အနုပညာအနေ နဲ့ကတော့ သူတိှု့ညမေန အဖွဲ့ရဲ့ တတိယတစ် ကိုယ်တော် အခွေ “ပူးတွဲချန်ပီယံ” ကို သိပ်မကြာခင် အချိန်အတွင်း မှာ ထွက်ရှိလာတော့ မှာပါလို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here