အချိန်ပေးနိုင်တဲ့အခါ ရင်သွေးထပ်ယူဦးမယ် မယ်လိုဒီ

0
230

Melody-11သားလေး သိဒ္ဓိစစ်ရဲ့ မိခင် ဖြစ်တဲ့ အကယ်ဒမီ မယ်လိုဒီက နောက် ထပ် ရင်သွေးယူဖို့ အစီအစဉ် ရှိပေမယ့် အချိန်မပေးနိုင်မှာ စိုးတဲ့ အတွက် လောလောဆယ်တော့ ကလေးထပ် မယူဖြစ်သေးဘူး လို့ဆိုပါတယ်။

“ရင်သွေးလေး ထပ်ယူဖို့လည်း အစီ အစဉ်ရှိပါတယ်။ ဒါပေမဲ့ လောလောဆယ် တော့ မယူဖြစ်သေးပါဘူး။ မျိုး ရိုက်စရာ ရှိတာတွေလည်း ရိုက်ဦးမယ်။ အဓိကတော့ ဟန်ချက်ညီ ချင်တာပေါ့။ သားဆိုရင် မျိုး ကောင်းကောင်း လုပ်နိုင်တယ်။ နိုင်နိုင် နင်းနင်း လုပ်နိုင် တယ် ပြောလို့ ရတယ်။ အချိန်ပေးတာရောပေါ့။ နောက်တစ် ယောက်မွေးလို့ ရှိရင်လည်း အဲဒီလို အချိန် ပေးနိုင်တာမျိုး ပဲဖြစ်ချင်တယ်။ လစ်ဟင်း သွားမှာစိုးတယ်။ အဲဒီလို အဆင်ပြေမှပဲ ကလေးထပ်ယူဖြစ်မှာ ပါ” လို့ပြောပါတယ်။

အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦး အနေနဲ့ မိသားစု အတွက်ကိုလည်း ပုံ မှန်အချိန် ပေးနေပြီး ရှုတင်ရှိတဲ့ရက် တွေမှာ အနုပညာ အလုပ်တွေ လုပ်ဖြစ် သလို ရှုတင် မရှိတဲ့အခါမှာလည်း သား လေးနဲ့ မိသားစုအတွက်ပဲ အချိန်ပေးဖြစ် တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျန်းမာ ပြီးလှပနေဖို့လည်း လိုအပ်တဲ့ အတွက် တစ် နေ့ကို ၂နာရီလောက် အချိန်ယူပြီး  gym ကစားဖြစ်တယ် လို့ သိရပါတယ်။

“အခုတော့မျိုး ပုံမှန်ကစားတယ်။ စား တာတော့ စားတယ်။ ဒါပေမဲ့ လိုအပ် သလောက်ပဲ စားတယ်။ ကျန်းမာရေး နဲ့ ညီညွတ်အောင် စားပါတယ်။ မစားဘဲနဲ့တော့ diet မလုပ်ပါဘူး။ အဓိကတော့ အိမ်ထောင် ကျတာ မကျတာ နဲ့မဆိုင်ပါဘူး။ မျိုးကလည်း ဒီအသက်ဒီ အရွယ်မှ သိတာပေါ့။ ကျန်းမာပြီး လှပနေဖို့ပဲ လိုပါတယ်။ ကျန်းမာမှ လည်း စိတ်ချမ်းသာမှာ။ မိန်းကလေး တိုင်းကလည်း အလှအပကို မက်မောကြတယ်။ လှနေမှ လည်း စိတ်ချမ်းသာမှာ။ အဲဒါကြောင့် ကျန်း မာပြီး လှပအောင် အစားအသောက် အနေ အထိုင်လေး ဆင်ခြင်ပြီးတော့ ပုံမှန်ကစား တာကိုပဲ မျိုးက အားပေးတယ်။ ပိုသဘော ကျတယ်။ အခုမျိုးက  စားလည်း စားတယ်။ ကစားလည်း ကစားတယ်။ အဲဒီ  lifestyle  ကို တော်တော် သဘောကျနေတယ်” လို့ ခန္ဓာကိုယ် လှပဖို့အတွက် ထိန်းသိမ်း ဖြစ်ပုံ အကြောင်းကို ပြောပြပါတယ်။

မယ်လိုဒီက “သောင်းထိုက်က ကြား စေသား” နဲ့ “မာယာများတဲ့အချစ်” ရုပ်ရှင် ဇာတ်ကားကြီးတွေ ရိုက်ကူးထားသလို မဂ္ဂဇင်း ကာဗာတွေ နဲ့ ကြော်ငြာတွေ ရိုက်ကူးဖြစ်ပြီး စက်တင်ဘာလ မှာတော့ အောင်ခေတ်မင်း ရုပ်ရှင် ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ လက်ခံ ထားတယ်လို့ သိရပါတယ်။

“ပရိသတ်တွေကို ကျေးဇူး အများ ကြီးတင်ပါတယ်။ သူတို့က တစ်ခါတ လေကျရင် မျိုးရဲ့ပြောမှား ဆိုမှားတွေ ကိုလည်း ခွင့်လွှတ်တယ်။ အထူးသဖြင့် သားသား ကိုချစ်ပြီး မျိုးကို ပိုချစ် သွားကြတယ်။ အဲဒီအတွက် ကျေးဇူး အများကြီး တင်ပါတယ်။ အများကြီး လည်း ဆက်ချစ်သွားကြပါဦး” လို့ ပြောပါ တယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here