စီးပွားရေးလုပ်ဖို့ အစီအစဉ်ရှိပေမယ့် ငယ်သေးတာကြောင့် မလုပ်ဖြစ်သေးတဲ့ ဝါဆိုမိုးဦး

0
227

Warso-Moe-Ooဇူလိုင်လ ၁၆ ရက်နေ့က အဆိုတော်ဖြိုးလေးရဲ့ Genius  ဖက်ရှင် ဆိုင်သစ်ကို ကျောက်မြောင်းဈေး အနီးမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုတော် ဖြိုးလေးရဲ့ ဆိုင်ဖွင့်ပွဲကို သရုပ် ဆောင် ဝါဆိုမိုးဦးလည်း တက်ရောက် အားပေးခဲ့ပါတယ်။ ဆိုင်ခွဲသစ်တွေ ထပ်မံ ဖွင့်လှစ်နိုင် ခဲ့တဲ့ ဖြိုးလေးအပေါ် ဝါဆိုမိုးဦးက…

“ကိုဖြိုးလေးက တအားကြိုးစားတဲ့ သူတစ်ယောက်ပါ။ အခုလို ဆိုင်ခွဲတွေ အများကြီး ဖွင့်နိုင်ပြီး အောင်မြင်တဲ့ အတွက်လည်း ဝမ်းသာ ပါတယ်။ ဒီထက်မက ဆိုင်တွေ ဖွင့်နိုင်ပြီး ပရိသတ် ကြိုက်တဲ့ ဖက်ရှင်ဒီဇိုင်း တွေကို ထပ်မံ ထုတ်လုပ်ပြီး မြန်မာပြည်မှာ သာမက ပြည်ပ ထိပါ ဖြန့်နိုင်တဲ့ Brand တွေ ဖြစ်ပါစေလို့ ဆု တောင်းပေးပါတယ်” လို့  ဝါဆိုမိုးဦး က ပြောပါတယ်။

ဝါဆိုမိုးဦးက သူကိုယ်တိုင်လည်း စီးပွားရေး အနေနဲ့ တစ်ခုခု လုပ်ဖို့ ရှိပြီး လောလောဆယ်မှာတော့ အသက်လည်း ငယ်သေးတဲ့ အတွက် မလုပ်ချင်သေး ဘူးလို့  ပြောပါတယ်။

“ဝါဆိုမှာ အစီအစဉ်တော့ ရှိတယ်။ ဒါပေ မဲ့ ၂၅နှစ်လောက်မှ လုပ်ဖြစ်မယ် ထင်တယ်။ ဝါဆို က ခု ၂၃ နှစ်ဆိုတော့ နောက်မှ လုပ်ဖြစ်မယ်။ အဲဒီ ကျမှ စီးပွားရေး တစ်ခုခုကို စမ်းလုပ်ကြည့်ဖို့ တွေးထားတယ်။ လောလောဆယ်မှာ တော့ ကိုယ်စိတ် ဝင်စားတာတွေ က အရမ်း များနေတော့  ဘာကိုလုပ် ဖြစ်မယ်တော့ မပြောတတ်ဘူး။ ဒါပေမဲ့ လုပ်တဲ့ အခါမှာလည်း စီးပွားရေး ဆန်ဆန်ကြီး မလုပ်ချင်ပါဘူး။ ဝါသနာ လည်းပါ၊ သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် စုပြီး လုပ်ဖြစ်မှာ ပါ” လို့ဝါဆိုမိုးဦးက ပြော ပါတယ်။

ဝါဆိုမိုးဦးက လတ်တလောမှာ တော့ “မိုက်လား..ပြောကြည့်” ဆိုတဲ့ စီး ရီးကိုလည်း ထွက်ရှိ ထားသူဖြစ်ပြီး နောက် ပိုင်းမှာတော့ ရုပ်ရှင်ရိုက် ကူးမှုဘက်ကို ပြန်လှည့် ဦးမယ်လို့ ပြောပါတယ်။

“အခု နောက်ပိုင်း မှာက ဂီတ ဘက်မှာ ပိုများတယ်။ ပြီး တော့ ကြော် ငြာတွေ ရိုက် ဖြစ်တယ်။အ ခုတော့ ဝါဆို ရုပ်ရှင်ဇာတ် ကားကြီး တစ် ကားကို ကိုယ် တိုင်ထုတ် လုပ်ပြီး ရိုက် ကူးဖို့ စီစဉ်ထား တယ်။ ဒါပေမဲ့ သေချာတော့ အချိန်ယူ ပြင်ဆင်ရ မယ်။ ဝါဆိုက ဘာပဲလုပ်လုပ် အစီအစဉ် သေချာ ချပြီးမှ လုပ်တယ်။ အဲဒီအတွက် ဇာတ်ကိုလည်း ဝါဆို သေချာရွေးပါမယ်” လို့  ဝါဆိုမိုးဦး က
ပြောပြခဲ့ပါတယ်။

ရဲရဲ
ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here