မွေးနေ့မှာ အမေရိကကို ရောက်နေမယ့် နေတိုး

0
136

Nay-Toeနေတိုးပါဝင် သရုပ်ဆောင်ထားတဲ့ “ကြောက်ကြောက်ကြောက်” ရုပ်ရှင် ဇာတ်ကားကို သြဂုတ်လမှာ ရုံတင်ပြသ သွားတော့ မှာ ဖြစ်ပါတယ်။ ဒီဇာတ် ကားမှာ နေတိုးက ကိုယ်တိုင်လည်း ပါဝင် သရုပ်ဆောင်ထားသလို ပထမဦးဆုံး အနေနဲ့ Director of Photography အနေနဲ့လည်း ပါဝင်ဆောင်ရွက်ခဲ့ ပါတယ်။ ဒီဇာတ်ကား ကတော့ အမှတ်တရတွေ အများကြီးပါပဲလို့ ဆိုတဲ့ နေတိုးက

“ဒီဇာတ်ကားက ဇာတ်ကားဖြစ်မလာခင် ကတည်းက စိတ်ကူးတွေနဲ့ ရိုက်ခဲ့ရတာပေါ့။ သရုပ်ဆောင် အတွဲလေးတွေလည်း ပါတယ်။ သရုပ်ဆောင် အသစ်တွေလည်း ထည့်ရိုက်မယ် ဆိုတော့ ဇာတ်လမ်း တည်ဆောက်တဲ့ အချိန် ကစပြီး ရိုက်ကူးတဲ့ အချိန်အထိ အမှတ်တရတွေ များခဲ့ပါတယ်။ ဇာတ်ကားရိုက် ကူးတာထက် Post Production ပိုင်းမှာလည်း အများကြီး ကြာခဲ့တဲ့ ဇာတ်ကား လို့ ပြောလို့ရပါတယ်။ ဒီဇာတ်ကား ကို ပြန်ကြည့်တာ ၁၂ ခေါက်၊ ၁၃ခေါက်လောက် ရှိပြီ။ ဘဝမှာ ကိုယ့်ဇာတ်ကားကိုယ် ပြန်ကြည့်တာ အကြိမ် အများဆုံး ဇာတ်ကားဖြစ်ပါတယ်။ ကိုယ့်ဇာတ်ကားကိုယ် အလွန်ဆုံး ကြည့်ရင် ၂ ခေါက် ၃ခေါက်ပေါ့။ အများဆုံး ကြည့်ရင် ၃ခေါက်ပေါ့။ ဒါပေမဲ့ ဒီဇာတ် ကားကကျတော့ ၁၂ခေါက်လောက် ပြန်ကြည့်ရတယ်။ ပြန်ကြည့်တယ် ဆို တာက ဇာတ်ကိုသိချင် လို့ မဟုတ်ဘူး။ ကျွန်တော်တို့ လုပ်ထားတဲ့ အချိန်မှာ photography  နဲ့ ပတ်သက်လို့ ကဒ်တွေ ကူးသွားတာတွေ၊ နေ့နဲ့ ညနဲ့ပြောင်း သွားတာတို့၊ တစ်ယောက်နဲ့ တစ်ယောက် တစ်ချိန်တည်းမှာ ဖြစ်နေတဲ့ အဖြစ်အပျက်ကို ရိုက်ရတဲ့ အခါကျတော့ ရိုက်ရတာ နည်း နည်း ခေါင်းစားတယ်။ ဒီလို ခေါင်းစားလို့လည်း ကျွန်တော့်ကို ခိုင်းတယ်နဲ့ တူပါတယ်။ ကျွန်တော့် ဘက်ကလည်း လုပ်ပေးနိုင်တဲ့ အင်အားရှိလို့ လုပ်ပေးဖြစ်တာပေါ့။ ကျွန်တော် က ၃ဝ ရာခိုင်နှုန်းလောက်ပဲ ဒီဇာတ်ကားမှာ ပါဝင်ရတယ်။ ဇာတ်ကိုတော့ ပြန်ပြီး Lead လုပ်ရတာပေါ့။ ကိုယ်တိုင်လည်း သရုပ်ဆောင် ရတော့ ပင်တော့ ပင်ပန်းတာပေါ့။ ရိုက်ကူးရတဲ့ အချိန်မှာလည်း အမှတ်တရတွေ အများ ကြီး ရှိ ခဲ့တယ်။ သင်္ချိုင်း ၃ခုလောက် သွားရိုက်ရတယ်။ ပရောဂဆရာနဲ့ တွေ့တာလည်း တကယ့် သင်္ချိုင်းဇရပ်ပဲ။ သင်္ချိုင်း အစစ်တောင်မှ သင်္ချိုင်း အလယ်ခေါင်တည့် တည့်မှာ ရိုက်ရတော့ သူတို့ကိုလည်း တောင်းပန်ပြီး ရိုက်ခဲ့ရတယ်။ ဘာ အနှောက်အယှက် မှမပေးကြပါဘူး။ သူတို့ကလည်း သူတို့ဘာသာ နေနေကြတာ ဆိုတော့ အကုန်လုံး အဆင်ပြေခဲ့ပါတယ်။ ပင်ပန်းတာတော့ ရှိတာပေါ့။ ဇာတ် သိမ်းရိုက်တဲ့ အခါမှာတော့ မိုးလင်းသွားခဲ့တယ်” လို့ ပြောပါတယ်။ နေတိုးက ဒီနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ ကျ ရောက်မယ့် သူရဲ့မွေးနေ့ မှာတော့ နှင်းဆီ အဖွဲ့သားတွေနဲ့ အတူ အငြိမ့်ကဖို့အတွက် အမေရိကန် နိုင်ငံကို ရောက်ရှိနေမှာ ဖြစ် တယ်လို့ သိရပါတယ်။ စက်တင် ဘာလ ပထမပတ်ထဲမှာ အမေရိကန် နိုင်ငံကို သွားရောက် မှာဖြစ်ပြီး တစ်လ ကြာမြင့်မှာ ဖြစ်တယ်လို့ နေတိုး ကပြောပါ တယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here