ဒွေး ကွယ်လွန်ခြင်း ၁ဝနှစ်ပြည့် အမှတ်တရ ပွဲမှ ရရှိငွေများကို ပြန်လည် လှူဒါန်းမည်

0
299

IMG_3842အကယ်ဒမီ ဒွေးကွယ်လွန်ခြင်း ၁ဝနှစ်ပြည့်လွမ်းဆွတ် တမ်းတ သတိ ရသော အထိမ်းအမှတ် အဖြစ် ဒွေးကို ယနေ့ထိ တိုင် ဒွေးကို မမေ့နိုင်သော ဒွေး ပရိသတ်များနှင့် ဒွေးချစ်သူများ ဆုံစည်းပွဲ အခမ်းအနားကို  Vitacap  အဆင့်မြင့် အားဆေးရဲ့ ပံ့ပိုးကူညီမှု နဲ့အတူ ဇူလိုင်လ ၂၁ရက်နေ့ ညနေ ၄ နာရီက လှည်းတန်း စင်တာမှာ ပြု လုပ်ခဲ့ပါတယ်။

ဒီပွဲမှာဒွေးရဲ့ ဇနီး ဖြစ်သူမိုးမိုး၊ ဒါရိုက်တာ ညိုမင်းလွင်၊ လျှပ်တစ်ပြက်ဂျာနယ်မှ ဦးမြတ်ခိုင်၊ သားညီ၊Mega Lifesciences Pty, Ltd မှ Business Director  မှ ဒေါက်တာ သင်းနိုင်ဦး နဲ့ဒါရိုက်တာ ဦးအောင်ကိုလတ် စတဲ့ ပုဂ္ဂိုလ်များမှ ဒွေးနဲ့ပတ်သက်တဲ့ အမှတ်တရ စကားများ ပြောကြားခဲ့ပါတယ်။

ဖျော်ဖြေရေး အစီအစဉ်များ အဖြစ် တေးသံရှင် ကော်နီ၊ မျိုးကျော့မြိုင်၊ ဇွဲနိုင်ဝင်းတို့က တေးသီချင်းများနဲ့ ဖျော်ဖြေ တင်ဆက်ပေးခဲ့ ကြပါတယ်။

“ကိုသားကြီးကို ချစ်တဲ့ ပရိသတ် တွေကို တကယ်ကို တွေ့ရတယ်။ အနယ်နယ် အရပ်ရပ်ကနေ ရောက် လာတဲ့ ပရိသတ်တွေ အကုန်လုံး ကို ကျေးဇူးတင်ပါတယ်။ ကျွန်မ တစ် ယောက်တည်း ဒီပွဲလေးလုပ်ဖို့ စိတ်  ထဲမှာပြင်နေတုန်းမှာပဲ Vitacap က ကျော်ဇေယျက ဖုန်းဆက် လာပါ တယ်။ မမိုးရေ ဒီလိုလေး လုပ်ချင် တယ်လို့ ပြောတဲ့အချိန်မှာ ကျွန်မ တအား ဝမ်းသာသွားပါတယ်။  ကျွန်မ တစ်ယောက်တည်း အားနဲ့ဆို ဒီပွဲ လေး ဒီလိုမျိုး အောင်အောင်မြင် မြင်ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်မ ရဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်သွားပြီ။ ပရိသတ်ကို ကျွန်မ ပြောချင်တာက ဒီ၁ဝနှစ်တာကာလ အတွင်းမှာ ဒီပစ္စည်းတွေကို ကျွန်မ မသိမ်းဆည်းချင်တော့လို့ တန်ဖိုး မထား တော့ လို့ မဟုတ်ပါဘူး။ ကျွန်မ နဲ့အတူ ကိုသားကြီးကို ချစ်တဲ့ ပရိသတ်၊ တန်ဖိုးထားတဲ့ ပရိသတ် လက်ထဲကို ကျွန်မနဲ့ အတူ ညီတူမျှတူ ချစ်လို့ ရအောင်လို့ ထည့်ပေးချင်တဲ့ သဘောနဲ့ စီစဉ်တာပါ” လို့ ပြော ပါတယ်။ ဒီပွဲမှာ ဒွေးကိုယ်တိုင် ရေး ဆွဲခဲ့တဲ့ ပန်းချီကား ၁၁ ကားနဲ့အဝတ် အထည် အသုံးအဆောင်များကို လေလံတင် ရောင်းချခဲ့ရာ ဒွေးကို ယနေ့တိုင် မမေ့နိုင်ကြတဲ့ ပရိသတ် များမှ အမြတ်တနိုးဝယ် ယူခဲ့ကြပါ တယ်။ ရောင်းချရငွေ များကို ဒွေးရဲ့ ဇနီးဖြစ်သူ မိုးမိုးမှ မြောက်ဥက္ကလာပ မြို့နယ်ရှိ ဝေဘာဂီကျောင်းမှာ ရေ တွင်းရေကန်ပြုပြင်ဖို့ လှူဒါန်းသွား မှာဖြစ်တယ်လို့ သိရပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here