ပရိသတ်နဲ့အတူ ရင်ဘတ်ချင်း ထပ်တူကျမယ်လို့ အကြွ င်းမဲ့ ယုံ ကြ ည်ေ န တဲ့ G.Fatt

0
221

G-Fatt

ဟစ်ဟော့ပ်အဆိုတော်  မှာ လတ်တလော Hot ဖြစ်နေတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။ အဲဒီ အကြောင်းအရာကတော့ သူ့အချစ် ရေးပါပဲ။ လူမှုကွန်ရက် စာမျက်နှာ တွေထက်မှာ G.Fatt တစ်ယောက် ဘယ်သူနဲ့တွဲနေပြီဆိုတဲ့ စကားသံ တွေနဲ့အတူ ပရိသတ် တွေကတော့ ကြည့်ရှုအကဲခတ်နေပါလေရဲ့။ အနု ပညာလှုပ်ရှားမှု တွေအနေနဲ့ကတော့ လတ်တလော ပူပူနွေးနွေးအနေနဲ့ G.Fatt ရဲ့ ဒုတိယအကြိမ်မြောက် သရုပ်ဆောင် ထားတဲ့ Short Film  တစ်ခုကို အွန်လိုင်းမှာ ဖြန့်ထား တာတွေ့ရပြီး ကြည့်ရှုအားပေးသူ များပြားနေတာလည်း တွေ့နေရ ပါတယ်။

“ကျွန်တော်နဲ့ အကယ်ဒမီ ဦးဇင်ဝိုင်းနဲ့ပေါ့။ ကျွန်တော်က စာရေးဆရာ ကာရိုက်တာနဲ့။ ဘာပဲ ပြောပြော ဇာတ်လမ်းလေးက  တစ်ခု၊  တစ်ခုကို ပေး ထားတာဖြစ်တဲ့ အတွက် အားရ ကျေနပ်မှု ရှိပါ တယ်”လို့ သူက ဆိုပါတယ်။

G.Fatt ရဲ့ မိုးတွင်းကာလ ဖြတ်သန်း မှု…

“မိုးတွင်းကာလကတော့ ဒုတိယ အခွေအတွက်ပဲ လုံးပန်းဖြစ်နေတာပဲ။ သီချင်းရေးတယ်။ သွားသွင်းတယ်။ ဂျူတီဒိတ်တွေ အပြည့်ယူထား လိုက် တယ်။ စတူဒီယိုထဲမှာပဲမျောဖြစ် တယ်။ တီးလုံးတွေတီးတယ်။ သီချင်း တွေနားထောင်တယ်။ ဒီမိုးတွင်းတစ် တွင်းလုံးကတော့ တခြားလုပ်စရာ ရှိတဲ့  လေးတွေလည်းလုပ် တာပေါ့နော်”လို့ သိရပါတယ်။

ဒုတိယအခွေ အကြောင်းပရိသတ် တွေအပေါ် ပြောချင်တဲ့စကား…

“Over Confidence တော့မ ဟုတ်ပါဘူးဗျာ။ ကျွန်တော်အခု ဒုတိယအခွေထဲမှာ ကျွန်တော့်ကိုယ် ကျွန်တော်တောင် ပြန်နားထောင်ပြီး နေ့တိုင်းနားထောင်လို့ မဝတဲ့ အပုဒ် တွေပါတယ်။ ကျွန်တော် စိတ်ချ တယ်။ ကျွန်တော်က ကျွန်တော်ကိုယ် တိုင် အရမ်းကြိုက်မှ ကျွန်တော့် ပရိသတ်ကို ချပြပေးမှာ ဖြစ်တယ်။ ကျွန်တော့် ပရိသတ်နဲ့အတူ ရင် ဘတ်ချင်း ထပ်တူကျ မယ်လို့ ကျွန်တော် အကြွင်းမဲ့ယုံပါတယ်”လို့ G.Fatt ကပြောပြ ခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here