ဂီတလောကကို ဝင်မယ်ဆိုရင် ကိုယ့်ရဲ့ ဝါသနာ အတိမ်အနက်ကို သိဖို့လိုတယ် တေးရေးဆရာ ရွှေဂျော်ဂျော်

0
376

Shwe-Jaw-Jawမြန်မာနိုင်ငံ ဂီတလောက တိုး တက်ပြောင်းလဲလာမှု နဲ့အတူ နိုင်ငံ တကာ ဂီတလောက နဲ့ရင်ပေါင်တန်း နေပြီ ဖြစ်ပါတယ်။ ဝါရင့် တေးရေး ဆရာ တစ်ဦးဖြစ်တဲ့ ဦးရွှေဂျော်ဂျော် က တိုးတက်ပြောင်းလဲလာတဲ့ မြန်မာ နိုင်ငံ ဂီတလောက နဲ့ပတ်သက်ပြီး ခုလိုပြောပြ ခဲ့ပါတယ်။

“မြန်မာနိုင်ငံ ဂီတလောက လက်ရှိ အနေအထား ကတော့ နိုင်ငံ တကာ ဂီတလောကမှာ ခေတ်စားနေ တဲ့သီချင်း ပုံစံတွေနဲ့ ပြည်တွင်း က  ပရိသတ် တောင်းဆိုနေ တဲ့သီချင်း ပုံစံ နှစ်ခုပေါင်းစပ်ပြီးတော့ဖြစ်ပျက် နေပါတယ် ။နိုင်ငံတကာ ဂီလောကရဲ့ ခေတ်စားနေတဲ့ သီချင်းပုံစံတွေရဲ့ သြဇာတွေလည်း ပါတာပေါ့။ အဲ့ဒီလို နှစ်ခုပေါင်းစပ်ပြီး ဖြစ်ပျက်နေတာ က ခုခေတ်မှ မဟုတ်ပါဘူး။ ခေတ် တိုင်းမှာ ရှိခဲ့ပါတယ်” လို့ ပြောခဲ့ပါ တယ်။ ဦရွှေဂျော်ဂျော် ကတော့ အခု နှစ်အတွင်းမှာ သူကိုယ်တိုင်ဦးဆောင် ပြီး တက်သစ်စ အဆိုရှင်လေးများ ကိုစင်တင်ကာ ဒသြငဖနွောနဒ တေးစီးရီးတစ်ခွေလုပ်ခဲ့ပါတယ်။ နောက်ထပ် မျိုးဆက်သစ်တွေစင် တင်ဖို့ရှိသေးလားလို့မေးမြန်းခဲ့ရာ

“ဦးရွှေ အနေနဲ့ကတော့ အတတ် နိုင်ဆုံး လူငယ်တွေကို ဂီတကို ဝါသ နာပါပြီး အရည်အချင်း လည်း ရှိ တယ်ဆိုရင်တော့ လမ်းညွှန် တာတို့ လက်တွဲ လုပ်တာတို့ လုပ်ပေးပါတယ်။ အဓိကတော့ ဝါသနာပါတယ် ဆိုတာ အမျိုးမျိုးရှိတယ်။ ကိုယ်ဟာ ကိုယ် ဖျော်ဖြေ ပြီး ကျေနပ်နေတဲ့ ဝါသနာ မျိုးရှိတယ်။ နောက်တစ်ခုက လူထု အများကြီး ရှေ့မှာထွက်ပြီး ဖျော်ဖြေ ချင်တဲ့ ဝါသနာမျိုး ရှိတယ်။ တစ် ယောက်နဲ့ တစ်ယောက်က အနုပညာ ချင်း မတူကြဘူး။ တချို့က ဂီတလော ကကို ကိုယ်စားပြုပြီး ထိထိရောက် ရောက် ဆောင်ရွက် လိုတာရှိတယ်။ ဂီတလောကကို ဝင်တော့မယ်ဆိုရင် ကိုယ့်ရဲ့ဝါသနာ အတိမ်အနက်ကိုသိ ပြီးတော့ လုပ်ဖို့လိုပါတယ်”လို့ပြောခဲ့ ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here