စက်တင်ဘာ လတွင် ရုပ်ရှင်အစည်း အရုံး အမှုဆောင်သစ် ရွေးချယ်မည်

0
111

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ အမှုဆောင် သစ်များအား စက်တင်ဘာလဆန်း ပိုင်းလောက် တွင် အသစ်ပြန် လည် ရွေးချယ် သွားမည်ဖြစ် ကြောင်း သိရသည်။  အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးအေးကြူလေး အားမေးမြန်း ဖြစ်ရာ “ရုပ်ရှင်အစည်းအရုံး အမှုဆောင်သက် တမ်းက ၃နှစ်လေ။ ၃နှစ် ဆိုတော့ ဖေဖော်ဝါရီလ ဆို ပြည့် ပြီ။ ဒါပေမဲ့ ဖေဖော်ဝါရီလဆိုရင် အကယ် ဒမီပေးပွဲတွေနဲ့က တိုက်နေတာပေါ့။ တိုက်နေတဲ့ အခါကျတော့ ကိုလူမင်းတို့က ရှေ့ကို နည်းနည်း လေးစောပြီး လုပ်လိုက် လို့ရှိရင် နောက်တက်လာ တဲ့လူကလည်း အဆင်ပြေသွားမယ်။ အဲဒါကြောင့် ရှေ့ကိုစော လုပ်လိုက်တာ။ ၈လပိုင်းအကုန်၊ စက်တင်ဘာလဆန်းလောက် လွှဲပြောင်းပေးမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အောက်တိုဘာလ ၁၃ ရက်က တစ်ခါ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကရှိပြန် ရော။ ကထိန်တို့၊ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲတို့၊ အကယ်ဒမီတို့က ဆက် တိုက်ဖြစ်နေတော့လေ။

ကျွန်တော်တို့ရုပ်ရှင် အစည်းအရုံး အမှုဆောင် အနေနဲ့ကတော့ နာယကတွေရော၊ ကျန်တဲ့အဖွဲ့ဝင် တွေရော ၊ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့ ပေးလိုက် တယ်။ နဂိုကတည်းကလည်း ရွေးကောက်ပွဲကော် မရှင်မှာ စည်းကမ်းချက်တွေ ရှိတယ်။ စည်းမျဉ်း တွေရှိတယ်။ အဲဒီ စည်းမျဉ်းမှာ လိုတာဖြည့်၊ ပိုတာ နုတ်ပြီးတော့ အဲဒီဟာတွေကို ဆက်လက်ကျင့်သုံး ပြီးတော့ရွေးကောက်ပွဲ ဝင်ရမှာပေါ့”ဟု သိရသည်။

အဆိုပါ အမှုဆောင်သစ်ရွေး ကောက်ပွဲ အတွက်ကိုလည်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဝင် ကတ်ပြား ကိုင်ဆောင်ထားသူများ အနေဖြင့် ခုနှစ်၊သက္ကရာဇ်ကျော်လွန် နေပါက နှစ်စဉ်ကြေးများ ပေးသွင်းပြီး ကတ်ပြားအသစ်များ လာရောက်လဲ လှယ်ကြပါရန်လည်း တိုက်တွန်းထားသည်။ “ပြီးခဲ့ တဲ့ လပိုင်းတွေက ကျောင်းအပ် ကာလမှာ ကျွန် တော်တို့ ရုပ်ရှင် အစည်းအရုံးဝင် သားသမီးတွေ အခက်အခဲဖြစ်နေကြတဲ့ အတွက် ပညာသင်စရိတ် ထောက်ပံ့ကြေးပေးတယ်။ နောက်ပြီး ရုပ်ရှင် အစည်းအရုံးဝင် သားသမီးတွေ ဆယ်တန်းမှာ ဂုဏ်ထူးပါတဲ့ သူတွေကို ပညာရည်ချွန် ဆုပေးပွဲရှိ တယ်။ ဒါပေမဲ့ တချို့တွေက ဒီဟာတွေလုပ် တယ်ဆိုပေမယ့်လည်း လုပ်တယ်လို့ မထင်ဘူး။ ရုပ်ရှင်လောကကြီး တိုးတက်အောင် ဘယ်လို လုပ်ပါပေါ့။ အဲဒါကလည်း တစ်ပိုင်းပေါ့။ ဒီဘက်က လုပ်ရမယ့် ကိစ္စကလည်း အများကြီး ရှိတယ်။ ကျွန်တော်တို့ လက်ထက်မှာလည်း ကျွန်တော်တို့ လုပ်နိုင်သမျှကို ဆက်လုပ်တယ်။ နောက်လူတွေက လည်း ဆက်လုပ်ရမှာပေါ့။ ဥပမာ-လှည်းကူးမှာ ရှိတဲ့ ဧက၂ဝဝကိုပေးတော့မယ်။  အဲဒီကနေ ဆက်ပြီး အကောင် အထည် ဖော် ရမှာ။ နောက်တစ်ခါ မေမြို့မှာ ဧက၂ဝ ရှိတယ်။ ဧက ၂ဝက အခုဆို အဆောက်အအုံ လေး တစ်ခုဆောက်နေတယ်။ ဒီအဆောက် အအုံ တွေဆိုတာလည်း ရှေ့ကလူကြီးတွေ ပျိုးခဲ့တာ။ အဲဒါ ကြောင့် ကျွန်တော် အင်တာဗျူးတိုင်း အမြဲတမ်းပြော တယ်။ ရွေးကောက်ပွဲ လုပ်တော့မယ်။ လူငယ်တွေ ဝင်ရွေး။ ကျရာနေရာ ကနေလုပ်ပါ။ ဘယ်နေရာပဲ ဖြစ်ဖြစ်ပေါ့” ဟု ဦးအေးကြူလေးက ပြောပြခဲ့သည်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here